သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားလက္က ျပန္လြတ္လာတဲ့ Kherson ၿမိဳ႕ တပ္ဖြဲ႔ဝင္ေတြကို ယူကရိန္းသမၼတ ေတြ႔ဆုံ


႐ုရွားလက္ထဲက ျပန္လြတ္ေျမာက္လာတဲ့ ယူကရိန္းေတာင္ပိုင္း Kherson ၿမိဳ႕မွာ ယူကရိန္းတပ္ေတြကို သမၼတ Volodymyr Zelenskyy က ေတြ႔ဆံုစဥ္။ (ႏိုဝင္ဘာ ၁၄၊ ၂၀၂၂)

[[Zawgyi/Unicode]]

႐ုရွားလက္ထဲက ျပန္လြတ္ေျမာက္လာတဲ့ ယူကရိန္းေတာင္ပိုင္း Kherson ၿမိဳ႕မွာ ယူကရိန္းတပ္ေတြကို သမၼတ Volodymyr Zelenskyy မိန႔္ခြန္းေျပာရာမွာ ယူကရိန္းတတိုင္းျပည္လုံးရဲ႕ ၿငိမ္းခ်မ္းေရးအတြက္ အဆင္သင့္ရွိတယ္လို႔ ဆိုပါတယ္။

Kherson ၿမိဳ႕ကေန ႐ုရွားတို႔ဆုတ္ခြာသြားၿပီး ရက္ပိုင္းအတြင္းမွာပဲ ယူကရိန္းသမၼတကို Kherson ၿမိဳ႕မွာ ေတြ႕ၾကရတာပါ။ ယူကရိန္းစစ္နဲ႔ပတ္သက္လို႔ ၿဗိတိန္ကာကြယ္ေရးဌာနက ပုံမွန္ထုတ္ျပန္ခ်က္ထဲမွာလည္း အခု ေဆာင္းတြင္းဟာ ႐ုရွားေရာ ယူကရိန္းတပ္ေတြအတြက္ပါ ပဋိပကၡအေျခအန အေျပာင္းအလဲရွိလာေစမယ္လို႔ သုံးသပ္ထားပါတယ္။ ေဆာင္းတြင္းကာလ ေန႔တာတိုလာေၾကာင့္ ထိုးစစ္ေတြနည္းသြားၿပီး ေရွ႕တန္းမွာ ခုခံစစ္ေတြ ပိုမ်ားလာဖြယ္ရွိတယ္လို႔ ဆိုပါတယ္။

ရာသီဥတုကလည္း ေအးခဲလာမယ့္အတြက္ ေဆာင္းတြင္းဝတ္႐ုံမရွိတဲ့တပ္ေတြမွာ ေအးခဲမႈေၾကာင့္ရတဲ့ ဒဏ္ရာဒဏ္ခ်က္ေတြျဖစ္လာႏိုင္ၿပီး တိုက္ပြဲမွာ ျပင္းျပင္းထန္ထန္ဒဏ္ရာရတဲ့ စစ္သည္ေတြကိုလည္း အခ်ိန္မီ အသက္ကယ္ ကုသႏိုင္တဲ့အခြင့္အလမ္းလည္း နည္းပါးလာမယ္လို႔ ေရးထားပါတယ္။

တနဂၤေႏြေန႔တုန္းက ယူကရိန္းလူထုကိုေန႔စဥ္ေျပာဆိုတဲ့ သမၼတ Zelenskyy မိန႔္ခြန္းထဲမွာေတာ့ kherson ေဒသ အေျခအေနဟာ အႏၲရာယ္ရွိေနဆဲျဖစ္ၿပီး မိုင္းေတြလည္းရွိတာေၾကာင့္ Kherson ေဒသခံေတြအားလုံး သတိႀကီးႀကီးထားဖို႔ တိုက္တြန္းခဲ့ပါတယ္။ Kherson ၿမိဳ႕ကို ယူကရိန္းစစ္အစပိုင္းမွာလည္း ႐ုရွားကသိမ္းယူခဲ့တာပါ။ အခု သူတို႔ ျပန္ဆုတ္သြားၿပီး ယူကရိန္းတပ္ေတြ ျပန္လည္ေနရာယူလိုက္ၿပီး ႏွစ္ရက္ၾကာၿပီးတဲ့ေနာက္ အစားအစာ၊ ေရ၊ ေဆးဝါးေတြကို Kherson ကို စတင္ ပို႔ေပးေနၿပီလို႔ ယူကရိန္းတာဝန္ရွိသူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ရုရှားလက်က ပြန်လွတ်လာတဲ့ Kherson မြို့ တပ်ဖွဲ့ဝင်တွေကို ယူကရိန်းသမ္မတ တွေ့ဆုံ

ရုရှားလက်ထဲက ပြန်လွတ်မြောက်လာတဲ့ ယူကရိန်းတောင်ပိုင်း Kherson မြို့မှာ ယူကရိန်းတပ်တွေကို သမ္မတ Volodymyr Zelenskyy မိန့်ခွန်းပြောရာမှာ ယူကရိန်းတတိုင်းပြည်လုံးရဲ့ ငြိမ်းချမ်းရေးအတွက် အဆင်သင့်ရှိတယ်လို့ ဆိုပါတယ်။

Kherson မြို့ကနေ ရုရှားတို့ဆုတ်ခွာသွားပြီး ရက်ပိုင်းအတွင်းမှာပဲ ယူကရိန်းသမ္မတကို Kherson မြို့မှာ တွေ့ကြရတာပါ။ ယူကရိန်းစစ်နဲ့ပတ်သက်လို့ ဗြိတိန်ကာကွယ်ရေးဌာနက ပုံမှန်ထုတ်ပြန်ချက်ထဲမှာလည်း အခု ဆောင်းတွင်းဟာ ရုရှားရော ယူကရိန်းတပ်တွေအတွက်ပါ ပဋိပက္ခအခြေအန အပြောင်းအလဲရှိလာစေမယ်လို့ သုံးသပ်ထားပါတယ်။ ဆောင်းတွင်းကာလ နေ့တာတိုလာကြောင့် ထိုးစစ်တွေနည်းသွားပြီး ရှေ့တန်းမှာ ခုခံစစ်တွေ ပိုများလာဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ရာသီဥတုကလည်း အေးခဲလာမယ့်အတွက် ဆောင်းတွင်းဝတ်ရုံမရှိတဲ့တပ်တွေမှာ အေးခဲမှုကြောင့်ရတဲ့ ဒဏ်ရာဒဏ်ချက်တွေဖြစ်လာနိုင်ပြီး တိုက်ပွဲမှာ ပြင်းပြင်းထန်ထန်ဒဏ်ရာရတဲ့ စစ်သည်တွေကိုလည်း အချိန်မီ အသက်ကယ် ကုသနိုင်တဲ့အခွင့်အလမ်းလည်း နည်းပါးလာမယ်လို့ ရေးထားပါတယ်။

တနင်္ဂနွေနေ့တုန်းက ယူကရိန်းလူထုကိုနေ့စဉ်ပြောဆိုတဲ့ သမ္မတ Zelenskyy မိန့်ခွန်းထဲမှာတော့ kherson ဒေသ အခြေအနေဟာ အန္တရာယ်ရှိနေဆဲဖြစ်ပြီး မိုင်းတွေလည်းရှိတာကြောင့် Kherson ဒေသခံတွေအားလုံး သတိကြီးကြီးထားဖို့ တိုက်တွန်းခဲ့ပါတယ်။ Kherson မြို့ကို ယူကရိန်းစစ်အစပိုင်းမှာလည်း ရုရှားကသိမ်းယူခဲ့တာပါ။ အခု သူတို့ ပြန်ဆုတ်သွားပြီး ယူကရိန်းတပ်တွေ ပြန်လည်နေရာယူလိုက်ပြီး နှစ်ရက်ကြာပြီးတဲ့နောက် အစားအစာ၊ ရေ၊ ဆေးဝါးတွေကို Kherson ကို စတင် ပို့ပေးနေပြီလို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG