သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန့်ဝိန်းကြီးနားက စစ်ကောင်စီစခန်း KIA သိမ်းပိုက်


ကချင်ပြည်နယ်အတွင်း တနေမှာတွေ့ရတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်သားများ
ကချင်ပြည်နယ်အတွင်း တနေမှာတွေ့ရတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်သားများ

ကချင်ပြည်နယ် မန်စီမြို့နယ် မန့်ဝိန်းကြီးကျေးရွာနားက စစ်ကောင်စီ စစ်စခန်းတခုကို KIA ကချင်တပ်က သိမ်းလိုက်ပြီလို့ တာဝန်ခံက ပြောပါတယ်။

မန်ဝိန်းကြီးအနောက်တောင်ဘက်မှာရှိတဲ့ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်းစခန်းကို သိမ်းပိုက်လိုက်တာ ဖြစ်တယ်လို့ KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို အခုလိုပြောပါတယ်။

စစ်စခန်းသိမ်းပိုက်ပြီး သိမ်းဆည်းရရှိမှု အခြေအနေကိုတော့ သူက စုံစမ်းစဲလို့ပြောပေမဲ့၊ စစ်သား ၂၀ ကျော်ဖမ်းမိတယ်လို့ ကချင်ဘက်ကလာတဲ့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရကို စစ်ကောင်စီ ပြောခွင့်ရကို ကြိုးစားမေးမြန်းခဲ့ပေမဲ့ ဖြေကြားခြင်း မရှိသေးပါဘူး။ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြိုကိုတော့ TNLA တအောင်းတပ်တွေက ဆက်လက်ဝိုင်းထားပါတယ်။

တရုတ်အစိုးရ ကြားဝင်မှုနဲ့ စစ်ကောင်စီကို တိုက်နေတဲ့ တိုင်းရင်းသားညီနောင် ၃ ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြား ရှမ်းပြည်မြောက်ပိုင်းမှာ အပစ်အခတ် ရပ်စဲခဲ့ပြီးနောက် အဲဒီဘက်မှာ တိုက်ပွဲတွေ ရပ်ထားရတာပါ။ အဲဒီလိုဖြစ်နေချိန်မှာ KIA နဲ့ PDF တပ်တွေက မိုးမိတ်မြို့ဘက်ကို ဝင်တိုက်နေတယ်လို့ အဲဒီဘက်မှာ ရှိနေသူတွေက ပြောပါတယ်။

XS
SM
MD
LG