သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေျမာက္ကိုရီးယားက ႏ်ဴကလီးယားထိပ္ဖူးတပ္ ဒုံးက်ည္ေတြ ပိုမိုတည္ေဆာက္မည္


ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong Um က ႏ်ဴကလီးယားထိပ္ဖူးတပ္ ဒုံးက်ည္ေတြနဲ႔ တာေဝးပစ္ဒုံးက်ည္ ထုတ္လုပ္မႈေတြကို အ႐ွိန္ျမင့္ လုပ္ေဆာင္သြားမယ္လို႔ ေျပာၾကားေၾကာင္း ႏိုင္ငံပိုင္သတင္းဌာနက ဒီကေန႔ထုတ္ျပန္တဲ့ ႏွစ္ခ်ဳပ္မိန္႔ခြန္းမွာ ထည့္သြင္းေျပာၾကားထားပါတယ္။

အေမရိကန္နဲ႔ မဟာမိတ္ေတြရဲ႕ ရန္လိုတဲ့ ျပဳမူလုပ္ေဆာင္မႈေတြကို ရင္ဆိုင္ႏိုင္ေရးအတြက္ စစ္လက္နက္ပစၥည္းေတြ အလြန္အကြၽံ ထုတ္လုပ္ၾကဖို႔ စေနေန႔က ျပဳလုပ္တဲ့ ပါတီအစည္းေဝးမွာ Kim Jong Um က အဲဒီလို ေျပာၾကားခဲ့တာလို႔ ေတာင္ကိုရီးယား ဗဟိုသတင္းဌာနက ေဖာ္ျပပါတယ္။

ေတာင္ကိုရီးယားဟာ သူတို႔ရဲ႕ရန္သူစစ္စစ္ျဖစ္ေၾကာင္း၊ ဒါေၾကာင့္ ေျမာက္ကိုရီးယားအေနနဲ႔ တိုက္ခိုက္ေရးဆိုင္ရာ ႏ်ဴကလီးယားလက္နက္ေတြ အပါအဝင္ ႏ်ဴကလီးယားထိပ္ဖူးတပ္ ဒုံးက်ည္ထုတ္လုပ္မႈေတြ အတိုင္းထက္လြန္ အ႐ွိန္ျမင့္လုပ္ေဆာင္ၾကဖို႔ လိုအပ္ေၾကာင္းလည္း သူက ေျပာၾကားခဲ့ပါတယ္။

ေျမာက္ကိုရီးယားဟာ ႏ်ဴကလီးယားလက္နက္ ၅၀ ေလာက္အထိ တည္ေဆာက္ႏိုင္တဲ့ စြမ္းအားအျပင္ ႏ်ဴကလီးယားထိပ္ဖူး သယ္ေဆာင္ႏိုင္တဲ့ ဒုံးက်ည္ အမ်ားအျပားလည္း တည္ေဆာက္ႏိုင္စြမ္း ႐ွိေနၿပီျဖစ္ေၾကာင္း ျပင္ပပညာ႐ွင္ေတြက ခန္႔မွန္းၾကပါတယ္။

ဒီအေတာအတြင္း ေျမာက္ကိုရီးယားဟာ ရန္လိုတဲ့သေဘာနဲ႔ ႏ်ဴကလီးယားနဲ႔ ဒုံးက်ည္ စမ္းသပ္ပစ္လြတ္မႈေတြကို ဆက္လက္ျပဳလုပ္သြားမယ္လို႔ ယူဆရၿပီး အဲဒီလို လုပ္ေဆာင္မႈေတြအတြက္ ေတာင္ကိုရီးယားဘက္ကလည္း လက္စားေခ်တဲ့ တန္ျပန္ေဆာင္႐ြက္မႈ လုပ္ေဆာင္ဖို႔ လိုအပ္တယ္လို႔ ေတာင္ကိုရီးယားသမၼတ Yoon Suk-yeol က ေျပာပါတယ္။

==== Unicode =====

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Um က နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်တွေနဲ့ တာဝေးပစ်ဒုံးကျည် ထုတ်လုပ်မှုတွေကို အရှိန်မြင့် လုပ်ဆောင်သွားမယ်လို့ ပြောကြားကြောင်း နိုင်ငံပိုင်သတင်းဌာနက ဒီကနေ့ထုတ်ပြန်တဲ့ နှစ်ချုပ်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားထားပါတယ်။

အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ ရန်လိုတဲ့ ပြုမူလုပ်ဆောင်မှုတွေကို ရင်ဆိုင်နိုင်ရေးအတွက် စစ်လက်နက်ပစ္စည်းတွေ အလွန်အကျွံ ထုတ်လုပ်ကြဖို့ စနေနေ့က ပြုလုပ်တဲ့ ပါတီအစည်းဝေးမှာ Kim Jong Um က အဲဒီလို ပြောကြားခဲ့တာလို့ တောင်ကိုရီးယား ဗဟိုသတင်းဌာနက ဖော်ပြပါတယ်။

တောင်ကိုရီးယားဟာ သူတို့ရဲ့ရန်သူစစ်စစ်ဖြစ်ကြောင်း၊ ဒါကြောင့် မြောက်ကိုရီးယားအနေနဲ့ တိုက်ခိုက်ရေးဆိုင်ရာ နျူကလီးယားလက်နက်တွေ အပါအဝင် နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်ထုတ်လုပ်မှုတွေ အတိုင်းထက်လွန် အရှိန်မြင့်လုပ်ဆောင်ကြဖို့ လိုအပ်ကြောင်းလည်း သူက ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက် ၅၀ လောက်အထိ တည်ဆောက်နိုင်တဲ့ စွမ်းအားအပြင် နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်တဲ့ ဒုံးကျည် အများအပြားလည်း တည်ဆောက်နိုင်စွမ်း ရှိနေပြီဖြစ်ကြောင်း ပြင်ပပညာရှင်တွေက ခန့်မှန်းကြပါတယ်။

ဒီအတောအတွင်း မြောက်ကိုရီးယားဟာ ရန်လိုတဲ့သဘောနဲ့ နျူကလီးယားနဲ့ ဒုံးကျည် စမ်းသပ်ပစ်လွတ်မှုတွေကို ဆက်လက်ပြုလုပ်သွားမယ်လို့ ယူဆရပြီး အဲဒီလို လုပ်ဆောင်မှုတွေအတွက် တောင်ကိုရီးယားဘက်ကလည်း လက်စားချေတဲ့ တန်ပြန်ဆောင်ရွက်မှု လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ တောင်ကိုရီးယားသမ္မတ Yoon Suk-yeol က ပြောပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG