သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ရှီအာ ဗလီ ဗုံးကွဲ ၄၀ ကျော်သေ


ပါကစ္စတန် ဗလီပေါက်ကွဲမှု (ဇန်နဝါရီ ၃၀၊ ၂၀၁၅)
ပါကစ္စတန် ဗလီပေါက်ကွဲမှု (ဇန်နဝါရီ ၃၀၊ ၂၀၁၅)

ပါကစ္စတန်နိုင်ငံ Sindh ဒေသအတွင်း သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲ ကျင်းပနေတဲ့ လူနည်းစု ရှီအာ ဘာသာဝင်တွေ ဗလီကျောင်းမှာ အင်အား ပြင်းထန် တဲ့ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်သွားခဲ့တဲ့အတွက် လူ ၄၉ ယောက် သေဆုံးပြီး တခြား ၅၀ လောက်လည်း ထိခိုက် ဒဏ်ရာ ရသွားခဲ့ပါတယ်။

ဒီ ဗုံးခွဲ တိုက်ခိုက်မှုဟာ ပါကစ္စတန် ဆိပ်ကမ်းမြို့ ကရာချိ နဲ့ မိုင် ၁၉၀ ကျော်ဝေးတဲ့ Lakidar ဒေသက Shikarpur မှာ ဖြစ်သွားခဲ့တာလို့ ဆိုပါတယ်။ ဒဏ်ရာရ သူတွေထဲက အတော်များများဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေ တာကြောင့် သေဆုံးသူ အရေအတွက်ဟာ လက်ရှိထက် ထပ်တိုးနိုင်တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုဟာ ပါကစ္စတန်နိုင်ငံအတွင်း ဘာသာရေး ဂိုဏ်းဃန ကွဲပြားသူတွေ အကြား ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ထဲက နောက်ဆုံး ဖြစ်ရပ် လည်း ဖြစ်ပါတယ်။

တိုက်ခိုက်မှုကို ဘယ်သူ လုပ်တယ်ဆိုတဲ့ ပြောဆိုမှုတော့ ရုတ်တရက် ထွက်မလာသေးပါဘူး။ အစွန်းရောက် ဆူနီ မူဆလင်ဘာသာဝင်တွေက ရှီအာ မူဆလင်တွေဟာ မူဆလင် အစစ်မဟုတ်ဘူးဆိုပြီး ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိပါတယ်။

XS
SM
MD
LG