သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

KIO အရာရွိနဲ႔ ဝန္ထမ္း ၁၁ ဦး ျမစ္ႀကီးနားမွာ စစ္ေကာင္စီဖမ္းဆီး


ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ (Crd: ကခ်င္ျပည္နယ္သားမ်ားဆံုဆည္းရာ)

[[Zawgyi/Unicode]]

ကခ်င္လြတ္လပ္ေရးအဖြဲ႔ KIO ရဲ႕ အုပ္ခ်ဳပ္ေရးဆိုင္ရာအရာရွိနဲ႔ ဝန္ထမ္းအနည္းဆုံး ၁၁ ဦးကို ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕မွာ စေနေန႔ မနက္ပိုင္းက စစ္ေကာင္စီက ဖမ္းဆီးခဲ့ပါတယ္။ ဒီကေန႔မွာေတာ့ စစ္ေကာင္စီဘက္ကလို႔ယူဆရတဲ့ လူမႈကြန္ရက္စာမ်က္ႏွာအခ်ိဳ႕မွာ ဖမ္းဆီးခံရသူေတြရဲ႕ဓါတ္ပုံေတြကို ေဖာ္ျပလာေပမဲ့ KIO ဘက္ကေတာ့ ဒီသတင္းနဲ႔ပတ္သက္ၿပီး စုံစမ္းဆဲျဖစ္ေၾကာင္း တုံ႔ျပန္ပါတယ္။ ျမစ္ႀကီးနားၿမိဳ႕မွာ KIO အုပ္ခ်ဳပ္ေရးအရာရွိေတြ အဖမ္းခံရတဲ့သတင္းကို ကိုဝင္းခန႔္ေမာင္က တင္ျပေပးထားပါတယ္။

KIO ရဲ႕ အုပ္ခ်ဳပ္ေရးဆိုင္ရာ အရာရွိနဲ႔ ဝန္ထမ္းေတြဟာ ဒီလ ၁၃ ရက္ေန႔ မနက္ အေစာပိုင္းက ျမစ္ႀကီးနားၿမိဳ႕၊ တပ္ကုန္းရပ္ကြက္ Happy KTV ဆိုင္မွာ ဖမ္းဆီးခံရတဲ့အေၾကာင္း ျမစ္ႀကီးနားၿမိဳ႕ခံတဦးက VOA ကို ေျပာပါတယ္။

“အဲဒါက ၁၁ ရက္ညမွာ ဖားကန႔္ဘက္က အရာရွိတေယာက္က ဒကာခံတယ္ဆိုၿပီးမွ သူတို႔သြားၾကတယ္လို႔ေတာ့ ေျပာတာပဲ။ အဲဒါနဲ႔ Happy KTV တပ္ကုန္း ေ႐ႊလမ္းမ ေဘးမွာ ဖြင့္ထားတဲ့ အဲဒီ Happy KTV မွာေပါ့။ သူတို႔ တညလုံးေနၿပီးမွ ေနာက္မနက္ ၅ နာရီ။ ၅ နာရီခြဲ အဲဒီၾကားမွာ လာဖမ္းသြားတာေပါ့။ KIO အုပ္ခ်ဳပ္ေရးပိုင္းဘက္က လူႀကီးပိုင္းေတြ အေတာ္မ်ားမ်ားပါသြားတယ္လို႔ေတာ့ ေျပာတယ္ဗ်။ ၾကားတာေတာ့ ၁၃ ေယာက္လို႔ေတာ့ ၾကားတာပဲ။ ၁၂ ရက္ေန႔မနက္ ၅ နာရီေလာက္မွာေပါ့။”

ေဒသတြင္းသတင္းမီဒီယာအခ်ိဳ႕က ဖမ္းဆီးခံရသူ ၁၆ ဦးအထိ ရွိႏိုင္ေၾကာင္း သတင္းထုတ္ျပန္တာေတြ ရွိပါတယ္။ စစ္ေကာင္စီဘက္ကလို႔ ယူဆရတဲ့ လူမႈကြန္ရက္စာမ်က္ႏွာေတြမွာေတာ့ ၁၄ ရက္ေန႔ မနက္ပိုင္းမွာ KIO အရာရွိ ၁၀ ဦးနဲ႔ အျခားအဆင့္ ၁ ဦး ဖမ္းမိေၾကာင္းသတင္းဓါတ္ပုံေတြကို အမည္၊ ရာထူးတာဝန္နဲ႔တကြ ေဖာ္ျပထားပါတယ္။

KIO ရဲ႕ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူကေတာ့ KIO အုပ္ခ်ဳပ္ေရးပိုင္း အရာရွိေတြ အဖမ္းခံရတာနဲ႔ ပတ္သက္ၿပီး သတင္းအတိအက်မရေသးေၾကာင္း ေျပာပါတယ္။

“ သတင္း အတိအက် မရေသးဘူးခင္ဗ်။ အခုက စုံစမ္းစစ္ေဆးေနတဲ့အေနအထားပဲ ျဖစ္ပါတယ္။ က်ေနာ္တို႔ကိုလည္း သက္ဆိုင္ရာ မိခင္႒ာနဘက္ေန တရားဝင္သတင္းပို႔လာတာလည္း မရွိေသးဘူး။ ဒါေၾကာင့္က်ေနာ္ကေတာ့ ဓါတ္ပုံအေပၚမွာလည္း ေျဖၾကားဖို႔ အခ်က္အလက္ေတြ ဘာမွ မရွိေသးဘူးခင္ဗ်။”

ၿပီးခဲ့တဲ့လ ၂၃ ရက္ေန႔ညက ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္အတြင္း KIO ကခ်င္ လြတ္လပ္ေရးအဖြဲ႔ တည္ေထာင္တဲ့ ၆၂ ႏွစ္ျပည့္ အခမ္းအနားအႀကိဳ ဂီတ ေဖ်ာ္ေျဖပြဲက်င္းပစဥ္ စစ္ေကာင္စီတပ္က ေလေၾကာင္းကေန ဗုံးႀကဲတိုက္ခိုက္ခဲ့တာေၾကာင့္ KIA စစ္ဘက္အရာရွိေတြ၊ ကခ်င္အႏုပညာရွင္ေတြအပါအဝင္ လူ ၆၀ ေက်ာ္ ေသဆုံးၿပီး ၆၀ေက်ာ္ ထိခိုက္ဒဏ္ရာရခဲ့တဲ့အေၾကာင္း KIA က ေျပာပါတယ္။ ျမန္မာစစ္ေကာင္စီဘက္ကေတာ့ ဒီ တိုက္ခိုက္မႈအတြင္းမွာ KIA တပ္မဟာမႉးအပါအဝင္ KIA တပ္ဖြဲ႕ဝင္ေတြနဲ႔ PDF ေတြသာ ေသဆုံးခဲ့တယ္ ဆိုၿပီး သတင္းထုတ္ျပန္ခဲ့ပါတယ္။
#KIO #KIA #စစ္ေကာင္စီ #ေနာ္ဘူ #HappyTV #ျမစ္ႀကီးနား
===============

[[Unicode]]

KIO အရာရှိနဲ့ ဝန်ထမ်း ၁၁ ဦး မြစ်ကြီးနားမှာ စစ်ကောင်စီဖမ်းဆီး

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ အုပ်ချုပ်ရေးဆိုင်ရာအရာရှိနဲ့ ဝန်ထမ်းအနည်းဆုံး ၁၁ ဦးကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စနေနေ့ မနက်ပိုင်းက စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီဘက်ကလို့ယူဆရတဲ့ လူမှုကွန်ရက်စာမျက်နှာအချို့မှာ ဖမ်းဆီးခံရသူတွေရဲ့ဓါတ်ပုံတွေကို ဖော်ပြလာပေမဲ့ KIO ဘက်ကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး စုံစမ်းဆဲဖြစ်ကြောင်း တုံ့ပြန်ပါတယ်။ မြစ်ကြီးနားမြို့မှာ KIO အုပ်ချုပ်ရေးအရာရှိတွေ အဖမ်းခံရတဲ့သတင်းကို ကိုဝင်းခန့်မောင်က တင်ပြပေးထားပါတယ်။

KIO ရဲ့ အုပ်ချုပ်ရေးဆိုင်ရာ အရာရှိနဲ့ ဝန်ထမ်းတွေဟာ ဒီလ ၁၃ ရက်နေ့ မနက် အစောပိုင်းက မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက် Happy KTV ဆိုင်မှာ ဖမ်းဆီးခံရတဲ့အကြောင်း မြစ်ကြီးနားမြို့ခံတဦးက VOA ကို ပြောပါတယ်။

“အဲဒါက ၁၁ ရက်ညမှာ ဖားကန့်ဘက်က အရာရှိတယောက်က ဒကာခံတယ်ဆိုပြီးမှ သူတို့သွားကြတယ်လို့တော့ ပြောတာပဲ။ အဲဒါနဲ့ Happy KTV တပ်ကုန်း ရွှေလမ်းမ ဘေးမှာ ဖွင့်ထားတဲ့ အဲဒီ Happy KTV မှာပေါ့။ သူတို့ တညလုံးနေပြီးမှ နောက်မနက် ၅ နာရီ။ ၅ နာရီခွဲ အဲဒီကြားမှာ လာဖမ်းသွားတာပေါ့။ KIO အုပ်ချုပ်ရေးပိုင်းဘက်က လူကြီးပိုင်းတွေ အတော်များများပါသွားတယ်လို့တော့ ပြောတယ်ဗျ။ ကြားတာတော့ ၁၃ ယောက်လို့တော့ ကြားတာပဲ။ ၁၂ ရက်နေ့မနက် ၅ နာရီလောက်မှာပေါ့။”

ဒေသတွင်းသတင်းမီဒီယာအချို့က ဖမ်းဆီးခံရသူ ၁၆ ဦးအထိ ရှိနိုင်ကြောင်း သတင်းထုတ်ပြန်တာတွေ ရှိပါတယ်။ စစ်ကောင်စီဘက်ကလို့ ယူဆရတဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ ၁၄ ရက်နေ့ မနက်ပိုင်းမှာ KIO အရာရှိ ၁၀ ဦးနဲ့ အခြားအဆင့် ၁ ဦး ဖမ်းမိကြောင်းသတင်းဓါတ်ပုံတွေကို အမည်၊ ရာထူးတာဝန်နဲ့တကွ ဖော်ပြထားပါတယ်။

KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ KIO အုပ်ချုပ်ရေးပိုင်း အရာရှိတွေ အဖမ်းခံရတာနဲ့ ပတ်သက်ပြီး သတင်းအတိအကျမရသေးကြောင်း ပြောပါတယ်။

“ သတင်း အတိအကျ မရသေးဘူးခင်ဗျ။ အခုက စုံစမ်းစစ်ဆေးနေတဲ့အနေအထားပဲ ဖြစ်ပါတယ်။ ကျနော်တို့ကိုလည်း သက်ဆိုင်ရာ မိခင်ဋ္ဌာနဘက်နေ တရားဝင်သတင်းပို့လာတာလည်း မရှိသေးဘူး။ ဒါကြောင့်ကျနော်ကတော့ ဓါတ်ပုံအပေါ်မှာလည်း ဖြေကြားဖို့ အချက်အလက်တွေ ဘာမှ မရှိသေးဘူးခင်ဗျ။”

ပြီးခဲ့တဲ့လ ၂၃ ရက်နေ့ညက ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း KIO ကချင် လွတ်လပ်ရေးအဖွဲ့ တည်ထောင်တဲ့ ၆၂ နှစ်ပြည့် အခမ်းအနားအကြို ဂီတ ဖျော်ဖြေပွဲကျင်းပစဉ် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် KIA စစ်ဘက်အရာရှိတွေ၊ ကချင်အနုပညာရှင်တွေအပါအဝင် လူ ၆၀ ကျော် သေဆုံးပြီး ၆၀ကျော် ထိခိုက်ဒဏ်ရာရခဲ့တဲ့အကြောင်း KIA က ပြောပါတယ်။ မြန်မာစစ်ကောင်စီဘက်ကတော့ ဒီ တိုက်ခိုက်မှုအတွင်းမှာ KIA တပ်မဟာမှူးအပါအဝင် KIA တပ်ဖွဲ့ဝင်တွေနဲ့ PDF တွေသာ သေဆုံးခဲ့တယ် ဆိုပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။
#KIO #KIA #စစ်ကောင်စီ #နော်ဘူ #HappyTV #မြစ်ကြီးနား
===============

XS
SM
MD
LG