သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္တပ္ နယ္ေျမရွင္းလင္းမႈေၾကာင့္ ကန႔္ဘလူေဒသခံ ေသာင္းနဲ႔ခ်ီ ထြက္ေျပး 


ကန္႔ဘလူ ၿမိဳ႕နယ္အတြင္းက မီး႐ိႈ႕ခံရတဲ့ ရြာျမင္ကြင္း (ဒီဇင္ဘာ ၅၊ ၂၀၂၂/Photo: CJ) 

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း ကန႔္ဘလူၿမိဳ႕နယ္အတြင္းက ေက်း႐ြာေတြကို ျမန္မာစစ္တပ္က ဆက္တိုက္ နယ္ေျမရွင္းလင္းေနတာေၾကာင့္ ေဒသခံေတြ ေသာင္းနဲ႔ခ်ီ ထြက္ေျပးေနၾကရပါတယ္။ ပင့္သာေက်း႐ြာကို ဒီဇင္ဘာ ၅ ရက္ေန႔မွာ ၃ ႀကိမ္ေျမာက္ ထပ္ဝင္လာၿပီး ေနအိမ္တခ်ိဳ႕ကိုလည္း ျမန္မာစစ္တပ္ဘက္က မီးရႈိ႕ခဲ့ၾကတယ္လို႔ ေဒသခံေတြက ေျပာၾကပါတယ္။ ပင့္သာ႐ြာကို ဒုတိယအႀကိမ္ဝင္ေရာက္ခဲ့ၾကတုန္းက ျမန္မာစစ္တပ္က ႐ြာအတြင္းမွာ ေျမျမႇဳပ္မိုင္းေထာင္ထားခဲ့လို႔ ႐ြာကို ျပန္ဝင္ၾကတဲ့အခါ ႐ြားသားတဦး မိုင္းထိခဲ့တာေၾကာင့္ ခုတႀကိမ္မွာ ႐ြာသားေတြ ႐ြာထဲကို ျပန္မဝင္ရဲၾကဘူးလို႔ ေဒသခံေတြက ဆိုၾကပါတယ္။ ဒီအေၾကာင္း အျပည့္အစုံ ရန္ကုန္က လာတဲ့သတင္းကို ကိုဝင္းခန႔္ေမာင္က တင္ျပထားပါတယ္။

ကန႔္ဘလူၿမိဳ႕နယ္ ပင့္သာေက်း႐ြာကို ဒီဇင္ဘာ ၅ ရက္ေန႔ ျမန္မာစစ္တပ္က ဝင္ေရာက္ နယ္ေျမရွင္းလင္းေရးလုပ္ၿပီး ေနအိမ္တခ်ိဳ႕ကို မီးရႈိ႕ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီတႀကိမ္ပါဆိုရင္ ပင့္သာေက်း႐ြာမွာ ေနအိမ္ေတြ မီးရႈိ႕ခံရတာ ၃ ႀကိမ္ရွိၿပီလို႔လည္း ေဒသခံေတြက ေျပာပါတယ္။ အိမ္ေျခ ၆၀၀ ေက်ာ္ရွိတဲ့ထဲက ၁၀၀ နီးပါး မီးရႈိ႕ခံခဲ့ရတာျဖစ္ပါတယ္။

ႏိုဝင္ဘာလက ျမန္မာစစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရးစစ္ေၾကာင္း ထြက္သြားၿပီးခ်ိန္မွာ ပင့္သာ႐ြာအတြင္းက ေနအိမ္ၿခံဝင္းမွာ မိုင္း၂ လုံး ေတြ႔ရွိခဲ့ၿပီး တလုံးေပါက္ကြဲခဲ့တာေၾကာင့္ ႐ြာသားတဦး ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ ေဒသခံတခ်ိဳ႕က ေျပာပါတယ္။ အဲ့ဒီလို မိုင္းအႏၲရာယ္ကို ႀကဳံရၿပီးေနာက္ ႐ြာသားေတြက စစ္ေၾကာင္းေတြ ႐ြာက ထြက္ၿပီးခ်ိန္မွာေတာင္ ႐ြာထဲကို ျပန္မဝင္ရဲ ျဖစ္ေနၾကတယ္လို႔ ေဒသခံတဦးက ခုလိုေျပာပါတယ္။

“က်ေနာ္တို႔ဆီကို ဝင္ၿပီး မီးရႈိ႕တာဆိုရင္ ဒီတႀကိမ္နဲ႔ဆို ၃ ႀကိမ္ရွိသြားပါၿပီဗ်။ ၈ လ ပိုင္းတုန္းက တႀကိမ္၊ ၁၁ လပိုင္း ၁၃ ရက္ေန႔တုန္းက တႀကိမ္ ရႈိ႕တယ္။ အခု ၁၂ လပိုင္း ၅ ရက္ေန႔မွာ တႀကိမ္ဝင္ၿပီးေတာ့မွ ရႈိ႕သြားပါတယ္ခင္ဗ်။ က်ေနာ္တို႔ ႐ြာသားေတြက ခုေလာေလာဆယ္ ႐ြာထဲကို ျပန္မဝင္ရဲေသးဘူးဗ်။ ဒုတိယတႀကိမ္စစ္ေၾကာင္းမွာက သူတို႔က နင္းမိုင္းေတြပါ ေထာင္ထားခဲ့တာဗ်။ နင္းမိုင္း ေထာင္ထားခဲ့ေတာ့ ျပည္သူတဦးက ေျခေထာက္ျပတ္သြားတာဗ်၊ ဒုကၡိတ ျဖစ္သြားတာေပါ့ဗ်ာ။ အဲ့ဒါေၾကာင့္မို႔လို႔ ခုစစ္ေၾကာင္းက အခု ခ်ပ္သင္းဘက္ကို ေရာက္သြားၿပီ။ သို႔ေသာ္ အခုေလာေလာဆယ္ ႐ြာသားေတြက အဲ့လို နင္းမိုင္းေတြ ဘာေတြ ရွိေနေသးတယ္ဆိုတဲ့ အျမင္မ်ိဳးရွိေတာ့ ႐ြာထဲကို ျပန္မဝင္ရဲၾကေသးဘူးဗ်။ ႐ြာထဲကို ျပန္မဝင္ရဲ ၾကဘူးဆိုေတာ့ ခုေတာ့ ႐ြာကလည္း သုႆာန္တစျပင္လိုပဲ တိတ္ဆိတ္ၿငိမ္သက္ေနတာပဲဗ်။”

ျမန္မာစစ္တပ္က အာဏာသိမ္းၿပီး မၾကာခင္မွာပဲ ကန႔္ဘလူၿမိဳ႕နယ္ထဲက ေက်း႐ြာေတြမွာ ျပည္သူ႔စစ္ဖြဲ႕စည္းဖို႔ ႀကိဳးစားခဲ့ေပမဲ့ မေအာင္ျမင္ခဲ့ဘူးလို႔ ေဒသခံတဦးက ေျပာျပပါတယ္။ ကန႔္ဘလူၿမိဳ႕နယ္ထဲက ေက်း႐ြာတခ်ိဳ႕ အႀကိမ္ႀကိမ္ မီးရႈိ႕ခံေနရတာနဲ႔ ပတ္သက္ၿပီး သူ႔အျမင္ကို ခုလို ေျပာျပပါတယ္။

“က်ေနာ္တို႔ ႐ြာေတြမွာ PDF ေတြလို႔ေတာ့ မရွိပါဘူးဗ်။ သူတို႔က (စကစ) ႐ြာေတြကို အဲ့လိုဝင္ၿပီး သြားၿပီးေတာ့ ရႈိ႕ေနတာ။ က်ေနာ္တို႔ ပင့္သာ႐ြာရဲ႕ ေျမာက္ဘက္မွာေတာ့ ပ်ဴေစာထီးေတြေနတဲ့ ခ်က္ႀကီး႐ြာမွာ ပ်ဴေစာထီး ရွိတယ္။ ခ်ပ္သင္းမွာ ပ်ဴေစာထီး ရွိတယ္။ အဲ့လို သြားရင္းလာရင္းကေန ဝင္ဝင္ၿပီးေတာ့မွ ႐ြာထဲရွိတဲ့ဟာေတြ အကုန္လုံး မီးရႈိ႕ၿပီးေတာ့မွ ရစရာရွိတဲ့ပစၥည္းေတြကို အိမ္ေတြ ႐ိုက္ဖ်က္ယူ၊ အဲ့ဒါမ်ိဳးပဲ သြားၾကတာဗ်။ ေျပာရရင္ေတာ့ က်ေနာ္တို႔ ေဒသကိုေတာ့ ျပည္သူ႔စစ္ဆိုတဲ့ ပုံစံမ်ိဳးေတာ့ ဖြဲ႕ခိုင္းတယ္ဗ်။ ဖြဲ႕ခိုင္းေတာ့ ဒီဘက္က ျပည္သူ႔စစ္ကလည္း ဒီဘက္ကမဖြဲ႕ခ်င္ေတာ့ နီးစပ္ရာကို လူငယ္ေတြကလည္း ထြက္ေျပးၾကေတာ့ သူတို႔နယ္ေျမစိုးမိုးမႈမရလို႔ သူတို႔ ခိုင္းတဲပုံစံမ်ိဳး မရလို႔ မီးရႈိ႕တယ္လို႔ပဲ က်ေနာ္တို႔ ယူဆတယ္ဗ်။”

ပင့္သာ႐ြာနဲ႔ အနီးဝန္းက်င္မွာ ရွိၾကတဲ့ ေက်း႐ြာေတြက ေဒသခံ ေထာင္နဲ႔ခ်ီၿပီး ေဘးလြတ္ရာကို ထြက္ေျပးေနၾကရပါတယ္။ စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရး ထိုးစစ္နဲ႔ တိုက္ပြဲေတြေၾကာင့္ စစ္ကိုင္းအတြင္းမွာ အိုးအိမ္ စြန႔္ခြာ ထြက္ေျပးေနၾကရတဲ့ စစ္ေရွာင္ အေရအတြက္က တေန႔ထက္တေန႔ ပိုၿပီး တိုးလာေနပါတယ္။

ျပည္သူ႔ ကာကြယ္ေရးတပ္ PDF ေတြဟာ ဒီေဒသ ေက်း႐ြာေတြကိုအေျခစိုက္ၿပီး အၾကမ္းဖက္လုပ္ငန္းေတြ လုပ္ေနတယ္ ဆိုၿပီးေတာ့လည္း ျမန္မာစစ္တပ္က စြပ္စြဲပါတယ္။ KIA နဲ႔ PDF ေတြဟာ ေက်း႐ြာေနအိမ္ေတြကို မီးရႈိ႕တယ္လို႔လည္း တန္ျပန္စြပ္စြဲတာ ရွိပါတယ္။ စစ္ကိုင္းတိုင္းအတြင္း အာဏာသိမ္းစစ္ေကာင္စီကို ဆန႔္က်င္တဲ့ ေက်း႐ြာေတြရွိသလို စစ္ေကာင္စီကိုလိုလားတဲ့ ေက်း႐ြာတခ်ိဳ႕လည္းရွိေနၿပီး အဲဒီေက်း႐ြာေတြကို စစ္ေကာင္စီက ျပည္သူ႔စစ္အျဖစ္ လက္နက္တပ္ဆင္ ေပးတာေတြလည္း ရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===================

[[Unicode]]

စစ်တပ် နယ်မြေရှင်းလင်းမှုကြောင့် ကန့်ဘလူဒေသခံ သောင်းနဲ့ချီ ထွက်ပြေး

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းက ကျေးရွာတွေကို မြန်မာစစ်တပ်က ဆက်တိုက် နယ်မြေရှင်းလင်းနေတာကြောင့် ဒေသခံတွေ သောင်းနဲ့ချီ ထွက်ပြေးနေကြရပါတယ်။ ပင့်သာကျေးရွာကို ဒီဇင်ဘာ ၅ ရက်နေ့မှာ ၃ ကြိမ်မြောက် ထပ်ဝင်လာပြီး နေအိမ်တချို့ကိုလည်း မြန်မာစစ်တပ်ဘက်က မီးရှို့ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ပင့်သာရွာကို ဒုတိယအကြိမ်ဝင်ရောက်ခဲ့ကြတုန်းက မြန်မာစစ်တပ်က ရွာအတွင်းမှာ မြေမြှုပ်မိုင်းထောင်ထားခဲ့လို့ ရွာကို ပြန်ဝင်ကြတဲ့အခါ ရွားသားတဦး မိုင်းထိခဲ့တာကြောင့် ခုတကြိမ်မှာ ရွာသားတွေ ရွာထဲကို ပြန်မဝင်ရဲကြဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်က လာတဲ့သတင်းကို ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။

ကန့်ဘလူမြို့နယ် ပင့်သာကျေးရွာကို ဒီဇင်ဘာ ၅ ရက်နေ့ မြန်မာစစ်တပ်က ဝင်ရောက် နယ်မြေရှင်းလင်းရေးလုပ်ပြီး နေအိမ်တချို့ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီတကြိမ်ပါဆိုရင် ပင့်သာကျေးရွာမှာ နေအိမ်တွေ မီးရှို့ခံရတာ ၃ ကြိမ်ရှိပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။ အိမ်ခြေ ၆၀၀ ကျော်ရှိတဲ့ထဲက ၁၀၀ နီးပါး မီးရှို့ခံခဲ့ရတာဖြစ်ပါတယ်။

နိုဝင်ဘာလက မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးစစ်ကြောင်း ထွက်သွားပြီးချိန်မှာ ပင့်သာရွာအတွင်းက နေအိမ်ခြံဝင်းမှာ မိုင်း၂ လုံး တွေ့ရှိခဲ့ပြီး တလုံးပေါက်ကွဲခဲ့တာကြောင့် ရွာသားတဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ အဲ့ဒီလို မိုင်းအန္တရာယ်ကို ကြုံရပြီးနောက် ရွာသားတွေက စစ်ကြောင်းတွေ ရွာက ထွက်ပြီးချိန်မှာတောင် ရွာထဲကို ပြန်မဝင်ရဲ ဖြစ်နေကြတယ်လို့ ဒေသခံတဦးက ခုလိုပြောပါတယ်။

“ကျနော်တို့ဆီကို ဝင်ပြီး မီးရှို့တာဆိုရင် ဒီတကြိမ်နဲ့ဆို ၃ ကြိမ်ရှိသွားပါပြီဗျ။ ၈ လ ပိုင်းတုန်းက တကြိမ်၊ ၁၁ လပိုင်း ၁၃ ရက်နေ့တုန်းက တကြိမ် ရှို့တယ်။ အခု ၁၂ လပိုင်း ၅ ရက်နေ့မှာ တကြိမ်ဝင်ပြီးတော့မှ ရှို့သွားပါတယ်ခင်ဗျ။ ကျနော်တို့ ရွာသားတွေက ခုလောလောဆယ် ရွာထဲကို ပြန်မဝင်ရဲသေးဘူးဗျ။ ဒုတိယတကြိမ်စစ်ကြောင်းမှာက သူတို့က နင်းမိုင်းတွေပါ ထောင်ထားခဲ့တာဗျ။ နင်းမိုင်း ထောင်ထားခဲ့တော့ ပြည်သူတဦးက ခြေထောက်ပြတ်သွားတာဗျ၊ ဒုက္ခိတ ဖြစ်သွားတာပေါ့ဗျာ။ အဲ့ဒါကြောင့်မို့လို့ ခုစစ်ကြောင်းက အခု ချပ်သင်းဘက်ကို ရောက်သွားပြီ။ သို့သော် အခုလောလောဆယ် ရွာသားတွေက အဲ့လို နင်းမိုင်းတွေ ဘာတွေ ရှိနေသေးတယ်ဆိုတဲ့ အမြင်မျိုးရှိတော့ ရွာထဲကို ပြန်မဝင်ရဲကြသေးဘူးဗျ။ ရွာထဲကို ပြန်မဝင်ရဲ ကြဘူးဆိုတော့ ခုတော့ ရွာကလည်း သုဿာန်တစပြင်လိုပဲ တိတ်ဆိတ်ငြိမ်သက်နေတာပဲဗျ။”

မြန်မာစစ်တပ်က အာဏာသိမ်းပြီး မကြာခင်မှာပဲ ကန့်ဘလူမြို့နယ်ထဲက ကျေးရွာတွေမှာ ပြည်သူ့စစ်ဖွဲ့စည်းဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ ဒေသခံတဦးက ပြောပြပါတယ်။ ကန့်ဘလူမြို့နယ်ထဲက ကျေးရွာတချို့ အကြိမ်ကြိမ် မီးရှို့ခံနေရတာနဲ့ ပတ်သက်ပြီး သူ့အမြင်ကို ခုလို ပြောပြပါတယ်။

“ကျနော်တို့ ရွာတွေမှာ PDF တွေလို့တော့ မရှိပါဘူးဗျ။ သူတို့က (စကစ) ရွာတွေကို အဲ့လိုဝင်ပြီး သွားပြီးတော့ ရှို့နေတာ။ ကျနော်တို့ ပင့်သာရွာရဲ့ မြောက်ဘက်မှာတော့ ပျူစောထီးတွေနေတဲ့ ချက်ကြီးရွာမှာ ပျူစောထီး ရှိတယ်။ ချပ်သင်းမှာ ပျူစောထီး ရှိတယ်။ အဲ့လို သွားရင်းလာရင်းကနေ ဝင်ဝင်ပြီးတော့မှ ရွာထဲရှိတဲ့ဟာတွေ အကုန်လုံး မီးရှို့ပြီးတော့မှ ရစရာရှိတဲ့ပစ္စည်းတွေကို အိမ်တွေ ရိုက်ဖျက်ယူ၊ အဲ့ဒါမျိုးပဲ သွားကြတာဗျ။ ပြောရရင်တော့ ကျနော်တို့ ဒေသကိုတော့ ပြည်သူ့စစ်ဆိုတဲ့ ပုံစံမျိုးတော့ ဖွဲ့ခိုင်းတယ်ဗျ။ ဖွဲ့ခိုင်းတော့ ဒီဘက်က ပြည်သူ့စစ်ကလည်း ဒီဘက်ကမဖွဲ့ချင်တော့ နီးစပ်ရာကို လူငယ်တွေကလည်း ထွက်ပြေးကြတော့ သူတို့နယ်မြေစိုးမိုးမှုမရလို့ သူတို့ ခိုင်းတဲပုံစံမျိုး မရလို့ မီးရှို့တယ်လို့ပဲ ကျနော်တို့ ယူဆတယ်ဗျ။”

ပင့်သာရွာနဲ့ အနီးဝန်းကျင်မှာ ရှိကြတဲ့ ကျေးရွာတွေက ဒေသခံ ထောင်နဲ့ချီပြီး ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင် အရေအတွက်က တနေ့ထက်တနေ့ ပိုပြီး တိုးလာနေပါတယ်။

ပြည်သူ့ ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကိုအခြေစိုက်ပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်နေတယ် ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲပါတယ်။ KIA နဲ့ PDF တွေဟာ ကျေးရွာနေအိမ်တွေကို မီးရှို့တယ်လို့လည်း တန်ပြန်စွပ်စွဲတာ ရှိပါတယ်။ စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ ကျေးရွာတွေရှိသလို စစ်ကောင်စီကိုလိုလားတဲ့ ကျေးရွာတချို့လည်းရှိနေပြီး အဲဒီကျေးရွာတွေကို စစ်ကောင်စီက ပြည်သူ့စစ်အဖြစ် လက်နက်တပ်ဆင် ပေးတာတွေလည်း ရှိခဲ့ပါတယ်။

XS
SM
MD
LG