သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာဝိုင်ယီ ကျွန်း နေရာတချို့ မီးတောင်ပြာ ဖုံးလွှမ်းဖွယ်ရှိ


ဟာဝိုင်ယီကျွန်း၊ Kilauea မီးတောင်ဝကနေ ပေါက်ကွဲ ( မေ ၁၆-၂၀၁၈)
ဟာဝိုင်ယီကျွန်း၊ Kilauea မီးတောင်ဝကနေ ပေါက်ကွဲ ( မေ ၁၆-၂၀၁၈)

ဟာဝိုင်ယီကျွန်း၊ Kilauea မီးတောင်ဝကနေ ပေါက်ကွဲမှုတခုဖြစ်ထားပြီး ကောင်းကင်ပေါ် မီတာ ထောင်ပေါင်းများစွာအမြင့်ထိ ပြာမှုန်ထုကြီး တက်သွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီပြာမှုန်ထုကြီးဟာ ပတ်ပတ်လည်ဒေသကို ဖုံးလွှမ်းသွားမယ်လို့ ဟာဝိုင်ယီခရိုင်၊ အရပ်ဘက်ကာကွယ်ရေးဌာနက ပြောပါ တယ်။ ဒါကြောင့် ပြာမှုန်ထုကြီး တက်သွားတဲ့ လမ်းကြောင်းတလျှောက်မှာ နေထိုင်ကြတဲ့ Big Island ပေါ်က ဒေသခံတွေ ဘေးလွတ်ရာမှာ အကာအကွယ်ယူ နေထိုင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

မီးတောင်ကနေ ပြာမှုန်ထုကြီးနဲ့ ကျောက်တုံးကျောက်ခဲကြီးတွေ လွင့်စင်ထွက်လာပြီးတဲ့နောက် Big Island တစိတ်တပိုင်းကို ရှောင်ရှားကြဖို့ ဒေသခံတွေနဲ့ လေယာဉ်ပျံတွေကို အာဏာပိုင်တွေက သတိပေးထားပါတယ်။

လွန်ခဲ့တဲ့ နှစ် ၁၀၀ နီးပါးက နောက်ဆုံးအကြိမ် တွေ့ခဲ့ရဖူးတဲ့ ဒီလိုပေါက်ကွဲမှုမျိုးဟာ မေလ ၃ ရက်နေ့မှာ Kilauea မီးတောင် စပြီး ပေါက်ကွဲချိန်ကတည်းက ဖြစ်လာနိုင်ခြေ အန္တရာယ်တခုအဖြစ် ရှိနေခဲ့တာပါ။ Kilauea ဟာ ကမ္ဘာပေါ်မှာ ပေါက်ကွဲနိုင်ခြေအရှိဆုံး မီးတောင်ရှင်တခုဖြစ်ပါတယ်။

ပြာမှုန်တွေနဲ့ ကျောက်တုံးကျောက်ခဲတွေရဲ့ အန္တရာယ်အပြင် မျက်လုံးနဲ့ အသက်ရှုလမ်းကြောင်းကို ဒုက္ခပေးနိုင်တဲ့ ဆာလ်ဖာ ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့အန္တရာယ်ကိုလည်း တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ မီးတောင်ပေါက်ကွဲတာကနေဖြစ်လာတဲ့ ချော်ရည်ပူ အက်ကွဲကြောင်း ၂၁ ခုကနေ ထွက်လာနေတဲ့ အဆိပ်ဓာတ်ငွေ့ သင့်သူတွေအနေနဲ့ ဆေးကုသမှုခံယူူကြဖို့ တာဝန်ရှိသူ တွေက ဒေသခံတွေကို နှိုးဆော်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG