[[Zawgyi/Unicode]]
ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong Un က ၂၀၂၃ ခုႏွစ္ ေျမာက္ကိုရီးယား စစ္တပ္အတြက္ ရည္မွန္းခ်က္အသစ္ေတြကို လက္ရွိက်င္းပေနတဲ့ အာဏာရ အလုပ္သမားပါတီအစည္းအေဝးမွာ ခ်ျပေျပာဆိုသြားတဲ့အေၾကာင္း ေျမာက္ကိုရီးယားအစိုးရပိုင္ သတင္းဌာနက ဒီေန႔ ထုတ္ျပန္ပါတယ္။
၈ ႀကိမ္ေျမာက္ ေျမာက္ကိုရီးယား အလုပ္သမားပါတီ ဗဟိုေကာ္မတီ ဆဌမအႀကိမ္ မ်က္ႏွာစုံညီ အစည္းအေဝးမွာ ဖန္တီးတဲ့ စိန္ေခၚအကဲစမ္းမႈ အေျခအေနသစ္ေတြနဲ႔ ကိုရီးယားကြၽန္းဆြယ္ ႏိုင္ငံေရးအသြင္အျပင္ကို Kim Jong Un က်ယ္က်ယ္ျပန႔္ျပန႔္ ျပန္ သုံးသပ္ခဲ့တယ္ဆိုၿပီး သတင္းထုတ္ျပန္သြားတာပါ။ ၂၀၂၃ ခုႏွစ္အတြင္း ကိုယ့္ကိုကိုယ္ ကာကြယ္ေရးစြမ္းအင္တိုးျမႇင့္ဖို႔ အဓိက ရည္မွန္းခ်က္ေတြကို Kim Jong Un က ခ်ျပသြားယ္လို႔ KCNA သတင္းဌာနက ေျပာေပမဲ့ ဘာေတြ အေသးစိတ္ခ်ျပသြားတယ္ဆိုတာကို ထုတ္ျပန္ေျပာဆိုတာ မရွိပါဘူး။
ႏိုင္ငံတကာအသိုင္းအဝိုင္းနဲ႔ အထီးက်န္ရပ္တည္ေနတဲ့ ေျမာက္ကိုရီးယားႏိုင္ငံအေနနဲ႔ လက္နက္ အင္အား ထပ္ၿပီးျဖည့္ဆည္းတည္ေဆာက္မယ္ဆိုတာကို Kim Jong Un ရဲ႕မိန႔္ခြန္းက ရည္ၫြန္းေနပါတယ္။ ၂၀၂၂ ခုႏွစ္အတြင္း ေျမာက္ကိုရီးယားဟာ အရင္ကတခါမွမစမ္းဘူးတဲ့အေရအတြက္ မစ္ဇိုင္းဒုံးက်ည္ေတြ စမ္းသပ္ပစ္ခတ္ခဲ့ပါတယ္။
ငါးႏွစ္အတြင္း မဟာဗ်ဴဟာေျမာက္ လက္နက္တီထြင္ဖို႔ ထိပ္တန္းဦးစားေပး လုပ္ေဆာင္မယ့္အေၾကာင္း ၂၀၂၁ ခုႏွစ္ အလုပ္သမားပါတီ ညီလာခံမွာ ေျပာဆိုထားပါတယ္။ တီထြင္မယ့္လက္နက္ေတြထဲမွာ နည္းဗ်ဴဟာေျမာက္ န်ဴကလီးယား လက္နက္၊ တိုက္ခ်င္းပစ္ ပဲ့ထိန္းတပ္ဒုံးက်ည္သစ္၊ အသံထက္ ငါးဆျမန္ၿပီး သူ႔အရွိန္နဲ႔သူပ်ံသြားတဲ့ လက္နက္ထိပ္ဖူးနဲ႔ ေထာက္လွမ္းေရးသုံး ဆက္သြယ္ေရး ၿဂိဳဟ္တုေတြ ပါဝင္ပါတယ္။
=======================
[[Unicode]]
မြောက်ကိုရီးယားကာကွယ်ရေးစွမ်းအင်မြှင့်ဖို့ Kim Jong Un ပြောကြား
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က ၂၀၂၃ ခုနှစ် မြောက်ကိုရီးယား စစ်တပ်အတွက် ရည်မှန်းချက်အသစ်တွေကို လက်ရှိကျင်းပနေတဲ့ အာဏာရ အလုပ်သမားပါတီအစည်းအဝေးမှာ ချပြပြောဆိုသွားတဲ့အကြောင်း မြောက်ကိုရီးယားအစိုးရပိုင် သတင်းဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
၈ ကြိမ်မြောက် မြောက်ကိုရီးယား အလုပ်သမားပါတီ ဗဟိုကော်မတီ ဆဌမအကြိမ် မျက်နှာစုံညီ အစည်းအဝေးမှာ ဖန်တီးတဲ့ စိန်ခေါ်အကဲစမ်းမှု အခြေအနေသစ်တွေနဲ့ ကိုရီးယားကျွန်းဆွယ် နိုင်ငံရေးအသွင်အပြင်ကို Kim Jong Un ကျယ်ကျယ်ပြန့်ပြန့် ပြန် သုံးသပ်ခဲ့တယ်ဆိုပြီး သတင်းထုတ်ပြန်သွားတာပါ။ ၂၀၂၃ ခုနှစ်အတွင်း ကိုယ့်ကိုကိုယ် ကာကွယ်ရေးစွမ်းအင်တိုးမြှင့်ဖို့ အဓိက ရည်မှန်းချက်တွေကို Kim Jong Un က ချပြသွားယ်လို့ KCNA သတင်းဌာနက ပြောပေမဲ့ ဘာတွေ အသေးစိတ်ချပြသွားတယ်ဆိုတာကို ထုတ်ပြန်ပြောဆိုတာ မရှိပါဘူး။
နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အထီးကျန်ရပ်တည်နေတဲ့ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ လက်နက် အင်အား ထပ်ပြီးဖြည့်ဆည်းတည်ဆောက်မယ်ဆိုတာကို Kim Jong Un ရဲ့မိန့်ခွန်းက ရည်ညွန်းနေပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း မြောက်ကိုရီးယားဟာ အရင်ကတခါမှမစမ်းဘူးတဲ့အရေအတွက် မစ်ဇိုင်းဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။
ငါးနှစ်အတွင်း မဟာဗျူဟာမြောက် လက်နက်တီထွင်ဖို့ ထိပ်တန်းဦးစားပေး လုပ်ဆောင်မယ့်အကြောင်း ၂၀၂၁ ခုနှစ် အလုပ်သမားပါတီ ညီလာခံမှာ ပြောဆိုထားပါတယ်။ တီထွင်မယ့်လက်နက်တွေထဲမှာ နည်းဗျူဟာမြောက် နျူကလီးယား လက်နက်၊ တိုက်ချင်းပစ် ပဲ့ထိန်းတပ်ဒုံးကျည်သစ်၊ အသံထက် ငါးဆမြန်ပြီး သူ့အရှိန်နဲ့သူပျံသွားတဲ့ လက်နက်ထိပ်ဖူးနဲ့ ထောက်လှမ်းရေးသုံး ဆက်သွယ်ရေး ဂြိုဟ်တုတွေ ပါဝင်ပါတယ်။