သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီဘုရင် ကွယ်လွန်


Makaman Da Sojoji Suka Kama A Jihar Niger
Makaman Da Sojoji Suka Kama A Jihar Niger

ဆော်ဒီဘုရင် အဗ္ဗဒူလာ ကွယ်လွန်သွားပြီလို့ ဆော်ဒီအာရေဗျနိုင်ငံက ကြေညာ လိုက်ပါတယ်။ ဘုရင် အဗ္ဗဒူလာဟာ အကြမ်းဖက်မှုကိုရော အစ္စလာမ် အစွန်းရောက် မှုတွေကို တိုက်ဖျက်ရာမှာပါ အမေရိကန်ပြည်ထောင်စုရဲ့ ကာလကြာရှည်စွာ မိတ်ဆွေအဖြစ်နဲ့ ရပ်တည်ခဲ့သူဖြစ်ပါတယ်။

သူဟာ ကွယ်လွန်ချိန်မှာ အသက် ၉၀ ရှိပြီဖြစ်ပါတယ်။

သူ့ရဲ့ ဖအေတူ အမေကွဲ ညီအကိုတော် မင်းသားဖြစ်သူ Salman က သူ့ရဲ့ အရိုက်အရာကို ဆက်ခံမှာဖြစ်ပါတယ်။ Salman ဟာ အသက် ၇၉ နှစ် ရှိပြီဖြစ်ပြီး အိမ်ရှေ့စံအဖြစ်နဲ့ ကာကွယ်ရေးဝန်ကြီးတာဝန်ကို ၂၀၁၂ ခုနှစ်က စတင် ထမ်းဆောင် ခဲ့တာဖြစ်ပါတယ်။

ဘုရင် အဗ္ဗဒူလာဟာ ၂၀၀၆ ခုနှစ်မှာ ရှင်ဘုရင် အရိုက်အရာကို တရားဝင် ခံယူခဲ့ပေမယ့် အရင်ဘုရင်ကြီး Faud လေဖြတ်သွားချိန် ၁၉၉၅ ခုနှစ်က စပြီး ဆော်ဒီအာရေဗျနိုင်ငံကို အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။

ဘုရင် အဗ္ဗဒူလာဟာ ဆော်ဒီအာရေဗျ နိုင်ငံကို ဘုရင်အုပ်ချုပ် တဲ့ ခေတ်မီတိုးတက်တဲ့ နိုင်ငံတနိုင်ငံဖြစ်လာအောင်ကြိုးစားသူလို့ နာမည်ကျော်ခဲ့သူပါ။ သူဟာ အယ်လ်ကိုင်းဒါးနဲ့ တခြား အစွန်းရောက် သမားတွေကို ဆန့်ကျင်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ လက်တွဲ လုပ်ဆောင်ခဲ့သလို သူ့လက်ထက်မှာ အမျိုးသမီးတွေ အတွက် နိုင်ငံရေးလုပ်ပိုင်ခွင့်တွေ ပိုပြီး ပေးခဲ့သူဖြစ်ပါတယ်။

XS
SM
MD
LG