သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖားကန္႔ရြာေတြ လက္နက္ႀကီးက်ည္လို႔ ျပည္သူေတြထြက္ေျပးေနရ 


ကခ်င္ျပည္နယ္အတြင္း ရက္ဆက္တုိက္ပြဲျဖစ္လို႔ စစ္ေဘးေရွာင္ေနရတဲ့ ဖားကန္႔ၿမိဳ႕နယ္ဝန္းက်င္ေက်းရြာေတြ (ဒီဇင္ဘာ ၇၊ ၂၀၂၂/Crd: MIMU)

[[Zawgyi/Unicode]]

ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္ လုံးခင္းေက်း႐ြာအုပ္စုမွာ ၃ ရက္ဆက္ တိုက္ပြဲျဖစ္ပြားေနတာေၾကာင့္ အနည္းဆုံး ေက်း႐ြာ ၄ ႐ြာေလာက္က ျပည္သူေတြ ေနရပ္စြန႔္ခြာတိမ္းေရွာင္ေနၾကရပါတယ္။ လက္နက္ႀကီးက်ည္ေတြ လူေနေက်း႐ြာအတြင္း က်ေရာက္တာေတြရွိတာေၾကာင့္ ခုလို တိမ္းေရွာင္ၾကရတာလို႔ ေဒသခံေတြက ေျပာပါတယ္။ ရန္ကုန္ကလာတဲ့ ဖားကန႔္ေဒသတိုက္ပြဲအေျခအေနကို ကိုဝင္းခန္႔ေမာင္က တင္ျပေပးထားပါတယ္။

ဖားကန႔္ၿမိဳ႕နယ္ လုံးခင္းေက်း႐ြာအုပ္စု၊ ေမွာ္ပုံေက်း႐ြာဘက္မွာ အခု ဒီဇင္ဘာလ ၅ ရက္ေန႔က စတင္ၿပီး စစ္ေကာင္စီတပ္နဲ႔ KIA၊ PDF ပူးေပါင္းတပ္ေတြအၾကား တိုက္ပြဲျဖစ္ပြားေနတာပါ။ ဒီဇင္ဘာလ ၆ ရက္ေန႔ ညေနပိုင္းမွာ ေနာက္တႀကိမ္တိုက္ပြဲျဖစ္ေနတာ ဒီေန႔ ၇ ရက္ေန႔ ဗုဒၶဟူးေန႔ မနက္ပိုင္းအထိ တိုက္ပြဲျဖစ္ခဲ့ပါတယ္။ လတ္တေလာတိုက္ပြဲျဖစ္ပြားခဲ့တဲ့အေျခအေနကို လုံးခင္းေဒသခံတဦးက VOA ကို အခုလို ေျပာပါတယ္။

“၃ ရက္ေလာက္ေတာ့ရွိၿပီ။ ေန႔တိုင္းေပါ့ေနာ္။ ဒီလုံးခင္းဘက္မွာကေတာ့ ေနရာတိုင္းလို ျဖစ္တဲ့ အေနအထားမ်ိဳးရွိတယ္။ ဒီေမွာ္ဆီဇာထိပ္က တာဝါတိုင္ အဲဒီမွာလည္း ပစ္ခတ္မႈေတြ ရွိတယ္။ ၿပီးရင္ ဗ်ဴဟာကုန္းကေနလည္း အေျမာက္နဲ႔ ဆန္ခါဘက္ကိုေပါ့ေနာ္။ ဆန္ခါ၊ မဒဲ့ယာန္ဘက္ကို ပစ္တာရွိတယ္။ မေန႔ကလည္း မိုးလင္းေပါက္ကို ဒုန္းကနဲ၊ ဒိုင္းကနဲ၊ ဝွီးကနဲ အိမ္ေခါင္မိုးကေန အဲလိုမ်ိဳးေက်ာ္ေက်ာ္သြားတဲ့အခါက်ေတာ့ ေၾကာက္လန႔္ေနၾကတာေပါ့။ အားလုံး က်မတို႔ တ႐ြာလုံးလည္း။ ”

လက္နက္ႀကီးက်ည္ဟာ ေက်း႐ြာအတြင္းက်ေရာက္တာေၾကာင့္ ေဒသခံေတြ တိမ္းေရွာင္ေနေၾကာင္းလည္း အခုလို ဆက္ေျပာပါတယ္။

“ ၅ လုံးေလာက္ကေတာ့ မဒဲ့ယာန္ဘက္မွာေတြ၊ ဆန္ခါဘက္မွာေတြ၊ ဒီဆြပ္ယန္ဘက္မွာေတြ အဲဒီဘက္မွာေတြက်တာ။ မဒဲ့ယာန္၊ ေမွာ္ပုံဘက္မွာလည္းေတာ္ေတာ္ ထိခိုက္ပ်က္ဆီးသြားတယ္။ မဆြပ္ယန္ တို႔၊ ဆန္ခါတို႔ အဲဒီဘက္မွာလည္း ပ်က္စီးသြားတယ္လို႔ သိရတယ္။ တေန႔က ကတည္းကို အဲဒီ ေမွာ္ပုံဘက္က ေမွာ္ရွန္ဘက္ကလူေတြ အကုန္လုံး ေ႐ႊ႕ကုန္ၾကၿပီေလ။ မေန႔ကေတာ့အားလုံး အဲဒီ ဆန္ခါကေရာ၊ ေမွာ္ပုံကေရာ၊ မဆြပ္ယန္ကလူေတြေရာ၊ ျပည္သူေတြကေတာ့ အားလုံးကေတာ့ ေ႐ႊ႕ကုန္ၾကၿပီ။ ေျပာင္းကုန္ၾကၿပီ။ အဲဒါ မေန႔ညေန ၄ နာရီ ေလာက္ကတည္းကေနေပါ့။ ”

မဆြပ္ယန္က အမ်ိဳးသားတေယာက္ လက္နက္ႀကီးက်ည္ ေခါင္းထိလို႔ ေသဆုံးေၾကာင္း ေျပာေပမဲ့ သီးျခားအတည္ျပဳခ်က္ေတာ့ မရေသးပါဘူး။

လုံးခင္းေဒသခံေနာက္တဦးကေတာ့ ေက်း႐ြာအတြင္း လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲတာရွိေပမဲ့ အထိအခိုက္မရွိခဲ့ေၾကာင္း အခုလို ေျပာပါတယ္။

“ေလာေလာဆယ္ေတာ့ အေသအေပ်ာက္ေတာ့ မၾကားဘူးဗ်။ အဲဒီ ဆန္ခါက ဘုန္းႀကီးေက်ာင္း ဓမၼာ႐ုံ တို႔ ထိတယ္။ မဆြပ္ယန္စာသင္ေက်ာင္းတို႔မွာ ထိတယ္။ လူေနအိမ္လမ္းဘက္မွာေတြ က်တယ္။ ဘယ္ကက်ည္မွန္းေတာ့ မသိဘူး။ က်တာ၂ လုံးက်တယ္။ ၂ လုံးစလုံးကေတာ့ ကြဲတာပဲ။ လူအထိအခိုက္ေတာ့ မရွိဘူး။”

ဖားကန႔္ၿမိဳ႕ခံတဦးကေတာ့ တိုက္ပြဲေၾကာင့္ အရပ္သားထိခိုက္ေသဆုံးတဲ့သတင္းမၾကားသိရေပမဲ့ စစ္ေကာင္စီတပ္က စစ္ေၾကာင္းနဲ႔အတူ ဖမ္းဆီးေခၚေဆာင္သြားတဲ့ လူ ၃၀ ျပန္လည္ လြတ္လာေၾကာင္း ေျပာပါတယ္။

“မေန႔ညေန ၄ နာရီေလာက္က စျဖစ္တာ။ တညလုံးပဲ။ အရပ္သားထိခိုက္တာေတာ့ မသိရေသးဘူး။ သူတို႔ ေခၚသြားတဲ့ အရပ္သား ၃၀ ကေတာ့ ျပန္လြတ္တယ္လို႔ ေျပာတာပဲ။ သူတို႔ လမ္းေၾကာင္းအတိုင္းမွာ ေခၚသြားတာ။”

သူက မေန႔ညက ပစ္ခတ္မႈမွာ လူေနအိမ္အတြင္း လက္နက္ႀကီးက်ည္က်တာရွိေၾကာင္းနဲ႔ လူအထိအခိုက္မရွိေၾကာင္း ေျပာပါတယ္။

တိုက္ပြဲေၾကာင့္တိမ္းေရွာင္သူေတြဟာ လုံးခင္း၊ ဆန္ခါ စတဲ့ေက်း႐ြာေတြမွာ တိမ္းေရွာင္တာေတြ ရွိေနၿပီး လူစာရင္းအတိအက်ကိုေတာ့ မသိရေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

ေအာက္တိုဘာလ ၂၃ ရက္ေန႔က KIA တပ္မဟာ ၉ နယ္ေျမျဖစ္တဲ့ အနန႔္ပါ႐ြာကို စစ္ေကာင္စီက ဗုံးႀကဲတိုက္ခိုက္ၿပီးေနာက္ ဖားကန႔္ေဒသမွာ ပိုၿပီးေတာ့ စစ္ေရးတင္းမာလာေၾကာင္း ေဒသခံေတြက ေျပာၾကပါတယ္။

ေအာက္တိုဘာလ ၂၃ ရက္ေန႔က အနန႔္ပါ႐ြာ ေလေၾကာင္းတိုက္ခိုက္မႈမွာ KIA စစ္ဘက္အရာရွိေတြ၊ ကခ်င္အႏုပညာရွင္ေတြအပါအဝင္ လူ ၆၀ ေက်ာ္ ေသဆုံးၿပီး ၆၀ ေက်ာ္ ထိခိုက္ဒဏ္ရာရခဲ့တဲ့အေၾကာင္း KIA က ေျပာပါတယ္။ ျမန္မာစစ္ေကာင္စီဘက္ကေတာ့ ဒီ တိုက္ခိုက္မႈအတြင္းမွာ KIA တပ္မဟာမွဴးအပါအဝင္ KIA တပ္ဖြဲ႕ဝင္ေတြနဲ႔ PDF ေတြသာ ေသဆုံးခဲ့တယ္ဆိုၿပီး သတင္းထုတ္ျပန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ဖားကန့်ရွာတွေ လက်နက်ကြီးကျည်လို့ ပြည်သူတွေထွက်ပြေးနေရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုမှာ ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေတာကြောင့် အနည်းဆုံး ကျေးရွာ ၄ ရွာလောက်က ပြည်သူတွေ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပါတယ်။ လက်နက်ကြီးကျည်တွေ လူနေကျေးရွာအတွင်း ကျရောက်တာတွေရှိတာကြောင့် ခုလို တိမ်းရှောင်ကြရတာလို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ ဖားကန့်ဒေသတိုက်ပွဲအခြေအနေကို ကိုဝင်းခန့်မောင်က တင်ပြပေးထားပါတယ်။

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံကျေးရွာဘက်မှာ အခု ဒီဇင်ဘာလ ၅ ရက်နေ့က စတင်ပြီး စစ်ကောင်စီတပ်နဲ့ KIA၊ PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေတာပါ။ ဒီဇင်ဘာလ ၆ ရက်နေ့ ညနေပိုင်းမှာ နောက်တကြိမ်တိုက်ပွဲဖြစ်နေတာ ဒီနေ့ ၇ ရက်နေ့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းအထိ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ လတ်တလောတိုက်ပွဲဖြစ်ပွားခဲ့တဲ့အခြေအနေကို လုံးခင်းဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။

“၃ ရက်လောက်တော့ရှိပြီ။ နေ့တိုင်းပေါ့နော်။ ဒီလုံးခင်းဘက်မှာကတော့ နေရာတိုင်းလို ဖြစ်တဲ့ အနေအထားမျိုးရှိတယ်။ ဒီမှော်ဆီဇာထိပ်က တာဝါတိုင် အဲဒီမှာလည်း ပစ်ခတ်မှုတွေ ရှိတယ်။ ပြီးရင် ဗျူဟာကုန်းကနေလည်း အမြောက်နဲ့ ဆန်ခါဘက်ကိုပေါ့နော်။ ဆန်ခါ၊ မဒဲ့ယာန်ဘက်ကို ပစ်တာရှိတယ်။ မနေ့ကလည်း မိုးလင်းပေါက်ကို ဒုန်းကနဲ၊ ဒိုင်းကနဲ၊ ဝှီးကနဲ အိမ်ခေါင်မိုးကနေ အဲလိုမျိုးကျော်ကျော်သွားတဲ့အခါကျတော့ ကြောက်လန့်နေကြတာပေါ့။ အားလုံး ကျမတို့ တရွာလုံးလည်း။ ”

လက်နက်ကြီးကျည်ဟာ ကျေးရွာအတွင်းကျရောက်တာကြောင့် ဒေသခံတွေ တိမ်းရှောင်နေကြောင်းလည်း အခုလို ဆက်ပြောပါတယ်။

“ ၅ လုံးလောက်ကတော့ မဒဲ့ယာန်ဘက်မှာတွေ၊ ဆန်ခါဘက်မှာတွေ၊ ဒီဆွပ်ယန်ဘက်မှာတွေ အဲဒီဘက်မှာတွေကျတာ။ မဒဲ့ယာန်၊ မှော်ပုံဘက်မှာလည်းတော်တော် ထိခိုက်ပျက်ဆီးသွားတယ်။ မဆွပ်ယန် တို့၊ ဆန်ခါတို့ အဲဒီဘက်မှာလည်း ပျက်စီးသွားတယ်လို့ သိရတယ်။ တနေ့က ကတည်းကို အဲဒီ မှော်ပုံဘက်က မှော်ရှန်ဘက်ကလူတွေ အကုန်လုံး ရွှေ့ကုန်ကြပြီလေ။ မနေ့ကတော့အားလုံး အဲဒီ ဆန်ခါကရော၊ မှော်ပုံကရော၊ မဆွပ်ယန်ကလူတွေရော၊ ပြည်သူတွေကတော့ အားလုံးကတော့ ရွှေ့ကုန်ကြပြီ။ ပြောင်းကုန်ကြပြီ။ အဲဒါ မနေ့ညနေ ၄ နာရီ လောက်ကတည်းကနေပေါ့။ ”

မဆွပ်ယန်က အမျိုးသားတယောက် လက်နက်ကြီးကျည် ခေါင်းထိလို့ သေဆုံးကြောင်း ပြောပေမဲ့ သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။

လုံးခင်းဒေသခံနောက်တဦးကတော့ ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာရှိပေမဲ့ အထိအခိုက်မရှိခဲ့ကြောင်း အခုလို ပြောပါတယ်။

“လောလောဆယ်တော့ အသေအပျောက်တော့ မကြားဘူးဗျ။ အဲဒီ ဆန်ခါက ဘုန်းကြီးကျောင်း ဓမ္မာရုံ တို့ ထိတယ်။ မဆွပ်ယန်စာသင်ကျောင်းတို့မှာ ထိတယ်။ လူနေအိမ်လမ်းဘက်မှာတွေ ကျတယ်။ ဘယ်ကကျည်မှန်းတော့ မသိဘူး။ ကျတာ၂ လုံးကျတယ်။ ၂ လုံးစလုံးကတော့ ကွဲတာပဲ။ လူအထိအခိုက်တော့ မရှိဘူး။”

ဖားကန့်မြို့ခံတဦးကတော့ တိုက်ပွဲကြောင့် အရပ်သားထိခိုက်သေဆုံးတဲ့သတင်းမကြားသိရပေမဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူ ၃၀ ပြန်လည် လွတ်လာကြောင်း ပြောပါတယ်။

“မနေ့ညနေ ၄ နာရီလောက်က စဖြစ်တာ။ တညလုံးပဲ။ အရပ်သားထိခိုက်တာတော့ မသိရသေးဘူး။ သူတို့ ခေါ်သွားတဲ့ အရပ်သား ၃၀ ကတော့ ပြန်လွတ်တယ်လို့ ပြောတာပဲ။ သူတို့ လမ်းကြောင်းအတိုင်းမှာ ခေါ်သွားတာ။”

သူက မနေ့ညက ပစ်ခတ်မှုမှာ လူနေအိမ်အတွင်း လက်နက်ကြီးကျည်ကျတာရှိကြောင်းနဲ့ လူအထိအခိုက်မရှိကြောင်း ပြောပါတယ်။

တိုက်ပွဲကြောင့်တိမ်းရှောင်သူတွေဟာ လုံးခင်း၊ ဆန်ခါ စတဲ့ကျေးရွာတွေမှာ တိမ်းရှောင်တာတွေ ရှိနေပြီး လူစာရင်းအတိအကျကိုတော့ မသိရကြောင်း ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၂၃ ရက်နေ့က KIA တပ်မဟာ ၉ နယ်မြေဖြစ်တဲ့ အနန့်ပါရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဖားကန့်ဒေသမှာ ပိုပြီးတော့ စစ်ရေးတင်းမာလာကြောင်း ဒေသခံတွေက ပြောကြပါတယ်။

အောက်တိုဘာလ ၂၃ ရက်နေ့က အနန့်ပါရွာ လေကြောင်းတိုက်ခိုက်မှုမှာ KIA စစ်ဘက်အရာရှိတွေ၊ ကချင်အနုပညာရှင်တွေအပါအဝင် လူ ၆၀ ကျော် သေဆုံးပြီး ၆၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တဲ့အကြောင်း KIA က ပြောပါတယ်။ မြန်မာစစ်ကောင်စီဘက်ကတော့ ဒီ တိုက်ခိုက်မှုအတွင်းမှာ KIA တပ်မဟာမှူးအပါအဝင် KIA တပ်ဖွဲ့ဝင်တွေနဲ့ PDF တွေသာ သေဆုံးခဲ့တယ်ဆိုပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG