သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒီပဲယင္းအေရွ႕ျခမ္း ေက်းရြာတခ်ိဳ႕ ဒုတိယအႀကိမ္ မီးရိႈ႕ခံရ 


ဒီပဲယင္း ၿမိဳ႕နယ္အတြင္းက စစ္ေဘးေရွာင္ဒုကၡသည္မ်ား (ဒီဇင္ဘာ ၆၊ ၂၀၂၂/Photo: CJ) Depeyin/Tapeyin

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္းေဒသႀကီး ဒီပဲယင္းၿမိဳ႕နယ္ အေရွ႕ျခမ္းမွာ စစ္ေကာင္စီက ဒီဇင္ဘာ ၁ ရက္ကစလို႔ နယ္ေျမရွင္းလင္းေနတာမွာ အရင္က မီးရိႈ႕ခံခဲ့ရဖူးတဲ့ ေက်းရြာတခ်ိဳ႕ အခုတႀကိမ္ထပ္ၿပီး မီးရိႈ႕ဖ်က္ဆီးခံေနရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီပဲယင္းေဒသ စစ္ဆင္ေရးအေျခအေန ရန္ကုန္ကေန စုံစမ္း ေမးျမန္းထားတာကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ဒီဇင္ဘာ ၁ ရက္ေန႔ကစတဲ့ စစ္ေကာင္စီတပ္ဖြဲ႔ေတြရဲ႕ စစ္ဆင္ေရးေၾကာင့္ ေက်း႐ြာေနအိမ္တခ်ိဳ႕ မီးေလာင္ဆံုးရံႈးခဲ့ရၿပီး ေဒသခံေတြလည္း အိုးအိမ္စြန႔္ခြာ တိမ္းေရွာင္ေနၾကရပါတယ္။ ဒီပဲယင္းေက်း႐ြာ အေရွ႕ျခမ္း နယ္ေျမရွင္းလင္းတဲ့ အေျခအေနေတြနဲ႔ပတ္သက္လို႔ ေဒသခံတဦးက အခုလို ေျပာပါတယ္။

“မီးရႈိ႕ခံရတဲ့ေက်း႐ြာက ၁၀ ႐ြာေလာက္ရွိေနၿပီ။ ထြက္ေျပးေနရတဲ့ ေက်း႐ြာက အနည္းဆုံး ၂၀ ေလာက္ ရွိတယ္။ လက္ရွိက ၂ ႐ြာရႈိ႕ေနတယ္။ နမ်ားရယ္၊ အင္ပင္ရယ္ ၂ ႐ြာရႈိ႕ေနတယ္။ တိုက္ပြဲေတြျဖစ္တာေတာ့ မရွိဘူး။ သူတို႔ဘာသာသူတို႔ ဒီအတိုင္းပဲ စစ္ေၾကာင္းထိုးဝင္လာတာပဲ။ ေန႔စဥ္ရက္ဆက္ စစ္ေၾကာင္းက ထိုးေနေတာ့ တ႐ြာဝင္ရႈိ႕ တ႐ြာဝင္ရႈိ႕နဲ႔ ေန႔တိုင္းလိုလိုပဲ။ ဒီပဲယင္းနယ္ အေရွ႕ျခမ္း႐ြာေတြကို ဖ်က္ဆီးေနတာ။ စစ္ေဘးေရွာင္ေတြက ႐ြာေတြမွာ ဘယ္လိုမွ မႏိုင္ေအာင္ကိုပဲ။ ခ်က္ျပဳတ္ေကြၽးတာေကာ ေနစရာေနရာကအစ မရွိဘူး။ လမ္းမေပၚမွာအိပ္နဲ႔ စစ္ေဘးေရွာင္ေတြလည္း အေတာ္ဒုကၡေရာက္တယ္။ ကူညီရတဲ့႐ြာေတြလည္း ေတာ္ေတာ္ခက္ခက္ခဲခဲ ျဖစ္ေနတယ္။”

မီးရႈိ႕ခံရတဲ့ေက်း႐ြာေတြဟာ ေညာင္လွ၊ နမ်ား၊ မ႐ိုးကုန္း ၊ ဘန႔္ေဘြး ၊ ကုန္းႀကီး ၊ မရကန္ ၊ အင္ပင္ ၊ ကုန္းတဲ စတဲ့ ေက်း႐ြာေတြျဖစ္ၿပီး အဲ့ဒီေက်း႐ြာေတြထဲမွာ ေညာင္လွေက်း႐ြာနဲ႔ နမ်ားေက်း႐ြာဟာ ဒီတႀကိမ္ဆိုရင္ ဒုတိယအႀကိမ္ မီးရႈိ႕ခံရတာလည္းျဖစ္ပါတယ္။ ျမန္မာစစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းမႈ စစ္ဆင္ေရးေတြ ဆက္ ရွိေနတာေၾကာင့္လည္း ေဒသခံေတြ ေနရပ္မျပန္ႏိုင္သလို မီးေလာင္တဲ့ အိမ္ေျခ အေရအတြက္ကိုလည္း အတိအက် သိဖို႔ခက္ေနပါတယ္။ အခု နယ္ေျမရွင္းလင္းေရး ဝင္ေနတဲ့အထဲမွာ အခုႏွစ္ စက္တင္ဘာလတုန္းက ျမန္မာစစ္တပ္က ေလေၾကာင္းကေန ပစ္ခတ္လို႔ ကေလးငယ္တခ်ိဳ႕ ေသဆုံးခဲ့တဲ့ ေနရာလည္း ပါဝင္ပါတယ္။

စစ္ေကာင္စီဘက္ကေတာ့ KIA နဲ႔ PDF အဖြဲ႕ေတြ မီးရႈိ႕တဲ့အတြက္ စစ္ကိုင္းတိုင္းအတြင္း အခုႏွစ္ ၂၀၂၂ ခုႏွစ္ထဲမွာ အိမ္ေျခ ၂၄၈ လုံး မီးေလာင္ကြၽမ္းခဲ့တယ္လို႔ ထုတ္ျပန္ခဲ့ၿပီး ေဒသခံအရပ္သားေတြကေတာ့ ျမန္မာစစ္တပ္က မီးရႈိ႕တာလို႔ ေျပာပါတယ္။ စစ္ကိုင္းတိုင္းအတြင္း စစ္ေကာင္စီ အမာခံေက်း႐ြာေတြ ရွိသလို တဘက္မွာ စစ္ေကာင္စီကို ဆန႔္က်င္တဲ့ ေက်း႐ြာေတြလည္း ရွိေနတာေၾကာင့္ အျပန္အလွန္ တိုက္ခိုက္မႈေတြလည္း ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

===================

[[Unicode]]


ဒီပဲယင်းအရှေ့ခြမ်း ကျေးရွာတချို့ ဒုတိယအကြိမ် မီးရှို့ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းမှာ စစ်ကောင်စီက ဒီဇင်ဘာ ၁ ရက်ကစလို့ နယ်မြေရှင်းလင်းနေတာမှာ အရင်က မီးရှို့ခံခဲ့ရဖူးတဲ့ ကျေးရွာတချို့ အခုတကြိမ်ထပ်ပြီး မီးရှို့ဖျက်ဆီးခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီပဲယင်းဒေသ စစ်ဆင်ရေးအခြေအနေ ရန်ကုန်ကနေ စုံစမ်း မေးမြန်းထားတာကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့ကစတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးကြောင့် ကျေးရွာနေအိမ်တချို့ မီးလောင်ဆုံးရှုံးခဲ့ရပြီး ဒေသခံတွေလည်း အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။ ဒီပဲယင်းကျေးရွာ အရှေ့ခြမ်း နယ်မြေရှင်းလင်းတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“မီးရှို့ခံရတဲ့ကျေးရွာက ၁၀ ရွာလောက်ရှိနေပြီ။ ထွက်ပြေးနေရတဲ့ ကျေးရွာက အနည်းဆုံး ၂၀ လောက် ရှိတယ်။ လက်ရှိက ၂ ရွာရှို့နေတယ်။ နများရယ်၊ အင်ပင်ရယ် ၂ ရွာရှို့နေတယ်။ တိုက်ပွဲတွေဖြစ်တာတော့ မရှိဘူး။ သူတို့ဘာသာသူတို့ ဒီအတိုင်းပဲ စစ်ကြောင်းထိုးဝင်လာတာပဲ။ နေ့စဉ်ရက်ဆက် စစ်ကြောင်းက ထိုးနေတော့ တရွာဝင်ရှို့ တရွာဝင်ရှို့နဲ့ နေ့တိုင်းလိုလိုပဲ။ ဒီပဲယင်းနယ် အရှေ့ခြမ်းရွာတွေကို ဖျက်ဆီးနေတာ။ စစ်ဘေးရှောင်တွေက ရွာတွေမှာ ဘယ်လိုမှ မနိုင်အောင်ကိုပဲ။ ချက်ပြုတ်ကျွေးတာကော နေစရာနေရာကအစ မရှိဘူး။ လမ်းမပေါ်မှာအိပ်နဲ့ စစ်ဘေးရှောင်တွေလည်း အတော်ဒုက္ခရောက်တယ်။ ကူညီရတဲ့ရွာတွေလည်း တော်တော်ခက်ခက်ခဲခဲ ဖြစ်နေတယ်။”

မီးရှို့ခံရတဲ့ကျေးရွာတွေဟာ ညောင်လှ၊ နများ၊ မရိုးကုန်း ၊ ဘန့်ဘွေး ၊ ကုန်းကြီး ၊ မရကန် ၊ အင်ပင် ၊ ကုန်းတဲ စတဲ့ ကျေးရွာတွေဖြစ်ပြီး အဲ့ဒီကျေးရွာတွေထဲမှာ ညောင်လှကျေးရွာနဲ့ နများကျေးရွာဟာ ဒီတကြိမ်ဆိုရင် ဒုတိယအကြိမ် မီးရှို့ခံရတာလည်းဖြစ်ပါတယ်။ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးတွေ ဆက် ရှိနေတာကြောင့်လည်း ဒေသခံတွေ နေရပ်မပြန်နိုင်သလို မီးလောင်တဲ့ အိမ်ခြေ အရေအတွက်ကိုလည်း အတိအကျ သိဖို့ခက်နေပါတယ်။ အခု နယ်မြေရှင်းလင်းရေး ဝင်နေတဲ့အထဲမှာ အခုနှစ် စက်တင်ဘာလတုန်းက မြန်မာစစ်တပ်က လေကြောင်းကနေ ပစ်ခတ်လို့ ကလေးငယ်တချို့ သေဆုံးခဲ့တဲ့ နေရာလည်း ပါဝင်ပါတယ်။

စစ်ကောင်စီဘက်ကတော့ KIA နဲ့ PDF အဖွဲ့တွေ မီးရှို့တဲ့အတွက် စစ်ကိုင်းတိုင်းအတွင်း အခုနှစ် ၂၀၂၂ ခုနှစ်ထဲမှာ အိမ်ခြေ ၂၄၈ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပြီး ဒေသခံအရပ်သားတွေကတော့ မြန်မာစစ်တပ်က မီးရှို့တာလို့ ပြောပါတယ်။ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ အမာခံကျေးရွာတွေ ရှိသလို တဘက်မှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ ကျေးရွာတွေလည်း ရှိနေတာကြောင့် အပြန်အလှန် တိုက်ခိုက်မှုတွေလည်း ရှိနေပါတယ်။

XS
SM
MD
LG