သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တႏိုင္း၊ လီဒိုလမ္းေပၚကေ႐ႊတူးေဖာ္ေရးလုပ္ငန္းေတြ ခဏရပ္ထားၾကဖို႔ KIA ေအာက္ေျခပိုင္းအုပ္ခ်ဳပ္ေရးက အသိေပးထား


ျမစ္ႀကီးနားၿမိဳ႕အနီး ဧရာဝတီျမစ္မွာ ေရႊရွာေနသူမ်ား။

{Zawgyi/Unicode}

စစ္တပ္နဲ႔တိုက္ပြဲေတြျဖစ္ေနတဲ့ ကခ်င္ျပည္နယ္၊ တႏိုင္းၿမိဳ႕ လီဒိုလမ္းမေပၚက ရွဒူးဇြပ္ေက်း႐ြာ နားမွာရွိတဲ့ ေ႐ႊတူးေဖာ္ေရးလုပ္ငန္းအားလုံးကို ေအာက္တိုဘာ ၁၅ ရက္ေနာက္ဆုံးထားၿပီး ထြက္ခြာေပးဖို႔ ကခ်င္လက္နက္ကိုင္ KIA တပ္မဟာ ( ၂) ဘက္က သတိေပးလိုက္ပါတယ္။ KIA ရဲ႕ ျပန္ၾကားေရးတာဝန္ခံကေတာ့ ဗဟိုအဆင့္အေနနဲ႔ ဒါကိုထုတ္ျပန္တာမဟုတ္ဘဲ ေအာက္ ေျခပိုင္း အုပ္ခ်ဳပ္ေရးက ထုတ္ျပန္တာျဖစ္ေၾကာင္း ေျပာပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကို ကိုေအာင္ျမတ္သူက တင္ျပထားပါတယ္။

တႏိုင္းၿမိဳ႕နယ္၊ ရွဒူးဇြပ္ေက်း႐ြာနားက ေ႐ႊတူးေဖာ္ေရးလုပ္ငန္းေတြကေန ျပည္သူ႔စစ္အဖြဲ႔ေတြက အက်ိဳးအျမတ္ရယူေနၿပီး တပ္အင္အားလည္း တိုးခ်ဲ႕လာတဲ့အတြက္ ေ႐ႊတူးေဖာ္ေနတဲ့ သူေတြကို ေအာက္တိုဘာ ၁၅ ရက္ေနာက္ဆုံးထားၿပီး ထြက္ခြာေပးဖို႔ KIA ဘက္က အသိေပးလိုက္တာပါ။ KIA/ KIO ဘက္ကေတာ့ ဗဟိုအဆင့္အေနနဲ႔ ဒါကို အသိေပး ေၾကညာထားတာ မရွိေၾကာင္းျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူက ဗြီအိုေအကို ေျပာပါတယ္။ ဒါေပမဲ့ တႏိုင္းေဒသမွာရွိတဲ့ ေအာက္ေျခပိုင္း KIA တာဝန္ရွိသူေတြက ၫႊန္ၾကားထားတယ္ဆိုတာေတာ့ ဟုတ္မွန္ေၾကာင္း သူက အခုလို ေျဖၾကားခဲ့တာပါ။

“ဟုတ္တယ္၊ ဟုတ္တယ္။ KIO ေတာ့ ဟုတ္မွာပါေပါ့၊ ဒါေပမဲ့ ေဒသအုပ္ခ်ဳပ္ေရး ဆိုင္ရာေတြေပါ့။ က်ေနာ္တို႔ ဗဟိုအဆင့္ကနဲ႔ ေျပာထားတာမဟုတ္ဘူးလို႔ ေျပာခ်င္တာပါ။”

ဒီလုပ္ကြက္ေတြမွာ ႏွစ္တိုင္း ေ႐ႊတူးေဖာ္သူေတြရွိေနၿပီး အမ်ားစုကေတာ့ တႏိုင္တပိုင္ တူးေဖာ္ၾကသူေတြ မ်ားတယ္လို႔ သူကေျပာပါတယ္။

ရွဒူးဇြပ္ေက်း႐ြာနားက ေ႐ႊေမွာ္ေတြမွာ လုပ္ကိုင္ေနသူေတြကို ေအာက္တိုဘာ ၁၅ ရက္ေနာက္ ဆုံးထားၿပီး ထြက္ခြာေပးဖို႔ အဲဒီေဒသကို ကြပ္ကဲေနတဲ့ KIA တာဝန္ရွိသူက အသိေပးထားေၾကာင္း ေဒသအေျခစိုက္ ကခ်င္အြန္လိုင္းသတင္းဌာန တခ်ိဳ႕ကလည္း ေရးသားၾကပါတယ္။ ရွဒူးဇြပ္ေက်း႐ြာ အေျခစိုက္ ခလရ ၂၉၇ လက္ေအာက္က ျပည္သူ႔စစ္အဖြဲ႔ေတြဟာ ဒီေဒသေတြမွာ လႈပ္ရွားမႈရွိေနၿပီး ေဒသခံေတြကိုလည္း ေငြေၾကးေကာက္ခံေနတဲ့အတြက္ အခုလို အသိေပး လိုက္တာလို႔ ေရးသားထားတာပါ။ ဒါေၾကာင့္ ျပည္သူ႔စစ္အဖြဲ႔ေတြနဲ႔ KIA ႏွစ္ဘက္ တိုက္ပြဲေတြ ျဖစ္လာႏိုင္တယ္လို႔ ခန႔္မွန္းေနတာလည္း ရွိပါတယ္။ ဗိုလ္မႉးႀကီး ေနာ္ဘူကေတာ့ တႏိုင္းၿမိဳ႕နယ္နားမွာ စစ္တပ္နဲ႔ပဲ တိုက္ပြဲျဖစ္ေနတာ ရွိေၾကာင္း ေျပာပါတယ္။

“လီဒိုလမ္းမ တေလွ်ာက္မွာေပါ့ေနာ္- စစ္ေကာင္စီဘက္က လုံၿခဳံေရးယူေနတဲ့ တပ္ဖြဲ႔ေတြနဲ႔ က်ေနာ္တို႔ ထိေတြ႔ရင္ဆိုင္ တိုက္ပြဲေတြျဖစ္တယ္၊ ေနာက္ၿပီးေတာ့ မိုင္းခြဲၿပီးမွ၊ ၾကားျဖတ္ၿပီးမွ တိုက္ပြဲေတြျဖစ္တယ္။ အဲဒါေတြပဲ ရွိပါတယ္။ ျပည္သူ႔စစ္နဲ႔ က်ေနာ္တို႔ ထိေတြ႔တာေတာ့ မရွိပါဘူး။”

ရွဒူးဇြပ္ေက်း႐ြာက ေ႐ႊလုပ္ကြက္ေတြကို ျပည္သူ႔စစ္အဖြဲ႔ေတြက ေရာင္းခ်ၿပီး အခြန္ေကာက္တာ၊ မူးယစ္ေဆးဝါး ေရာင္းဝယ္တာနဲ႔ ဝင္ေငြရွာေနေၾကာင္း ေ႐ႊတူးေဖာ္ေနတဲ့ လုပ္ငန္းရွင္တဦးက ဗြီအိုေအကိုေျပာပါတယ္။ KIA ဘက္က အသိေပးထားတဲ့အတိုင္း ႏွစ္ဘက္ညႇိႏႈိင္းလို႔ အဆင္မေျပရင္ေတာ့ ထိေတြ႔မႈေတြ ရွိလာႏိုင္တယ္လို႔လည္း သူကခန႔္မွန္းတာပါ။

“KIA တပ္မဟာ (၂) ရဲ႕ တပ္ရင္း (၁၄) ရဲ႕ေန႔ရာျဖစ္တယ္ အဲဒီေနရာက။ ဒီ တပ္ရင္း (၁၄) ရဲ႕ အဝင္အထြက္လမ္းက သူ ( ျပည္သူ႔စစ္ေတြရဲ႕) လမ္းက ျဖတ္သြားတာေလ။ သူတို႔က အဲဒီလမ္းေၾကာင္းေပၚမွာ ဂိတ္လုပ္ထားတာ။ အခု အဲလိုမ်ိဳး ေ႐ႊတူးတဲ့လုပ္ငန္းကို ရပ္ခိုင္းလိုက္တယ္ ဆိုရင္ အဲဒီမွာ နည္းနည္း တင္းမာမႈျဖစ္လာႏိုင္တယ္လို႔ပဲ ေျပာရမွာေပါ့။ အရင္ ယုဇနကုမၸဏီက ပီေလာပီနံ စိုက္ခင္းလုပ္တဲ့ေနရာ၊ အခုက KIA က ယုဇနကုမၸဏီကို ဖ်က္သိမ္းတယ္လို႔ ေျပာရမွာေပါ့ အဲဒီေနာက္ပိုင္းမွာ ျပည္သူ႔စစ္ေတြက အဲဒီေနရာ ေရာင္းၿပီးမွ ေ႐ႊတူးခိုင္းတာေပါ့။ စစ္တပ္ကေတာ့ အဓိကမဟုတ္ဘူး အဲဒီမွာက။ သူတို႔ရဲ႕ ျပည္သူ႔စစ္ေတြရဲ႕ ဝင္ေငြေပါ့။”

ရွဒူးဇြပ္ေက်း႐ြားနားမွာ အေျခစိုက္တဲ့ ခလရ ၂၉၇ တပ္ရင္းကေန တႏိုင္းဘက္ကို ထြက္လာတဲ့ စစ္ယာဥ္တန္းေတြကို KIA တပ္ရင္း ၁၄ က ေအာက္တိုဘာ ၄ ရက္မွာ ၾကားျဖတ္ တိုက္ခိုက္ခဲ့ပါတယ္။ စက္တင္ဘာ အေစာပိုင္းကစလို႔ လီဒိုလမ္းမရဲ႕ျမစ္ႀကီးနား- တႏိုင္း လမ္းပိုင္းေပၚမွာ စစ္တပ္နဲ႔ KIA တပ္ေတြ တိုက္ပြဲျပင္းထန္လာၿပီး ေအာက္တိုဘာ ၁၁ ရက္မွာလည္း လဝါးနဲ႔ ဒြန္ဘန္ေက်း႐ြာနားမွာ ႏွစ္ဘက္တိုက္ပြဲေတြ ျပင္းထန္ခဲ့တာပါ။

လီဒိုလမ္းမေပၚက တိုက္ပြဲျဖစ္ေနတဲ့ ေက်း႐ြာတခ်ိဳ႕က ေဒသခံေတြကေတာ့ ေဘးလြတ္ရာ တိမ္းေရွာင္ေနၾကရၿပီး တိုက္ပြဲေတြ ပိုၿပီးျပင္းထန္လာမွာကိုလည္း စိုးရိမ္ေနၾကတယ္လို႔ ေဒသခံတခ်ိဳ႕က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


======

{Unicode}

တနိုင်း၊ လီဒိုလမ်းပေါ်ကရွှေတူးဖော်ရေးလုပ်ငန်းတွေ ခဏရပ်ထားကြဖို့ KIA အောက်ခြေပိုင်းအုပ်ချုပ်ရေးက အသိပေးထား

စစ်တပ်နဲ့တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်ပြည်နယ်၊ တနိုင်းမြို့ လီဒိုလမ်းမပေါ်က ရှဒူးဇွပ်ကျေးရွာ နားမှာရှိတဲ့ ရွှေတူးဖော်ရေးလုပ်ငန်းအားလုံးကို အောက်တိုဘာ ၁၅ ရက်နောက်ဆုံးထားပြီး ထွက်ခွာပေးဖို့ ကချင်လက်နက်ကိုင် KIA တပ်မဟာ ( ၂) ဘက်က သတိပေးလိုက်ပါတယ်။ KIA ရဲ့ ပြန်ကြားရေးတာဝန်ခံကတော့ ဗဟိုအဆင့်အနေနဲ့ ဒါကိုထုတ်ပြန်တာမဟုတ်ဘဲ အောက် ခြေပိုင်း အုပ်ချုပ်ရေးက ထုတ်ပြန်တာဖြစ်ကြောင်း ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုအောင်မြတ်သူက တင်ပြထားပါတယ်။

တနိုင်းမြို့နယ်၊ ရှဒူးဇွပ်ကျေးရွာနားက ရွှေတူးဖော်ရေးလုပ်ငန်းတွေကနေ ပြည်သူ့စစ်အဖွဲ့တွေက အကျိုးအမြတ်ရယူနေပြီး တပ်အင်အားလည်း တိုးချဲ့လာတဲ့အတွက် ရွှေတူးဖော်နေတဲ့ သူတွေကို အောက်တိုဘာ ၁၅ ရက်နောက်ဆုံးထားပြီး ထွက်ခွာပေးဖို့ KIA ဘက်က အသိပေးလိုက်တာပါ။ KIA/ KIO ဘက်ကတော့ ဗဟိုအဆင့်အနေနဲ့ ဒါကို အသိပေး ကြေညာထားတာ မရှိကြောင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဗွီအိုအေကို ပြောပါတယ်။ ဒါပေမဲ့ တနိုင်းဒေသမှာရှိတဲ့ အောက်ခြေပိုင်း KIA တာဝန်ရှိသူတွေက ညွှန်ကြားထားတယ်ဆိုတာတော့ ဟုတ်မှန်ကြောင်း သူက အခုလို ဖြေကြားခဲ့တာပါ။

“ဟုတ်တယ်၊ ဟုတ်တယ်။ KIO တော့ ဟုတ်မှာပါပေါ့၊ ဒါပေမဲ့ ဒေသအုပ်ချုပ်ရေး ဆိုင်ရာတွေပေါ့။ ကျနော်တို့ ဗဟိုအဆင့်ကနဲ့ ပြောထားတာမဟုတ်ဘူးလို့ ပြောချင်တာပါ။”

ဒီလုပ်ကွက်တွေမှာ နှစ်တိုင်း ရွှေတူးဖော်သူတွေရှိနေပြီး အများစုကတော့ တနိုင်တပိုင် တူးဖော်ကြသူတွေ များတယ်လို့ သူကပြောပါတယ်။

ရှဒူးဇွပ်ကျေးရွာနားက ရွှေမှော်တွေမှာ လုပ်ကိုင်နေသူတွေကို အောက်တိုဘာ ၁၅ ရက်နောက် ဆုံးထားပြီး ထွက်ခွာပေးဖို့ အဲဒီဒေသကို ကွပ်ကဲနေတဲ့ KIA တာဝန်ရှိသူက အသိပေးထားကြောင်း ဒေသအခြေစိုက် ကချင်အွန်လိုင်းသတင်းဌာန တချို့ကလည်း ရေးသားကြပါတယ်။ ရှဒူးဇွပ်ကျေးရွာ အခြေစိုက် ခလရ ၂၉၇ လက်အောက်က ပြည်သူ့စစ်အဖွဲ့တွေဟာ ဒီဒေသတွေမှာ လှုပ်ရှားမှုရှိနေပြီး ဒေသခံတွေကိုလည်း ငွေကြေးကောက်ခံနေတဲ့အတွက် အခုလို အသိပေး လိုက်တာလို့ ရေးသားထားတာပါ။ ဒါကြောင့် ပြည်သူ့စစ်အဖွဲ့တွေနဲ့ KIA နှစ်ဘက် တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေတာလည်း ရှိပါတယ်။ ဗိုလ်မှူးကြီး နော်ဘူကတော့ တနိုင်းမြို့နယ်နားမှာ စစ်တပ်နဲ့ပဲ တိုက်ပွဲဖြစ်နေတာ ရှိကြောင်း ပြောပါတယ်။

“လီဒိုလမ်းမ တလျှောက်မှာပေါ့နော်- စစ်ကောင်စီဘက်က လုံခြုံရေးယူနေတဲ့ တပ်ဖွဲ့တွေနဲ့ ကျနော်တို့ ထိတွေ့ရင်ဆိုင် တိုက်ပွဲတွေဖြစ်တယ်၊ နောက်ပြီးတော့ မိုင်းခွဲပြီးမှ၊ ကြားဖြတ်ပြီးမှ တိုက်ပွဲတွေဖြစ်တယ်။ အဲဒါတွေပဲ ရှိပါတယ်။ ပြည်သူ့စစ်နဲ့ ကျနော်တို့ ထိတွေ့တာတော့ မရှိပါဘူး။”

ရှဒူးဇွပ်ကျေးရွာက ရွှေလုပ်ကွက်တွေကို ပြည်သူ့စစ်အဖွဲ့တွေက ရောင်းချပြီး အခွန်ကောက်တာ၊ မူးယစ်ဆေးဝါး ရောင်းဝယ်တာနဲ့ ဝင်ငွေရှာနေကြောင်း ရွှေတူးဖော်နေတဲ့ လုပ်ငန်းရှင်တဦးက ဗွီအိုအေကိုပြောပါတယ်။ KIA ဘက်က အသိပေးထားတဲ့အတိုင်း နှစ်ဘက်ညှိနှိုင်းလို့ အဆင်မပြေရင်တော့ ထိတွေ့မှုတွေ ရှိလာနိုင်တယ်လို့လည်း သူကခန့်မှန်းတာပါ။

“KIA တပ်မဟာ (၂) ရဲ့ တပ်ရင်း (၁၄) ရဲ့နေ့ရာဖြစ်တယ် အဲဒီနေရာက။ ဒီ တပ်ရင်း (၁၄) ရဲ့ အဝင်အထွက်လမ်းက သူ ( ပြည်သူ့စစ်တွေရဲ့) လမ်းက ဖြတ်သွားတာလေ။ သူတို့က အဲဒီလမ်းကြောင်းပေါ်မှာ ဂိတ်လုပ်ထားတာ။ အခု အဲလိုမျိုး ရွှေတူးတဲ့လုပ်ငန်းကို ရပ်ခိုင်းလိုက်တယ် ဆိုရင် အဲဒီမှာ နည်းနည်း တင်းမာမှုဖြစ်လာနိုင်တယ်လို့ပဲ ပြောရမှာပေါ့။ အရင် ယုဇနကုမ္ပဏီက ပီလောပီနံ စိုက်ခင်းလုပ်တဲ့နေရာ၊ အခုက KIA က ယုဇနကုမ္ပဏီကို ဖျက်သိမ်းတယ်လို့ ပြောရမှာပေါ့ အဲဒီနောက်ပိုင်းမှာ ပြည်သူ့စစ်တွေက အဲဒီနေရာ ရောင်းပြီးမှ ရွှေတူးခိုင်းတာပေါ့။ စစ်တပ်ကတော့ အဓိကမဟုတ်ဘူး အဲဒီမှာက။ သူတို့ရဲ့ ပြည်သူ့စစ်တွေရဲ့ ဝင်ငွေပေါ့။”

ရှဒူးဇွပ်ကျေးရွားနားမှာ အခြေစိုက်တဲ့ ခလရ ၂၉၇ တပ်ရင်းကနေ တနိုင်းဘက်ကို ထွက်လာတဲ့ စစ်ယာဉ်တန်းတွေကို KIA တပ်ရင်း ၁၄ က အောက်တိုဘာ ၄ ရက်မှာ ကြားဖြတ် တိုက်ခိုက်ခဲ့ပါတယ်။ စက်တင်ဘာ အစောပိုင်းကစလို့ လီဒိုလမ်းမရဲ့မြစ်ကြီးနား- တနိုင်း လမ်းပိုင်းပေါ်မှာ စစ်တပ်နဲ့ KIA တပ်တွေ တိုက်ပွဲပြင်းထန်လာပြီး အောက်တိုဘာ ၁၁ ရက်မှာလည်း လဝါးနဲ့ ဒွန်ဘန်ကျေးရွာနားမှာ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။

လီဒိုလမ်းမပေါ်က တိုက်ပွဲဖြစ်နေတဲ့ ကျေးရွာတချို့က ဒေသခံတွေကတော့ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီး တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာမှာကိုလည်း စိုးရိမ်နေကြတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

#MyanmarViolence #KIA #KachinGoldMines #VOABurmese#လီဒိုလမ်း#ရွှေသတ္တုတွင်း#ယုဇနကုမ္ပဏီ#ရှဒူးဇွပ်ကျေးရွာ#KIA#မြစ်ကြီးနား-တနိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG