သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တက္ကဆက်ပြည်နယ် ကုန်တိုက်ပစ်ခတ်မှု ၈ ဦးသေ

Police respond to a shooting in the Dallas area's Allen Premium Outlets
Police respond to a shooting in the Dallas area's Allen Premium Outlets

အမေရိကန် Texas ပြည်နယ်၊ Dallas မြို့က ကုန်တိုက်တခုမှာ သေနတ်သမားတယောက် လက်ချက်နဲ့ လူ ၈ ဦး သေဆုံးပြီး၊ ၇ ဦး ဒဏ်ရာရကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ Allen Premium Outlets ကုန်တိုက်က ပစ်ခတ်မှုမှာ သေနတ်သမားကို အနီးဝန်းကျင်မှာ ရှိနေတဲ့ ရဲတပ်ဖွဲ့ဝင်တယောက်က အသေဖမ်းဆီးခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့က စနေနေ့မှာ ပြောဆိုထားပါတယ်။

သေနတ်သမားနဲ့ သေဆုံးသူတွေ ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ အာဏာပိုင်တွေက သတင်းမထုတ်ပြန်သေးပါဘူး။ အခင်းဖြစ်ပြီးနောက် ကုန်တိုက်ထဲကနေ ပြန်ထွက်လာတဲ့သူတွေရဲ့ အပြောအရ၊ သေဆုံးသူတွေထဲမှာ ကလေးတွေ ပါလိမ့်မယ်လို့လည်း ခန့်မှန်းနေကြပါတယ်။ အမေရိကန်မှာ ဒီနှစ်ထဲ လူအစုလိုက်အပြုံလိုက် ပစ်ခတ်ခံရမှုတွေထဲ စနေနေ့ ပစ်ခတ်မှုဟာ နောက်ဆုံးကြုံခဲ့ရတဲ့ ဖြစ်ရပ်တခုပါ။

Northeastern တက္ကသိုလ်နဲ့ ပူးတွဲပြီး AP နဲ့ USA Today သတင်းဌာနတို့က စုဆောင်းထားတဲ့ အချက်အလက်တွေအရ အစုလိုက်အပြုံလိုက် ပစ်ခတ်ခံရမှုတွေဟာ အမေရိကန်မှာ တပတ်ကို တကြိမ်လောက်နှုန်းနဲ့ ဖြစ်ပွားနေတာ တွေ့ရပါတယ်။

This item is part of
XS
SM
MD
LG