သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအား KIA ခေတ္တထိန်းသိမ်း


ကချင်ပြည်နယ် မိုးကောင်း - ကာမိုင်း - ဖားကန့် လမ်းခင်းနေတဲ့ အခြေအနေကို သွားရောက်စစ်ဆေးတဲ့ ကချင်ပြည်နယ် အစိုးရ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်ဒူးနော်နဲ့ အဖွဲ့ကို KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့က တားဆီးခဲ့ပြီး ဝန်ကြီးအဖွဲ့နဲ့အတူ လိုက်ပါသွားတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဝန်ကြီး ဦးကမန်ဒူးနော်နဲ့ အဖွဲ့ဟာ ဇန်နဝါရီလ ၁၃ ရက်နေ့က မိုးကောင်း- ဖားကန့် ကားလမ်း အခြေအနေကို လိုက်လံစစ်ဆေးပြီး ဖားကန့်မှာ ညအိပ်ရပ်နားခဲ့တာပါ။ ဗုဒ္ဓဟူးနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်းမှာတော့ ဖားကန့်ကနေ လုံးတုံး- ဟိုပင် လမ်းအတိုင်း ခရီးဆက်ခဲ့ချိန်မှာ ဟွေလုံကျေးရွာနားအရောက် KIA တပ်တွေက ဝန်ကြီးနဲ့အဖွဲ့ကို တားမြစ်ခဲ့တယ်လို့ နေပြည်တော်ကရတဲ့ သတင်းတရပ်က ဖော်ပြပါတယ်။

ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်ဒူးနော်တို့ကို ပြန်လွှတ်ပေးလိုက်ပေမဲ့ လုံခြုံရေးအတွက် အတူလိုက်ပါသွားတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးကိုတော့ KIA က ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ VOA က သီးခြား အတည်ပြုချက်ရဖို့ ကြိုးစားနေပေမဲ့ အခုထိတော့ မရသေးပါဘူး။

XS
SM
MD
LG