သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအကြမ်းဖက်မှုတွေရပ်ဖို့ အာဆီယံဥက္ကဋ္ဌတိုက်တွန်း 


အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန် ၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး အဖွင့်မိန့်ခွန်းပြောကြားစဉ်။ (သြဂုတ် ၃၊ ၂၀၂၂)
အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန် ၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး အဖွင့်မိန့်ခွန်းပြောကြားစဉ်။ (သြဂုတ် ၃၊ ၂၀၂၂)

[[Zawgyi/Unicode]]

မြန်မာနိုင်ငံမှာ မကြာသေးခင်ကဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတဝှမ်း ရင်ဆိုင်နေရတဲ့ လူသားချင်းစာနာမှု အကြပ်အတည်း ပိုပြီး ဆိုးဝါးသွားနိင်တဲ့အကြောင်းနဲ့ အထူးစိုးရိမ်တဲ့အကြောင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံက ကြေညာချက် ထုတ်ပြန်ပါတယ်။

အင်းစိန်ထောင်ဗုံးပေါက်ကွဲမှု၊ ကရင်ပြည်နယ်အတွင်းတိုက်ခိုက်မှုနဲ့ ကချင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေကို ဖေါ်ပြပြီး ဒီအကြမ်းဖက်မှုတွေကြောင့် မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖေါ်ရေးနဲ့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ကြိုးပမ်းချက်တွေအပေါ် ထိခိုက်စေနိုင်တဲ့အကြောင်း မနေ့က ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံး အကြမ်းဖက်မှုတွေရပ်တန့်ပြီး အဆုံးစွန် စောင့်ထိန်းကြဖို့နဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေလုပ်ဆောင်ဖို့ အာဆီယံက တိုက်တွန်းထားပါတယ်။

လူ့အခွင့်အရေးအဖွဲ့တချို့ကတော့ အာဆီယံရဲ့ ကြေညာချက်မှာ စစ်ကောင်စီဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေအကြောင်း ဖေါ်ပြမထားတာကို ဝေဖန်ပြောဆို နေကြပါတယ်။

ကချင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KIA ရဲ့တပ်မဟာ ၉ နယ်မြေ ဖားကန့်ဒေသ မြန်မာစစ်တပ်ရဲ့ ပြီးခဲ့တဲ့ရက်ပိုင်း လေကြောင်းတိုက်ခိုက်မှုမှာ အရပ်သား ၆၀‌ လောက် သေဆုံးခဲ့တာကြောင့် မြန်မာစစ်တပ်အပေါ် ဖိအားပေးဖို့ တောင်းဆိုနေပါတယ်။ စစ်ကောင်စီဘက်ကတော့ တိုက်ခိုက်ခဲ့တဲ့နေရာဟာ KIA ရဲ့ စစ်ရေးလှုပ်ရှားရာ နယ်မြေဖြစ်ပြီး အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

KIO ဘက်ကတော့ တိုက်ခိုက်ခံရတဲ့နေရာဟာ ခရီးသွားသူတွေ ခေတ္တအနားယူတဲ့နေရာဖြစ်တဲ့အကြာင်း ပြောပြီး ကချင်အနုပညာရှင်တချို့နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အရပ်သားတွေ သေဆုံးခဲ့တယ်လို့ ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]








XS
SM
MD
LG