ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong Um ရဲ႕သမီးဟာ ဒီကေန႔ ဒုံးက်ည္ပညာရွင္ေတြနဲ႔ ေတြ႔ဆုံပြဲကို ထပ္မံတက္ေရာက္ခဲ့တာမွာ သူ႔ကို ေခါင္းေဆာင္ရဲ႕ “အခ်စ္ဆုံးသမီး” ၊ “သမီးရတနာေလး” စသျဖင့္ တင္စားေခၚဆိုခဲ့တယ္လို႔ ဆိုပါတယ္။ သူမဟာ အခုအခ်ိန္မွာ အသက္ ၁၀ ႏွစ္ေလာက္သာ ရွိေသးေပမယ့္ ဓါတ္ပုံေတြထဲမွာ ထိပ္ဆုံးကေန ထင္ထင္ရွားရွား ပါဝင္ေနတာေၾကာင့္ ေခါင္းေဆာင္ေလာင္းလ်ာအျဖစ္နဲ႔ အခုလို ထိပ္တန္းကို တင္လာသလားဆိုတဲ့ ေမးခြန္းေတြ ထြက္ေပၚေနပါတယ္။
Ju Ae လို႔အမည္ေပးထားၿပီး အသက္ ၉ ႏွစ္နဲ႔ ၁၀ ႏွစ္ဝန္းက်င္ေလာက္သာ ရွိေသးတဲ့ ေျမာက္ကိုရီးယားေခါင္းေဆာင္ရဲ႕ ဒုတိယသမီးဟာ ၿပီးခဲ့တဲ့ သီတင္းပတ္ကုန္ပိုင္းမွာ ေျမာက္ကိုရီးယားက တိုက္ခ်င္းပစ္ဒုံးက်ည္ စမ္းသပ္ပစ္လြတ္တာကို သူမမိဘေတြ၊ တျခားအဆင့္ျမင့္ အရာရွိႀကီးေတြနဲ႔အတူတက္ေရာက္ ၾကည့္ရႈၿပီး လူျမင္ကြင္းကို ထြက္လာတာပါ။
အဲဒီ ဒုံးက်ည္ စမ္းသပ္ပစ္လြတ္တဲ့ အခမ္းအနားမွာ အေပၚဂ်က္ကက္အျဖဴေရာင္နဲ႔ ရႉးဖိနပ္အနီေရာင္ ဝတ္ဆင္ထားတဲ့ Ju Ae ဟာ ဖခင္နဲ႔အတူ ယွဥ္တြဲရွိေနတဲ့ပုံကို ေတြ႔ၾကရပါတယ္။
အဲဒီ တိုက္ျခင္းပစ္ဒုံးက်ည္ Hwasong 17 ICBM တည္ေဆာက္ေရးမွာ ပါဝင္ခဲ့ၾကတဲ့ သိပၸံပညာရွင္ေတြ၊ တျခားအရာရွိေတြနဲ႔အတူ သားအဖႏွစ္ေယာက္ အုပ္စုလိုက္ အတူဓါတ္ပုံ တြဲ႐ိုက္ခဲ့ေၾကာင္း Ju Ae ရဲ႕အမည္ကို ေဖာ္ျပၿပီး ေျမာက္ကိုရီးယား အစိုးရပိုင္သတင္းမွာ ေဖာ္ျပပါတယ္။
ဓါတ္ပုံေတြထဲမွာ သူမရဲ႕ မိခင္ Ri Sol Ju ထက္ပိုၿပီး ေရွ႕တန္းေရာက္ေနတာကို ေတြ႔ၾကရပါတယ္။
==== Unicode ====
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Um ရဲ့သမီးဟာ ဒီကနေ့ ဒုံးကျည်ပညာရှင်တွေနဲ့ တွေ့ဆုံပွဲကို ထပ်မံတက်ရောက်ခဲ့တာမှာ သူ့ကို ခေါင်းဆောင်ရဲ့ “အချစ်ဆုံးသမီး” ၊ “သမီးရတနာလေး” စသဖြင့် တင်စားခေါ်ဆိုခဲ့တယ်လို့ ဆိုပါတယ်။ သူမဟာ အခုအချိန်မှာ အသက် ၁၀ နှစ်လောက်သာ ရှိသေးပေမယ့် ဓါတ်ပုံတွေထဲမှာ ထိပ်ဆုံးကနေ ထင်ထင်ရှားရှား ပါဝင်နေတာကြောင့် ခေါင်းဆောင်လောင်းလျာအဖြစ်နဲ့ အခုလို ထိပ်တန်းကို တင်လာသလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။
Ju Ae လို့အမည်ပေးထားပြီး အသက် ၉ နှစ်နဲ့ ၁၀ နှစ်ဝန်းကျင်လောက်သာ ရှိသေးတဲ့ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ဒုတိယသမီးဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်လွတ်တာကို သူမမိဘတွေ၊ တခြားအဆင့်မြင့် အရာရှိကြီးတွေနဲ့အတူတက်ရောက် ကြည့်ရှုပြီး လူမြင်ကွင်းကို ထွက်လာတာပါ။
အဲဒီ ဒုံးကျည် စမ်းသပ်ပစ်လွတ်တဲ့ အခမ်းအနားမှာ အပေါ်ဂျက်ကက်အဖြူရောင်နဲ့ ရှူးဖိနပ်အနီရောင် ဝတ်ဆင်ထားတဲ့ Ju Ae ဟာ ဖခင်နဲ့အတူ ယှဉ်တွဲရှိနေတဲ့ပုံကို တွေ့ကြရပါတယ်။
အဲဒီ တိုက်ခြင်းပစ်ဒုံးကျည် Hwasong 17 ICBM တည်ဆောက်ရေးမှာ ပါဝင်ခဲ့ကြတဲ့ သိပ္ပံပညာရှင်တွေ၊ တခြားအရာရှိတွေနဲ့အတူ သားအဖနှစ်ယောက် အုပ်စုလိုက် အတူဓါတ်ပုံ တွဲရိုက်ခဲ့ကြောင်း Ju Ae ရဲ့အမည်ကို ဖော်ပြပြီး မြောက်ကိုရီးယား အစိုးရပိုင်သတင်းမှာ ဖော်ပြပါတယ်။
ဓါတ်ပုံတွေထဲမှာ သူမရဲ့ မိခင် Ri Sol Ju ထက်ပိုပြီး ရှေ့တန်းရောက်နေတာကို တွေ့ကြရပါတယ်။