သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

(၈) လေးလုံး အရေးအခင်း ရန်ကုန်ဆေးရုံကြီး ဆရာဝန်မတဦး ပြန်ပြောင်းအမှတ်တရ


(၈) လေးလုံး အရေးအခင်း ရန်ကုန်ဆေးရုံကြီး ဆရာဝန်မတဦး ပြန်ပြောင်းအမှတ်တရ

သြဂုတ်လ ၈ ရက်နေ့တုန်းက ၈ လေးလုံး ဒီမိုကရေစီ လှုပ်ရှားမှု ၃၁ နှစ် ပြည့်မြောက်သွားခဲ့ပါပြီ။ အဲဒိတုန်းက ဆန္ဒပြလှုပ်ရှားမှုကို အာဏာရှင် စစ်အစိုးရက နှိပ်ကွပ်ခဲ့လို့ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတာမို့ ဒီဖြစ်ရပ်ဟာ နိုင်ငံအတွက် သမိုင်း သင်ခန်းစာတရပ်အဖြစ် ရှိနေပါတယ်။ သမိုင်းတင်တဲ့ ဒီ ၈ လေးလုံးအရေးအခင်းကြီးမှာ တဒေါင့်တနေရာက ပါဝင်ခဲ့ကြတဲ့ ပြည်သူတွေထဲမှာ အဲဒီအချိန်တုန်းက ရန်ကုန်ဆေးရုံကြီး မှာ တာဝန်ကျခဲ့သူ ဒေါက်တာ ဒေါ်ခင်စောဝင်းလည်း ပါဝင်ခဲ့ပါတယ်။ ၈ လေးလုံး ဒီမိုကရေစီ လှုပ်ရှားမှုကြီးမှာ သူရော ဘယ်အခန်းကဏ္ဍက ပါဝင်ခဲ့ပါသလဲ။ ဒီအရေးအခင်းက သူ့ဘဝကို ဘယ်လို အပြောင်းအလဲဖြစ်စေခဲ့သလဲဆိုတာ အခု ကနေဒါနိုင်ငံ Alberta ဆေးကောလိပ်မှာ ကထိက တာဝန်ထမ်းဆောင်နေသူ ဒေါက်တာ ခင်စောဝင်းကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ အမျိုးသမီး ကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG