သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ရွမ္းေျမာက္နဲ႔ ကခ်င္မွာ KIA နဲ႔ စစ္ေကာင္စီတပ္ေတြအၾကား တိုက္ပြဲျဖစ္ပြား


ကခ်င္တုိင္းရင္းသား လက္နက္ကိုင္တပ္ဖြဲ႔မ်ား။ (ယခင္ပံုေဟာင္း)

{{Zawgyi/Unicode}}

ရွမ္းျပည္နယ္ေျမာက္ပိုင္းကြတ္ခိုင္ၿမိဳ႕နယ္အတြင္းမွာ ဒီမနက္ခင္းက စစ္ေကာင္စီတပ္နဲ႔ ကခ်င္ KIA နဲ႔ကိုးကန႔္ MNDAA ပူးေပါင္းတပ္ေတြအၾကား နာရီဝက္ခန႔္ တိုက္ပြဲျဖစ္ပြားခဲ့သလို ကခ်င္ျပည္နယ္ မိုးညႇင္းၿမိဳ႕နယ္ အင္းေတာ္ႀကီးေဒသဘက္မွာလည္း စစ္ေကာင္စီတပ္နဲ႔ ကခ်င္ KIA အၾကား တိုက္ပြဲျဖစ္ခဲ့ပါတယ္။ ရန္ကုန္ကလာတဲ့ ရွမ္းေျမာက္နဲ႔ ကခ်င္ ျပည္နယ္က တိုက္ပြဲသတင္းကို ကိုေအာင္ျမတ္သူက တင္ျပေပးထားပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းနဲ႔ ကခ်င္ျပည္နယ္အတြင္းမွာ ဒီရက္ပိုင္းအတြင္း တိုက္ပြဲျဖစ္ပြားတာ၊ မိုင္းခြဲတာေတြ ေန႔စဥ္လို ျဖစ္ပြားေနၿပီး ဒီကေန႔ မနက္ခင္းမွာေတာ့ ကြတ္ခိုင္ၿမိဳ႕နယ္ ျပည္ေထာင္စု ကားလမ္းရဲ႕ အေနာက္ဘက္ျခမ္းမွာ တိုက္ပြဲျဖစ္ခဲ့တာပါ။

ဒီေန႔ တိုက္ပြဲျဖစ္ပြားတဲ့ေနရာဟာ လြယ္ေဂၚ႐ြာ အနီးမွာျဖစ္ေၾကာင္း ကြတ္ခိုင္ေဒသခံတဦးက VOA ကို အခုလို ေျပာပါတယ္။

“လြယ္ေဂၚ ေဘးနားမွာ တိုက္ပြဲျဖစ္တယ္တဲ့။ အဲဒီနားမွာ လက္နက္ႀကီးက ၃လုံးေလာက္ေတာ့ ပစ္တယ္တဲ့။ မနက္က ၉ နာရီထိုးေလာက္မွာ ျဖစ္တယ္လို႔ ေျပာတယ္။ နာရီဝက္ေက်ာ္ေက်ာ္ေလာက္ေတာ့ ၾကာတယ္လို႔ ေျပာတယ္။ ဒီေန႔က ကာလိုင္ေဈးေန႔ဆိုေတာ့ ေဈးေတာင္အေစာႀကီး ကြဲသြားတယ္တဲ့။ ကာလိုင္နဲ႔ဆိုရင္ေတာ့ ၃ မိုင္ေလာက္ ေဝးတာေပါ့။ KIA နဲ႔ ကိုးကန႔္နဲ႔ အဲဒီနားမွာ ေပါင္းေနတာ ရွိတယ္တဲ့။ အထိအခိုက္ေတာ့ ဘာမွ မၾကားဘူးဗ်။ ”

အျခားကြတ္ခိုင္ေဒသခံတဦးကလည္း တိုက္ပြဲျဖစ္ပြားမႈအေျခအေနကို အခုလို ေျပာပါတယ္။

“၈ နာရီခြဲ ၉ နာရီ ဝန္းက်င္ေလာက္ေပါ့။ ကြတ္ခိုင္ရဲ႕ အေနာက္ဘက္ေပါ့။ ကာလိုင္၊ လြယ္ေဂၚဘက္ေပါ့။ လြယ္ေဂၚ႐ြာေဘးလို႔ ေျပာတယ္။ ၁၀ နာရီဝန္းက်င္ေလာက္ေတာ့ ေလယာဥ္တစီးလာတယ္လို႔ေတာ့ ေျပာၾကတာပဲ။ ကာလိုင္ဘက္က လူေတြ ေျပာတာေပါ့ေနာ္။”

သူကေတာ့ တိုက္ပြဲျဖစ္ပြားတာဟာ စစ္ေကာင္စီတပ္နဲ႔ ကိုးကန႔္ MNDAA အၾကားျဖစ္ပြားတာလို႔ ေျပာပါတယ္။

ႏိုဝင္ဘာလ ၂၈ ရက္ေန႔ကလည္း ကြတ္ခိုင္ၿမိဳ႕နယ္ မန္ၿပိန္း႐ြာအနီးမွာ စစ္ေကာင္စီတပ္နဲ႔ ကခ်င္ KIA နဲ႔ကိုးကန႔္ MNDAA ပူးေပါင္းတပ္ေတြအၾကား တိုက္ပြဲျဖစ္ခဲ့ေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

ဒီေန႔ မနက္ ၈ နာရီေလာက္မွာလည္း ကခ်င္ျပည္နယ္ မိုးညႇင္းၿမိဳ႕နယ္ အင္းေတာ္ႀကီး ေဒသဘက္မွာ စစ္ေကာင္စီတပ္နဲ႔ ကခ်င္ KIA တပ္ဖြဲ႕ၾကား တိုက္ပြဲ တႀကိမ္ျဖစ္ခဲ့ပါတယ္။

ဒီတိုက္ပြဲဟာ စစ္ေကာင္စီတပ္ေတြက မိုးညႇင္းၿမိဳ႕နယ္ အင္းေတာ္ႀကီးေဒသ ေညာင္ပင္႐ြာဘက္ကို စစ္ေၾကာင္းလွည့္စဥ္ ေဒသတြင္းအေျခစိုက္ KIA တပ္ရင္း ၂၆ က တပ္ဖြဲ႔ဝင္ေတြနဲ႔ အခ်ိန္တို ထိေတြ႔တိုက္ပြဲျဖစ္ခဲ့တာ ျဖစ္ေၾကာင္း မိုးညႇင္း ေဒသခံက ေျပာပါတယ္။

“တိုက္ပြဲျဖစ္တာက ၂၆ ဘက္မွာ။ က်ေနာ္တို႔ ေညာင္ပင္႐ြာနားေလးမွာ မနက္ပိုင္းက ခနေလးပဲ။ စကစေတြဘက္က လႈပ္ရွားေလး ရွိလာခဲ့တာေလ။ လႈပ္ရွားေလးေတြ ရွိလာခဲ့လို႔ ျဖစ္လိုက္တာ။ အၾကာႀကီးလည္း မဟုတ္ပါဘူး။ လႈပ္ရွားက သူတို႔ နားေလးကေနၿပီးေတာ့မွ သူတို႔ဘက္ကို ကြၽံလာတဲ့ သေဘာေပါ့။ အဲဒါေၾကာင့္ ပစ္ခတ္မႈေလး ျဖစ္သြားတာ။ ”

ထိခိုက္မႈအေျခအေနကို မသိရေၾကာင္းလည္း ေျပာပါတယ္။

KIA ရဲ႕ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီး ေနာ္ဘူက လက္ရွိ ရွမ္းျပည္နယ္ေျမာက္ ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္မွာ ျဖစ္ပြားတဲ့ တိုက္ပြဲနဲ႔ ပတ္သတ္လို႔ ေအာက္ေျခတပ္ေတြက သတင္းေပးပို႔လာတာ မရွိေသးေၾကာင္း ေျပာပါတယ္။

“က်ေနာ္လည္း လိုင္းေပၚ သတင္းေလာက္ပဲ ၾကားပါတယ္။ ျပည္သူလူထုဘက္က သတင္းေလာက္ပဲ ရွိပါတယ္ခင္ဗ်။ က်ေနာ္တို႔ဘက္ကနဲ႔ တရားဝင္ တပ္ပိုင္းဆိုင္ ရာ သတင္းကေတာ့ ဘာမွ ေသခ်ာ မရဘူးခင္ဗ်။”

ကခ်င္ျပည္နယ္ မိုးညႇင္းၿမိဳ႕နယ္ အင္းေတာ္ႀကီးေဒသ တိုက္ပြဲသတင္းကိုေတာ့ မၾကား သိရေသးေၾကာင္း ေျပာပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၂၅ရက္ေန႔ကေတာ့ စစ္ကိုင္းတိုင္းနဲ႔ ကခ်င္ျပည္နယ္ နယ္စပ္ အင္းေတာ္ႀကီးရဲ႕ အေနာက္ဘက္ တုံေပ႐ြာအနီးက KIA တပ္ရင္း ၂၆ အေျခစိုက္ စခန္းကို စစ္ေကာင္စီတပ္ဘက္က ေလေၾကာင္းကေန ဗုံးႀကဲတိုက္ခိုက္တာ ရွိခဲ့ဖူးပါတယ္။

အဲဒီရက္က ႏွစ္ဘက္တိုက္ေတြအၾကား တိုက္ပြဲျဖစ္ပြားတာမရွိဘဲ ေလေၾကာင္းက တိုက္ခိုက္တာဟာ KIA တပ္ရင္း ၂၆ ဘက္မွာ PDF အဖြဲ႔ေတြ ခိုေအာင္းေနတာေၾကာင့္ျဖစ္ႏိုင္ေၾကာင္း သုံးသပ္ၾကပါတယ္။

ျမန္မာစစ္ေကာင္စီဘက္ကေတာ့ PDF ျပည္သူ႔ကာကြယ္ေရးတပ္ေတြကို KIA အပါအဝင္ တိုင္းရင္းသားလက္နက္ကိုင္အခ်ိဳ႕က သင္တန္းေပးတာေတြ အကူအညီေပးတာေတြရွိတယ္လို႔ မၾကာမၾကာထုတ္ျပန္ေျပာဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

{{Unicode}}

ရှမ်းမြောက်နဲ့ ကချင်မှာ KIA နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်အတွင်းမှာ ဒီမနက်ခင်းက စစ်ကောင်စီတပ်နဲ့ ကချင် KIA နဲ့ကိုးကန့် MNDAA ပူးပေါင်းတပ်တွေအကြား နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သလို ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ ကချင် KIA အကြား တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့ ရှမ်းမြောက်နဲ့ ကချင် ပြည်နယ်က တိုက်ပွဲသတင်းကို ကိုအောင်မြတ်သူက တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်အတွင်းမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားတာ၊ မိုင်းခွဲတာတွေ နေ့စဉ်လို ဖြစ်ပွားနေပြီး ဒီကနေ့ မနက်ခင်းမှာတော့ ကွတ်ခိုင်မြို့နယ် ပြည်ထောင်စု ကားလမ်းရဲ့ အနောက်ဘက်ခြမ်းမှာ တိုက်ပွဲဖြစ်ခဲ့တာပါ။

ဒီနေ့ တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ လွယ်ဂေါ်ရွာ အနီးမှာဖြစ်ကြောင်း ကွတ်ခိုင်ဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။

“လွယ်ဂေါ် ဘေးနားမှာ တိုက်ပွဲဖြစ်တယ်တဲ့။ အဲဒီနားမှာ လက်နက်ကြီးက ၃လုံးလောက်တော့ ပစ်တယ်တဲ့။ မနက်က ၉ နာရီထိုးလောက်မှာ ဖြစ်တယ်လို့ ပြောတယ်။ နာရီဝက်ကျော်ကျော်လောက်တော့ ကြာတယ်လို့ ပြောတယ်။ ဒီနေ့က ကာလိုင်ဈေးနေ့ဆိုတော့ ဈေးတောင်အစောကြီး ကွဲသွားတယ်တဲ့။ ကာလိုင်နဲ့ဆိုရင်တော့ ၃ မိုင်လောက် ဝေးတာပေါ့။ KIA နဲ့ ကိုးကန့်နဲ့ အဲဒီနားမှာ ပေါင်းနေတာ ရှိတယ်တဲ့။ အထိအခိုက်တော့ ဘာမှ မကြားဘူးဗျ။ ”

အခြားကွတ်ခိုင်ဒေသခံတဦးကလည်း တိုက်ပွဲဖြစ်ပွားမှုအခြေအနေကို အခုလို ပြောပါတယ်။

“၈ နာရီခွဲ ၉ နာရီ ဝန်းကျင်လောက်ပေါ့။ ကွတ်ခိုင်ရဲ့ အနောက်ဘက်ပေါ့။ ကာလိုင်၊ လွယ်ဂေါ်ဘက်ပေါ့။ လွယ်ဂေါ်ရွာဘေးလို့ ပြောတယ်။ ၁၀ နာရီဝန်းကျင်လောက်တော့ လေယာဉ်တစီးလာတယ်လို့တော့ ပြောကြတာပဲ။ ကာလိုင်ဘက်က လူတွေ ပြောတာပေါ့နော်။”

သူကတော့ တိုက်ပွဲဖြစ်ပွားတာဟာ စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA အကြားဖြစ်ပွားတာလို့ ပြောပါတယ်။

နိုဝင်ဘာလ ၂၈ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ် မန်ပြိန်းရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကချင် KIA နဲ့ကိုးကန့် MNDAA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ မနက် ၈ နာရီလောက်မှာလည်း ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီး ဒေသဘက်မှာ စစ်ကောင်စီတပ်နဲ့ ကချင် KIA တပ်ဖွဲ့ကြား တိုက်ပွဲ တကြိမ်ဖြစ်ခဲ့ပါတယ်။

ဒီတိုက်ပွဲဟာ စစ်ကောင်စီတပ်တွေက မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ညောင်ပင်ရွာဘက်ကို စစ်ကြောင်းလှည့်စဉ် ဒေသတွင်းအခြေစိုက် KIA တပ်ရင်း ၂၆ က တပ်ဖွဲ့ဝင်တွေနဲ့ အချိန်တို ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာ ဖြစ်ကြောင်း မိုးညှင်း ဒေသခံက ပြောပါတယ်။

“တိုက်ပွဲဖြစ်တာက ၂၆ ဘက်မှာ။ ကျနော်တို့ ညောင်ပင်ရွာနားလေးမှာ မနက်ပိုင်းက ခနလေးပဲ။ စကစတွေဘက်က လှုပ်ရှားလေး ရှိလာခဲ့တာလေ။ လှုပ်ရှားလေးတွေ ရှိလာခဲ့လို့ ဖြစ်လိုက်တာ။ အကြာကြီးလည်း မဟုတ်ပါဘူး။ လှုပ်ရှားက သူတို့ နားလေးကနေပြီးတော့မှ သူတို့ဘက်ကို ကျွံလာတဲ့ သဘောပေါ့။ အဲဒါကြောင့် ပစ်ခတ်မှုလေး ဖြစ်သွားတာ။ ”

ထိခိုက်မှုအခြေအနေကို မသိရကြောင်းလည်း ပြောပါတယ်။

KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက လက်ရှိ ရှမ်းပြည်နယ်မြောက် ပိုင်း ကွတ်ခိုင်မြို့နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲနဲ့ ပတ်သတ်လို့ အောက်ခြေတပ်တွေက သတင်းပေးပို့လာတာ မရှိသေးကြောင်း ပြောပါတယ်။

“ကျနော်လည်း လိုင်းပေါ် သတင်းလောက်ပဲ ကြားပါတယ်။ ပြည်သူလူထုဘက်က သတင်းလောက်ပဲ ရှိပါတယ်ခင်ဗျ။ ကျနော်တို့ဘက်ကနဲ့ တရားဝင် တပ်ပိုင်းဆိုင် ရာ သတင်းကတော့ ဘာမှ သေချာ မရဘူးခင်ဗျ။”

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ တိုက်ပွဲသတင်းကိုတော့ မကြား သိရသေးကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ရက်နေ့ကတော့ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် နယ်စပ် အင်းတော်ကြီးရဲ့ အနောက်ဘက် တုံပေရွာအနီးက KIA တပ်ရင်း ၂၆ အခြေစိုက် စခန်းကို စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ရှိခဲ့ဖူးပါတယ်။

အဲဒီရက်က နှစ်ဘက်တိုက်တွေအကြား တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းက တိုက်ခိုက်တာဟာ KIA တပ်ရင်း ၂၆ ဘက်မှာ PDF အဖွဲ့တွေ ခိုအောင်းနေတာကြောင့်ဖြစ်နိုင်ကြောင်း သုံးသပ်ကြပါတယ်။

မြန်မာစစ်ကောင်စီဘက်ကတော့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေကို KIA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အချို့က သင်တန်းပေးတာတွေ အကူအညီပေးတာတွေရှိတယ်လို့ မကြာမကြာထုတ်ပြန်ပြောဆိုပါတယ်။

#MyanmarMilitary #MyanmarViolence #KIA #VOABurmese

#ကိုးကန့်MNDAA#KIA#မိုးညှင်း #စစ်ကိုင်းတုံပေ

==============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG