သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးစစ်တပ် ပစ်ခတ်မှုကြောင့် လက်ဘနွန်တောင်ပိုင်းမှာ ဆန္ဒပြသူ အနည်းဆုံး ၃ ဦး သေဆုံး


လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာ စခန်းချထားတဲ့ အစ္စရေးတပ်ဖွဲ့ဝင်များ (AFP PHOTO)
လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာ စခန်းချထားတဲ့ အစ္စရေးတပ်ဖွဲ့ဝင်များ (AFP PHOTO)

လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာ လမ်းပေါ်က အတားအဆီးတွေကို ကျော်လွှားပြီး ဝင်ရောက်လာကြတဲ့ ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့ရာက ဒီကနေ့ တနင်္ဂနွေနေ့မှာ အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေးဌာနက ပြောပါတယ်။

အစ္စရေးနဲ့ ဟက်ဇ်ဘူလာအဖွဲ့ကြား ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလနှောင်းပိုင်းက အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အရ လက်ဘနွန်နိုင်ငံတောင်ပိုင်းက အစ္စရေးတပ်ဖွဲ့တွေ ရက်ပါင်း ၆၀ အတွင်း ပြန်ဆုတ်ခွာဖို့ သတ်မှတ်ထားတာကို မလိုက်နာတဲ့အပေါ် ကန့်ကွက်ကြတဲ့ ဆန္ဒပြသူတွေက အစ္စရေးစစ်တပ် မနေ့က စချထားတဲ့ အတားအဆီးတွေကို ကျော်လွှားပြီး ကျေးရွာတွေကို ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြတာပါ။

လက်ဘနွန်တောင်ပိုင်းမှာ ဟက်ဇ်ဘူလာအဖွဲ့က စစ်ရေးအရ အခြေမချနိုင်အောင် လက်ဘနွန်စစ်တပ်က တာဝန်မယူနိုင်သေးတာကြောင့် တပ်တွေ မဆုတ်ခွာနိုင်သေးဘူးလို့ အစ္စရေးက ပြောဆိုထားပါတယ်။ လက်ဘနွန်စစ်တပ်ကလည်း အစ္စရေးတပ်ဖွဲ့တွေ ပြန်မဆုတ်မချင်း တပ်တွေချထားလို့ မဖြစ်နိုင်ဘူးလို့ တုံ့ပြန်ထားတာပါ။

လက်ဘနွန်သမ္မတ Joseph Aoun ကလည်း လက်ဘနွန်ရဲ့ အချုပ်အခြာအာဏာကို ထိပါးမခံနိုင်ကြောင်းနဲ့ အခုနောက်ဆုံး ဖြစ်ရပ်မှာ လက်ဘနွန်ဒေသခံတွေ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို ကာကွယ်နိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့လည်း ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

Forum

XS
SM
MD
LG