သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးညှင်းအနီး KIA တပ်ရင်း စစ်ကောင်စီတပ် လေယာဉ်နဲ့ဗုံးကြဲ


KIA စစ်သားများ။ (ယခင်ပုံဟောင်း)
KIA စစ်သားများ။ (ယခင်ပုံဟောင်း)

{{Zawgyi/Unicode}}

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးအနောက်ပိုင်းက ကချင်လက်နက်ကိုင် KIA တပ်ရင်းကို ဒီကနေ့ နိုဝင်ဘာ ၂၅ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အင်းတော်ကြီးဒေသမှာ အခုရက်ပိုင်းအတွင်း နှစ်ဘက်ကြား တိုက်ပွဲဖြစ် တာမရှိဘဲ အခုလို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာပါ။ KIA တပ်စခန်းမှာ PDFပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရှိနိုင်တာကြောင့်လို့ယူဆပြီး တိုက်ခိုက်တာလို့ သုံးသပ်တာတွေ ရှိပါတယ်။ ရန်ကုန်ကလာတဲ့ ကချင်ပြည်နယ်က ဗုံးကြဲ တိုက်ခိုက်မှုသတင်းကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဒီကနေ့မနက်အစောပိုင်းမှာ ဗုံးကြဲတိုက်ခိုက်တဲ့နေရာဟာ မိုးညှင်းမြို့နယ် အင်းတော်ကြီးအနောက်ပိုင်း တုံပေရွာအနီးမှာဖြစ်ပြီး စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်နဲ့ ထိစပ်နေတဲ့နေရာဖြစ်ပါတယ်။

ဗုံးကြဲတိုက်ခိုက်တဲ့နေရာဟာ KIA တပ်ရင်း ၂၆ ရဲ့ စခန်းဖြစ်ကြောင်း နဲ့ ၂၄ ရက်နေ့ ညသန်းခေါင် အကျော်၂၅ ရက်နေ့မနက် ၁ နာရီလောက်မှာဖြစ်ကြောင်း ဒေသခံတဦးက VOA ကို ပြောပါတယ်။

“ဒီနေ့ ည ၁ နာရီလောက်ကနေစပြီးပေါ့နော်။ လေယာဉ် ၂ စီး။ ဒီ မိုင်းနောင်၊ မမုန်ကိုင်ကြော အနောက်ကနေ ဝဲပျံပြီးတော့မှ လေယာဉ် ၂စီးနဲ့ ဗုံးချသွားတာ ရှိသွားတယ်ဗျ။ အဲဒီနေရာက တုံပေ စခန်းဗျ။ ရင်း ၂၆။ ၂ စီးအတူတူလာခဲ့တယ်။ တစီးကို နှစ်လုံး၊ နှစ်လုံးချသွားပြီးတော့ တစီးပြန်သွားပြီးတော့ တစီးကတော့ မိနစ် ၂၀ လောက် နောက်ချန်ပြီးတော့ ဝဲပြီးတော့မှ ကျန်နေခဲ့တာ။ ပြီးတဲ့အချိန်ကျမှ ပြန်တယ်။”

ဒီတိုက်ခိုက်မှုမှာ အနည်းဆုံး လူနှစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ကြားသိရကြောင်းလည်း ပြောပါတယ်။ အင်းတော်ကြီးဒေသမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာဟာ ဒါနဲ့ပါဆို ၂ ကြိမ်ရှိပြီဖြစ်ပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့က ပထမဆုံး တိုက်ခိုက်ခဲ့တာပါ။ အခုလို ဝေဟင်ကနေ တိုက်ခိုက်မှုမလုပ်ခင် မြေပြင်မှာ ကင်းထောက်တာတွေ လုပ်ပြီးတဲ့နောက် တိုက်ခိုက်တာ ဖြစ်ကြောင်းလည်း ဒေသခံက ပြောပါတယ်။

အင်းတော်ကြီးဒေသ တိုက်ခိုက်တာနဲ့ပတ်သက်ပြီး KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပါတယ်။

“အင်းတော်ကြီးဒေသမှာ တိုက်ပွဲကတော့မဟုတ်ဘူး။ မနေ့က ညသန်းခေါင်ယံအချိန်မှာပေါ့နော်၊ စစ်ကောင်စီဘက်ကနေ ကျနော်တို့ တပ်ရင်း ၂၆ ဘက်မှာ လေကြောင်းကနေ ဗုံးကြဲတယ်ဆိုတဲ့သတင်းကတော့ ရပါတယ်။ ည သန်းခေါင်ပေါ့။ တနာရီမှာ တကြိမ်၊ နောက် တနာရီခြားပေါ့။ နှစ်နာရီခွဲ အချိန်လောက်မှာ တခါ လာကြဲတယ်ဆိုတာ ကြားပါတယ်။”

အသေးစိတ်အခြေအနေကိုတော့ မသိရသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ လက်ရှိ လေကြောင်းက တိုက်ခိုက်တဲ့နေရာမှာ PDF အဖွဲ့တွေ ခိုအောင်းနေတယ်လို့ ယူဆပြီး တိုက်ခိုက်တာ ဖြစ်နိုင်ကြောင်း ဒေသခံတွေက ခန့်မှန်းကြတာကို ဗိုလ်မှူးကြီးနော်ဘူကလည်း သဘောတူပါတယ်။

“အဲဒါလည်း ဖြစ်မှာပေါ့။ ဟို စစ်ကိုင်းဘက် အစပ်တွေ ဖြစ်နေတာ။”

အင်းတော်ကြီးဒေသ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူကို မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတော့ လက်ရှိ လေကြောင်းက တိုက်ခိုက်တဲ့နေရာနဲ့ ဆက်စပ်နေတဲ့ ဖားကန့်မြို့နယ်အတွင်းမှာ KIA က စစ်ကောင်စီတပ်စခန်းအချို့ကို တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်း၊ ဝန်းသိုနဲ့ ပင်လည်ဘူးဒေသဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF အဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်နေပြီး စက်တင်ဘာလ ၂၆ ရက်နေ့ ကတည်းက တယ်လီဖုန်းနဲ့ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

=============

{{Unicode}}
















=============

XS
SM
MD
LG