သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေရွ႕ေနႀကီး ဦးခင္ေမာင္ေဇာ္ အမႈကိစၥမ်ားေျပာဆုိခြင့္ တားျမစ္ခံရ


တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္

{Zawgyi/Unicode}

သမၼတဦးဝင္းျမင့္နဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္တို႔ရဲ႕အမႈေတြကို လိုက္ပါေဆာင္႐ြက္ေပးေနတဲ့ တရားလႊတ္ေတာ္ေရွ႕ေနႀကီး ဦးခင္ေမာင္ေဇာ္ကို ရာဇဝတ္က်င့္ထုံးပုဒ္မ ၁၄၄ အရ ျပည္တြင္းျပည္ပက မီဒီယာအဖြဲ႕အစည္းေတြ၊ အျပည္ျပည္ဆိုင္ရာအဖြဲ႔အစည္းနဲ႔ လူပုဂၢိဳလ္ေတြ၊ INGO ေတြ၊ ႏိုင္ငံျခားအစိုးရ တာဝန္ရွိသူေတြအပါအဝင္ မည္သည့္ ျပင္ပအဖြဲ႔အစည္းက ပုဂၢိဳလ္ေတြကိုမွ တိုက္႐ိုက္ေသာ္၎၊ သြယ္ဝိုက္၍ေသာ္၎ တျခားတနည္းနည္းနဲ႔ ဆက္သြယ္ေဆာင္႐ြက္ျခင္းမျပဳဖို႔ တားျမစ္လိုက္ေၾကာင္း ဗြီအိုေအက စုံစမ္းသိရွိရပါတယ္။

အလားတူပဲ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕အမႈကို လိုက္ပါေဆာင္႐ြက္ေပးေနတဲ့ တျခား အက်ိဳးေဆာင္ေရွ႕ေနတခ်ိဳ႕ကိုလည္း အလားတူ ကန႔္သတ္ တားျမစ္ခ်က္ေတြပါဝင္တဲ့ ခံဝန္ကတိေတြ စစ္ေကာင္စီဘက္က လက္မွတ္ထိုးခိုင္းခဲ့တယ္လို႔ စုံစမ္းသိရွိရပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕အမႈ ႐ုံးခ်ိန္းနဲ႔ အမႈသြား အမႈလာေတြနဲ႔ပတ္သက္ၿပီး တရားခြင္ရွိတဲ့ေန႔တိုင္းမွာ ေရွ႕ေနေတြက ျပည္တြင္း၊ ျပည္ပက မီဒီယာေတြကို လြတ္လြတ္လပ္လပ္ ရွင္းျပခဲ့ၾကတာပါ။

အမႈကိစၥနဲ႔ပတ္သက္လို႔ အက်ိဳးေဆာင္ေရွ႕ေနေတြရဲ႕ ေျပာဆိုပိုင္ခြင့္ကို အခုလို ကန႔္သတ္လိုက္တာေၾကာင့္ ေနာင္မွာ သမၼတဦးဝင္းျမင့္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္တို႔ရဲ႕အမႈသြား အမႈလာအေျခအေနေတြကို မီဒီယာေတြအပါအဝင္ အမ်ားျပည္သူသိရွိႏိုင္ဖို႔ အခက္အခဲ ရွိသြားႏိုင္ပါတယ္။

တရား႐ုံးအတြင္း အမႈကိစၥအတြက္ စစ္ေဆး ေမးျမန္းမႈေတြ အမ်ားျပည္သူသိႏိုင္ေအာင္ ေျပာျပၾကဖို႔ ေဒၚေအာင္ဆန္းစုၾကည္က သူ႔ေရွ႕ေနေတြကို ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း ၫြန္ၾကားခဲ့အၿပီးမွာ သူမရဲ႕ေရွ႕ေနေတြ အခုလို ေျပာဆိုခြင့္ ပိတ္ပင္ခံရတာလည္း ျဖစ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ ပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မ ၈၊ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၇၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၅၀၅-ခ၊ သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲေရးဥပေဒပုဒ္မ ၂၅ နဲ႔ (၂) မႈ၊ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒပုဒ္မ ၃-၁ (ဂ) ၊ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၅ နဲ႔ အမႈ ၄ မႈအျပင္ ခုေနာက္ဆုံး ဗဟန္းၿမိဳ႕နယ္မွာ အမႈဖြင့္ထားတဲ့ အဂတိလိုက္စားမႈ စတဲ့ အမႈေပါင္း ၁၁ မႈနဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။

ဒါ့အျပင္ အဂတိမႈ ေနာက္ထပ္ ေလးမႈနဲ႔ ထပ္ၿပီးစြဲဆိုဖို႔ စစ္ေကာင္စီက ျပင္ဆင္ေနတယ္လို႔လည္း ေရွ႕ေနေတြက ေျပာထားဖူးပါတယ္။

အသက္ ၇၆ ႏွစ္အ႐ြယ္ ေဒၚေအာင္ဆန္းစုၾကည္ကို စစ္အုပ္ခ်ဳပ္ေရးေကာင္စီကအျမင့္ဆုံးျပစ္ဒဏ္ ခ်မွတ္ခံရႏိုင္မယ့္ ဥပေဒေတြနဲ႔ တရားစြဲဆိုထားတာျဖစ္ၿပီး စြဲထားတဲ့အမႈေတြရဲ႕ အျမင့္ဆုံးျပစ္ဒဏ္ေတြကို ေပါင္းမယ္ဆိုရင္ သူဟာ အႏွစ္ ၉၀ နီးပါး ႏွစ္ရွည္ ေထာင္ဒဏ္ခ်မွတ္ခံရႏိုင္တဲ့ အေျခအေနမွာ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


========.

{Unicode}

ရှေ့နေကြီး ဦးခင်မောင်ဇော် အမှုကိစ္စများပြောဆိုခွင့် တားမြစ်ခံရ

သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးခင်မောင်ဇော်ကို ရာဇဝတ်ကျင့်ထုံးပုဒ်မ ၁၄၄ အရ ပြည်တွင်းပြည်ပက မီဒီယာအဖွဲ့အစည်းတွေ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေ၊ INGO တွေ၊ နိုင်ငံခြားအစိုးရ တာဝန်ရှိသူတွေအပါအဝင် မည်သည့် ပြင်ပအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေကိုမှ တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း တခြားတနည်းနည်းနဲ့ ဆက်သွယ်ဆောင်ရွက်ခြင်းမပြုဖို့ တားမြစ်လိုက်ကြောင်း ဗွီအိုအေက စုံစမ်းသိရှိရပါတယ်။

အလားတူပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တခြား အကျိုးဆောင်ရှေ့နေတချို့ကိုလည်း အလားတူ ကန့်သတ် တားမြစ်ချက်တွေပါဝင်တဲ့ ခံဝန်ကတိတွေ စစ်ကောင်စီဘက်က လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှု ရုံးချိန်းနဲ့ အမှုသွား အမှုလာတွေနဲ့ပတ်သက်ပြီး တရားခွင်ရှိတဲ့နေ့တိုင်းမှာ ရှေ့နေတွေက ပြည်တွင်း၊ ပြည်ပက မီဒီယာတွေကို လွတ်လွတ်လပ်လပ် ရှင်းပြခဲ့ကြတာပါ။

အမှုကိစ္စနဲ့ပတ်သက်လို့ အကျိုးဆောင်ရှေ့နေတွေရဲ့ ပြောဆိုပိုင်ခွင့်ကို အခုလို ကန့်သတ်လိုက်တာကြောင့် နောင်မှာ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့အမှုသွား အမှုလာအခြေအနေတွေကို မီဒီယာတွေအပါအဝင် အများပြည်သူသိရှိနိုင်ဖို့ အခက်အခဲ ရှိသွားနိုင်ပါတယ်။

တရားရုံးအတွင်း အမှုကိစ္စအတွက် စစ်ဆေး မေးမြန်းမှုတွေ အများပြည်သူသိနိုင်အောင် ပြောပြကြဖို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရှေ့နေတွေကို ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ညွန်ကြားခဲ့အပြီးမှာ သူမရဲ့ရှေ့နေတွေ အခုလို ပြောဆိုခွင့် ပိတ်ပင်ခံရတာလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၅ နဲ့ (၂) မှု၊ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃-၁ (ဂ) ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ အမှု ၄ မှုအပြင် ခုနောက်ဆုံး ဗဟန်းမြို့နယ်မှာ အမှုဖွင့်ထားတဲ့ အဂတိလိုက်စားမှု စတဲ့ အမှုပေါင်း ၁၁ မှုနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဒါ့အပြင် အဂတိမှု နောက်ထပ် လေးမှုနဲ့ ထပ်ပြီးစွဲဆိုဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့လည်း ရှေ့နေတွေက ပြောထားဖူးပါတယ်။

အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်ချုပ်ရေးကောင်စီကအမြင့်ဆုံးပြစ်ဒဏ် ချမှတ်ခံရနိုင်မယ့် ဥပဒေတွေနဲ့ တရားစွဲဆိုထားတာဖြစ်ပြီး စွဲထားတဲ့အမှုတွေရဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေကို ပေါင်းမယ်ဆိုရင် သူဟာ အနှစ် ၉၀ နီးပါး နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံရနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

WhatIsHappeningInMyanmar #MyanmarMilitaryCoup #voaburmese #စစ်အာဏာသိမ်းမှု #ဒေါ်အောင်ဆန်းစုကြည် #ဗွီအိုအေမြန်မာပိုင်း

XS
SM
MD
LG