သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kim Jong Un ဘယ်ပျောက်နေလဲ


အသက် ၃၁ နှစ်အရွယ် မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဟာ အများပြည်သူတွေရဲ့ မြင်ကွင်းကနေ ပျောက်နေတာ တလ ကျော်ရှိနေပါပြီ။ ဒီအတောအတွင်းမှာ မြောက်ကိုရီးယားရဲ့ ထိပ်တန်းကိုယ်စားလှယ် အဖွဲ့တဖွဲ့ဟာ တောင်ကိုရီးယားနိုင်ငံကို ရှောင်တခင် ရောက်ရှိနေပြီး ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်ပြီး အရိပ်မြွက် ပြောဆိုနေပါတယ်။

အခုလို မြောက်ကိုရီးယားခေါင်းဆောင် အများပြည်သူရဲ့ မြင်ကွင်းကနေ ပျောက်နေ တာကြောင့် အာဏာသိမ်းမှု ဖြစ်သလား၊ ကျန်းမာရေးမကောင်းလို့လား၊ ပြည်တွင်း စစ်များ ဖြစ်နေသလားဆိုတဲ့ ကောလဟာလတွေ ဖြစ်ပေါ်နေပါတယ်။

သူ့ရဲ့ဖခင်ဖြစ်တဲ့ Kim Jong Ii ရဲ့ အရိုက်အရာကို ၂၀၁၁ ခုနှစ်က ဆက်ခံခဲ့တဲ့ Kim Jong Un ကို နောက်ဆုံးအဖြစ် စက်တင်ဘာလ ၃ ရက်နေ့က မြင်တွေ့ခဲ့ရတာပါ။ အဲဒီတုန်းက သူ အနှစ်သက်ဆုံးဖြစ်တဲ့ Moranbong အမည်ရှိ Pop တေးဂီတ ဖျော်ဖြေပွဲကို တက်ရောက်ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။

အဲဒီတေးဂီတအဖွဲ့ဟာ အမျိုးသမီးငယ် ၅ ယောက် ပါဝင်သီဆိုတာဖြစ်ပြီး အားလုံးကို Kim Jong Un ကိုယ်တိုင် ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။ မြောက်ကိုရီးယား လွှတ်တော် ခေါ်ယူကျင်းပတဲ့ စက်တင်ဘာလ ၂၆ ရက်နေ့မှာ Kim Jong Un မတက်ရောက်ခဲ့ပါဘူး။ အဲဒီမှာ မီဒီယာတွေက စတင် သတိပြုမိခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG