သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့ႏိုင္ငံေရးထဲ ထင္ရွားသူ ရွမ္းေခါင္းေဆာင္ ခြန္ထြန္းဦး ကြယ္လြန္


ထင္ရွားတဲ့ ရွမ္းတုိင္းရင္းသားေခါင္းေဆာင္ ခြန္ထြန္းဦး။ (ဓာတ္ပုံ - ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ - SNLD ပါတီ ေဖ့စ္ဘုတ္)

(Zawgyi / Unicode)

ျမန္မာ့ႏုိင္ငံေရးမွာ ထင္ရွားတဲ့ ရွမ္းေခါင္းေဆာင္တဦးျဖစ္သူ ခြန္ထြန္းဦးဟာ ရန္ကုန္ၿမိဳ႕၊ ၉ မိုင္က သူ႔ရဲ႕ေနအိမ္မွာ ဒီကေန႔ ကြယ္လြန္သြားၿပီ ျဖစ္ပါတယ္။

ကြယ္လြန္ခ်ိန္မွာ အသက္ ၇၉ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ခြန္ထြန္းဦးဟာ ဒီကေန႔ အနားယူမယ္လို႔ ေျပာၿပီး အိပ္ရာထဲဝင္သြားၿပီးတဲ့ေနာက္ အိ္ပ္ေနရင္းနဲ႔ပဲ ကြယ္လြန္သြားခဲ့တာလို႔ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (SNLD) ပါတီရဲ႕ အေထြေထြအတြင္းေရးမွဴး စိုင္းလိတ္က ေျပာပါတယ္။

ခြန္ထြန္းဦး ကြယ္လြန္သြားတာဟာ အစားထိုးမရတဲ့ ဆံုး႐ံႈးမႈတခုျဖစ္တယ္လုိ႔ စိုင္းလိတ္က ဗီြအိုေအကို ေျပာပါတယ္။

“က်ေနာ္တုိ႔ဥကၠ႒ႀကီး ခြန္ထြန္းဦး ဆုံးပါးသြားတဲ့အတြက္ က်ေနာ္တုိ႔ပါတီအတြက္ေရာ ဒီမုိကေရစီအေရး လႈပ္ရွားတဲ့ ပုဂၢိဳလ္ေတြ၊ ဖက္ဒရယ္အေရး လႈပ္ရွားတဲ့ ပုဂၢိဳလ္ေတြ အကုန္လုံးအတြက္ကေတာ့ ႀကီးစြာေသာ ဆုံး႐ႈံးမႈတရပ္လုိ႔ က်ေနာ္တုိ႔ ႐ႈျမင္ပါတယ္။ အထူးသျဖင့္ေတာ့ တုိင္းရင္းသားအေရးနဲ႔ ဒီမုိကေရစီအေရးကို ေရွ႕တန္းကေန မားမားမတ္မတ္ ရပ္တည္ၿပီးေတာ့မွ လႈပ္ရွားေဆာင္ရြက္ခဲ့တဲ့ ပုဂၢိဳလ္တဦး ဒီလိုမ်ဳိး ႐ုတ္တရက္ ဆုံးပါးသြားတဲ့အတြက္ က်ေနာ္တုိ႔ပါတီအတြက္ကေတာ့ အစားထုိးမရတဲ့ ဆုံး႐ႈံးမႈတရပ္လို႔ပဲ ေဖာ္ျပလုိပါတယ္။”

ခြန္ထြန္းဦးဟာ SNLD ပါတီရဲ႕ ဥကၠ႒အျဖစ္ ပါတီစထူေထာင္ခ်ိန္ကတည္းက ႏွစ္ ၃၀ ေက်ာ္္ၾကာ တာဝန္ယူခဲ့သူျဖစ္ၿပီး ၂၀၂၁ ခုႏွစ္မွာ ပါတီတာဝန္ေတြကေန အနားယူခဲ့ပါတယ္။ ဒါ့အျပင္ ညီညြတ္ေသာ တိုင္းရင္းသားလူမ်ိဳးမ်ား ဒီမိုကေရစီပါတီ (UNDP)၊ စည္းလုံးညီညြတ္ေသာ တိုင္းရင္းသားလူမ်ိဳးမ်ားမဟာမိတ္ (UNA) တို႔မွာ နာယကအျဖစ္ တာဝန္ယူ လုပ္ေဆာင္ခဲ့ပါတယ္။

၁၉၉၀ ျပည့္ႏွစ္ ေရြးေကာက္ပြဲရလဒ္ကို အေကာင္အထည္ေဖာ္ဖို႔ ႀကိဳးပမ္းခ်က္တရပ္အေနနဲ႔ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) ပါတီ အပါအဝင္ ေရြးေကာက္ပြဲအႏို္င္ရ တိုင္းရင္းသားပါတီေတြနဲ႔ စုေပါင္းၿပီး ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားျပဳေကာ္မတီ (CRPP) ကို ဖြဲ႔စည္းတာမွာလည္း ဦးေဆာင္သူတဦးအျဖစ္ ပါဝင္ခဲ့ပါတယ္။

သူ႔ရဲ႕ ႏုိင္ငံေရးလုပ္ေဆာင္ခ်က္ေတြေၾကာင့္ စစ္အစိုးရအဆက္ဆက္မွာ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရသလို ေထာင္ဒဏ္ႏွစ္ရွည္ ခ်မွတ္တာကိုလည္း ခံခဲ့ရသူျဖစ္ပါတယ္။

ကြယ္လြန္ခ်ိန္မွာ ဇနီးျဖစ္သူနဲ႔အတူ သားတေယာက္၊ သမီးတေယာက္တို႔ က်န္ရစ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

မြန်မာ့နိုင်ငံရေးထဲ ထင်ရှားသူ ရှမ်းခေါင်းဆောင် ခွန်ထွန်းဦး ကွယ်လွန်

မြန်မာ့နိုင်ငံရေးမှာ ထင်ရှားတဲ့ ရှမ်းခေါင်းဆောင်တဦးဖြစ်သူ ခွန်ထွန်းဦးဟာ ရန်ကုန်မြို့၊ ၉ မိုင်က သူ့ရဲ့နေအိမ်မှာ ဒီကနေ့ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၇၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခွန်ထွန်းဦးဟာ ဒီကနေ့ အနားယူမယ်လို့ ပြောပြီး အိပ်ရာထဲဝင်သွားပြီးတဲ့နောက် အိပ်နေရင်းနဲ့ပဲ ကွယ်လွန်သွားခဲ့တာလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီရဲ့ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က ပြောပါတယ်။

ခွန်ထွန်းဦး ကွယ်လွန်သွားတာဟာ အစားထိုးမရတဲ့ ဆုံးရှုံးမှုတခုဖြစ်တယ်လို့ စိုင်းလိတ်က ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ဥက္ကဋ္ဌကြီး ခွန်ထွန်းဦး ဆုံးပါးသွားတဲ့အတွက် ကျနော်တို့ပါတီအတွက်ရော ဒီမိုကရေစီအရေး လှုပ်ရှားတဲ့ ပုဂ္ဂိုလ်တွေ၊ ဖက်ဒရယ်အရေး လှုပ်ရှားတဲ့ ပုဂ္ဂိုလ်တွေ အကုန်လုံးအတွက်ကတော့ ကြီးစွာသော ဆုံးရှုံးမှုတရပ်လို့ ကျနော်တို့ ရှုမြင်ပါတယ်။ အထူးသဖြင့်တော့ တိုင်းရင်းသားအရေးနဲ့ ဒီမိုကရေစီအရေးကို ရှေ့တန်းကနေ မားမားမတ်မတ် ရပ်တည်ပြီးတော့မှ လှုပ်ရှားဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တဦး ဒီလိုမျိုး ရုတ်တရက် ဆုံးပါးသွားတဲ့အတွက် ကျနော်တို့ပါတီအတွက်ကတော့ အစားထိုးမရတဲ့ ဆုံးရှုံးမှုတရပ်လို့ပဲ ဖော်ပြလိုပါတယ်။”

ခွန်ထွန်းဦးဟာ SNLD ပါတီရဲ့ ဥက္ကဋ္ဌအဖြစ် ပါတီစထူထောင်ချိန်ကတည်းက နှစ် ၃၀ ကျော်ကြာ တာဝန်ယူခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ ပါတီတာဝန်တွေကနေ အနားယူခဲ့ပါတယ်။ ဒါ့အပြင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP)၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) တို့မှာ နာယကအဖြစ် တာဝန်ယူ လုပ်ဆောင်ခဲ့ပါတယ်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းချက်တရပ်အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အပါအဝင် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီတွေနဲ့ စုပေါင်းပြီး ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ကို ဖွဲ့စည်းတာမှာလည်း ဦးဆောင်သူတဦးအဖြစ် ပါဝင်ခဲ့ပါတယ်။

သူ့ရဲ့ နိုင်ငံရေးလုပ်ဆောင်ချက်တွေကြောင့် စစ်အစိုးရအဆက်ဆက်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသလို ထောင်ဒဏ်နှစ်ရှည် ချမှတ်တာကိုလည်း ခံခဲ့ရသူဖြစ်ပါတယ်။
ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူနဲ့အတူ သားတယောက်၊ သမီးတယောက်တို့ ကျန်ရစ်ခဲ့ပါတယ်။

XS
SM
MD
LG