သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခမာနီ ထောင်မှူး သူ့ခေါင်းဆောင်တွေကို ဆန့်ကျင်ထွက်ဆို


ဒွိုက် (Duch) ဟုခေါ်သော ခမာနီ ထောင်မှူးဟောင်းအား ကုလသမဂ္ဂ ကျောထောက် နောက်ခံ ပေးထားသော တရားရုံးတွင် တွေ့ရပုံ။
ဒွိုက် (Duch) ဟုခေါ်သော ခမာနီ ထောင်မှူးဟောင်းအား ကုလသမဂ္ဂ ကျောထောက် နောက်ခံ ပေးထားသော တရားရုံးတွင် တွေ့ရပုံ။

ကမ္ဘောဒီးယားနိုင်ငံမှာ (၁၉၇၀) ပြည့်နှောင်းပိုင်း နှစ်တွေတုန်းက ကြီးစိုးခဲ့တဲ့ ခမာနီ လက်ထက်မှာ နာမည်ဆိုး နဲ့ ကျော်ကြားတဲ့ အကျဉ်းထောင်ရဲ့ အကြီးအကဲက သူ့ရဲ ခေါင်းဆောင်ဟောင်း သုံးဦး အပေါ် ဆန့်ကျင်ပြီး တရားခွင်မှာ သက်သေအဖြစ် ထွက်ဆိုသွားပါတယ်။

ဒွိုက်(Duch) လို့ လူသိများတဲ့ ခမာနီ ထောင်မှူး (Kaing Guek Eav) မြို့တော် ဖနွမ်းပင် က တရားခွင်မှာ တနင်္လာနေ့ က အစစ်ခံခဲ့တာပါ။ စစ်ဆေးမေးမြန်းမှုတွေ၊ ညှင်းပမ်း နှိပ်စက်မှုတွေ နဲ့ သတ်ဖြတ်မှုတွေ ကျူးလွန် ခဲ့ရာ (M-13) လို့ အများခေါ် ကြတဲ့ အကျဉ်းထောင် ရဲ့ အကြီးအကဲအဖြစ် စိတ်မပါပဲ တာဝန် ယူခဲ့ ရတာလို့ တရားခွင် မှာ အစစ်ခံရာမှာ သူက ထွက်ဆို သွားပါတယ်။ ဒီလိုပဲ လျှပ်စစ်ဓာတ် နဲ့ တို့တာ၊ ရေနှစ် တာ၊ အသက်ရှု ကျပ်အောင် လုပ်တာ စတဲ့ နည်းတွေနဲ့ စစ်ဆေး မေးမြန်းဖို့ အတွက်လည်း သူ့ရဲ့ အထက်အရာရှိ တယောက်ကပဲ ညွှန်ကြားခဲ့တာလို့ ပြောခဲ့တာပါ။

ဒါပေမဲ့လည်း ဒီနည်းလမ်း တွေကိုပဲ နောက်ပိုင်းမှာ ကမ္ဘောဒီးယား နိုင်ငံသား (၁၂,၀၀၀) ကျော် သေဆုံးခဲ့ရတဲ့ (S-21) လို့ ထင်ရှားတဲ့ ဖနွမ်းပင်မြို့က (Tuol Sleng) စစ်ကြောရေး အကျဉ်းစခန်းမှာ ဆက်လက် သုံးပြုခဲ့တာ ဖြစ်ပါတယ်။ကုလသမဂ္ဂရဲ့ ကျောထောက် နောက်ခံ နဲ့ ဖွဲ့စည်းထားပြီး ခမာနီ လက်ထက်က ရာဇဝတ်မှု တွေကို စုံစမ်းစစ်ဆေးနေတဲ့ တရားခွင်ကတော့ သေဆုံးမှုတွေအတွက် ဒွိုက်(Duch) မှာ တာဝန်ရှိကြောင်း ဆုံးဖြတ်ပြီး ထောင်ဒဏ်တသက် ချမှတ် ထားတာပါ။

စီရင်ချက် ချချိန်မှာတော့ တရားခွင်က (S-21) အကျဉ်းထောင်ဟာ လူသတ် စက်ရုံတခု အဖြစ် ရည်ညွန်း ခေါ်ဆိုခဲ့ပြီး၊ ထိတ်လန့် တုန်လှုပ်ဖွယ်ရာ လုပ်ရပ် တွေကို ကျူးလွန်ခဲ့သူ ဒွိုက်(Duch) ကိုလည်း အမြင့်ဆုံး ပြစ်ဒဏ်တွေ ချမှတ်သင့်တယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG