သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်မ်ဂျုံအီးလ် နာရေးအခမ်းအနား ကျင်းပ

ကင်မ်ဂျုံအီးလ် နာရေးအခမ်းအနား ကျင်းပ
ကင်မ်ဂျုံအီးလ် နာရေးအခမ်းအနား ကျင်းပ

ကွယ်လွန်သူ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီးလ်ရဲ့ ပြုံယမ်းမြို့တော်က အသုဘ အခမ်းအနားမှာ ပူဆွေး ငိုကြွေးကြတဲ့ လူပေါင်းထောင်သောင်းချီ ဂါရ၀ ပြုခဲ့ကြပါတယ်။ မှုန်မှုန်မှိုင်းမှိုင်း ကောင်းကင်ကနေ နှင်းတွေ တဖွဲဖွဲကျနေချိန်မှာပဲ ဒီကနေ့ အစောပိုင်း အသုဘ အခမ်းအနား စတင်လိုက်တာပါ။

နှင်းတွေဖုံးလွှမ်းနေတဲ့ မြို့တော်ရဲ့ လမ်းပေါ်မှာပဲ ကွယ်လွန်သူ ခေါင်းဆောင်ရဲ့ ရုပ်ပုံကြီးကို တင်ဆောင်ထားတဲ့ အနက်ရောင်ကားတစင်းက အသုဘချတဲ့ အခမ်းအနားကို ဦးဆောင်ပြီး ဒီနောက်မှာတော့ အဖြူရောင် ပန်းတွေခင်းထားတဲ့ အပေါ်မှာ နိုင်ငံတော် အလံလွှမ်းထားတဲ့အခေါင်း တင်လာတဲ့ကားက လိုက်ပါ လာခဲ့တာပါ။ ငိုယိုနေသူတွေ လမ်းဘေး တချက်တချက်မှာ စောင့်ဆိုင်းနေခဲ့ကြပြီး၊ လူတွေလမ်းပေါ် လျှံကျမလာအောင်လည်း လုံခြုံရေးတွေက ထိန်းသိမ်းခဲ့ကြရတာပါ။

Kumsusan အမှတ်တရ နန်းတော်က ထွက်ခွာလာတဲ့ အသုဘ အခမ်းအနားအတွင်း သားဖြစ်သူ ကင်မ်ဂျုံအွန်း ဖခင်ရဲ့ အသုဘယာဉ်ဘေးကနေ လမ်းလျှောက် လိုက်ပါလာတာကိုလည်း နိုင်ငံပိုင် ရုပ်မြင်သံကြားတွေက ပြသခဲ့ကြတာပါ။ အနက်ရောင် ကုတ်အင်္ကျီ ဝတ်ဆင်ထားပြီး လမ်းပေါ်က နှင်းထဲ ခေါင်းငုံပြီး လက်တဖက်က အလေးပြု နေတာကိုလည်း တွေ့ရပါတယ်။

သူ့နောက်မှာတော့ သြဇာကြီးမားတဲ့ ဦးလေးဖြစ်သူ Jang Song Thaek ထိပ်တန်း ပါတီခေါင်းဆောင်တွေ ဖြစ်ကြတဲ့ Kim Ki Nam, Choe Thae Bok တို့အပြင် စစ်ဦးစီးချုပ် Ri Yong Ho၊ လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ ဝန်ကြီး Kim Yong Chun စတဲ့ ပုဂ္ဂိုလ်တွေလည်း လိုက်ပါလာခဲ့ကြတာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG