သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီေ႐ြးေကာက္ပြဲမွာ မပါဝင္ဖို႔ KIO ဥကၠ႒ တိုက္တြန္း


ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး အင္ဘန္လ ႏွစ္သစ္ကူးမိန႔္ခြန္းေျပာၾကားစဥ္။ (ဇန္နဝါရီ ၁၊ ၂၀၂၃/Photo from Kachinwaves FB)

[[Zawgyi/Unicode]]

စစ္ေကာင္စီကက်င္းပမယ့္ ၂၀၂၃ ေ႐ြးေကာက္ပြဲဟာ ရန္သူ မိတ္ေဆြ ကြဲကြဲျပားျပားရွိေစဖို႔ ဒီေ႐ြးေကာက္ပြဲမွာမပါဝင္ၾကဖို႔ ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး အင္ဘန္လက သူရဲ႕ႏွစ္သစ္ကူးမိန႔္ခြန္းထဲမွာ သတိေပးထားပါတယ္။ အခုလို စစ္ေကာင္စီကျပင္ဆင္ေနတဲ့ ေ႐ြးေကာက္ပြဲကို အဓိကႏိုင္ငံေရးနဲ႔တိုင္းရင္းသားအင္အားစုေတြက လက္မခံတာေၾကာင့္ ဒီအတိုင္းဆိုရင္ ၂၀၂၃ ေ႐ြးေကာက္ပြဲကာလမွာ ျပည္တြင္းတင္းမာမႈေတြ၊ ပဋိပကၡေတြ တိုးလာႏိုင္ေျခရွိပါတယ္။ ဒီအေၾကာင္း စုံစမ္းေမးျမန္းသတင္းေပးပို႔ခ်က္ကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

အာဏာသိမ္းစစ္ေကာင္စီကို ျပင္းျပင္းထန္ထန္ေဝဖန္ေျပာဆိုထားတဲ့ ႏွစ္သစ္ကူးမိန႔္ခြန္းကို ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး အင္ဘန္လက ကခ်င္ဘာသာနဲ႔ ထုတ္ျပန္ခဲ့တာပါ။

ဒီလို ထုတ္ျပန္တဲ့မိန႔္ခြန္းမွာ စစ္အာဏာရွင္စနစ္ကို ျပည္သူ႔ရန္သူအျဖစ္ သတ္မွတ္ၿပီး စစ္ေကာင္စီက က်င္းပမယ့္ ေ႐ြးေကာက္ပြဲကိုမေထာက္ခံဖို႔ တိုက္တြန္းတဲ့အခ်က္ေတြ ပါဝင္ေၾကာင္း KIO ရဲ႕ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူက ေျပာပါတယ္။

“ ေ႐ြးေကာက္ပြဲမွာပါဝင္ၿပီးမွ ေထာက္ခံတဲ့သူေတြအားလုံးကေတာ့ စစ္တပ္ကို ေထာက္ခံတဲ့သူေတြပဲ ျဖစ္ပါတယ္။ ဆိုေတာ့ ဒီ စစ္တပ္ကေတာ့ ျမန္မာႏိုင္ငံျပည္သူလူထုတရပ္လုံးရဲ႕ ရန္သူျဖစ္ပါတယ္။ အဲဒီရန္သူကို ေထာက္ခံတဲ့သေဘာျဖစ္ပါတယ္။ အဲဒါေၾကာင့္ မေထာက္ခံဖို႔ေပါ့ေနာ္။ ပါဝင္ၿပီးမွ မဲဆြယ္ေတာေတြ၊ ေ႐ြးေကာက္ပြဲျဖစ္ေအာင္ ကူညီပံ့ပိုးတာေတြ အားလုံးကေတာ့ စစ္တပ္ကို ေထာက္ပံ့တဲ့၊ ကူညီတဲ့ လူေတြျဖစ္ၾကပါတယ္။ ဒါေၾကာင့္ကိုယ့္ရဲ႕ ရန္သူကို ေထာက္ပံ့တဲ့သူမျဖစ္ေအာင္။ ခုတည္းက သူကေတာ့ သတိေပးတဲ့ ပုံစံနဲ႔ ေျပာသြားတာျဖစ္ပါတယ္ခင္ဗ်။”

ဖြဲ႕စည္းပုံနဲ႔အညီ အာဏာယူခဲ့တာပါလို႔ ေျပာေနတဲ့ စစ္ေကာင္စီဟာ ၂၀၀၈ ဖြဲ႕စည္းပုံအရဆိုရင္ အခု ဇန္နဝါရီလအကုန္မွာ သူ႔ သက္တမ္းျပည့္မွာပါ။ တၿပိဳင္တည္းမွာလည္းပဲ ဒီႏွစ္ ၾသဂုတ္လေလာက္မွာ ေ႐ြးေကာက္ပြဲက်င္းပဖို႔ စစ္ေကာင္စီက ျပင္ဆင္ထားပါတယ္။ အတိအအက်ရက္အားျဖင့္ေတာ့ ထုတ္ျပန္ေၾကညာတာမ်ိဳးမရွိေသးပါဘူး။

ဒီေ႐ြးေကာက္ပြဲကို ႏိုင္ငံေရးအတိုက္အခံအင္အားစုေတြကလည္း ကန႔္ကြက္ေနတဲ့အတြက္ ၂၀၂၃ ခုႏွစ္မွာ ႏိုင္ငံေရးပဋိပကၡေတြ ျမင့္တက္လာႏိုင္တယ္လို႔လည္း ဗိုလ္မႉးႀကီးေနာ္ဘူက သုံးသပ္ပါတယ္။

“ ၾကားရတာကေတာ့ NUG ကလည္း၊ PDF ေတြကလည္း ေ႐ြးေကာက္ပြဲကိုေတာ့အေႏွာင့္အယွက္ေပးဖို႔ အစီအစဥ္ရွိတယ္ဆိုတာ က်ေနာ္တို႔အားလုံး အသိျဖစ္ပါတယ္။ ဥကၠ႒ႀကီးကလည္း ေ႐ြးေကာက္ပြဲမျဖစ္ေအာင္ကေတာ့ ခုကတည္းကေန ျပည္သူလူထုကိုလည္း ပညာေပးထားတာပါတယ္ဆိုေတာ့ အဲဒီေနရာမွာကေတာ့ ပဋိပကၡေတြကေတာ့ ျဖစ္ႏိုင္တယ္လို႔ သုံးသပ္လို႔ ရပါတယ္ဗ်။”

KIO ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး အင္ဘန္လရဲ႕မိန႔္ခြန္းမွာ ၂၀၂၂ ခုႏွစ္မွာ KIO အေနနဲ႔ ရည္မွန္းထားတဲ့လုပ္ငန္းေတြကို ေအာင္ျမင္ေအာင္ အေကာင္အထည္ေဖာ္ႏိုင္ခဲ့သလို လာမယ့္ႏွစ္မွာလည္း အရွိန္ျမႇင့္ေဆာင္႐ြက္ၾကဖို႔ တိုက္တြန္းထားေၾကာင္းလည္း ကခ်င္သတင္းမီဒီယာေတြမွာ ေဖာ္ျပထားပါတယ္။

ရခိုင္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးေဖသန္းကလည္း လက္ရွိျမန္မာ့ႏိုင္ငံေရးအေပၚ အခုလို သုံးသပ္ပါတယ္။

“ ၂၀၂၃ က ေတာ္ေတာ္ကို စစ္ေရး ျပင္းထန္လာႏိုင္စရာရွိတယ္။ ကုလသမဂၢက လုံၿခဳံေရးေကာင္စီအဖြဲ႔အစည္းေတြကေတာင္မွ ဆုံးျဖတ္ခ်က္ခ်ၿပီး ဖိအားေပးေျပာဆိုတာေတြ ရွိတယ္။ ၿပီးေတာ့ NDAA အေမရိကန္ကလည္း အဲလို အကူအညီေပးမယ္ဆို တဘက္ကို ေျပာဆိုတဲ့အခါမွာ အဲဒီဟာကို ျပည္သူေတြက တအားတက္တယ္ေပါ့။ သံခင္းတမန္ခင္း NUG CRPH တို႔က ေရွ႕တန္းကို ျပန္ေရာက္သြားတာေပါ့။ ဒီဘက္ကလည္း အကူအညီရတယ္၊ စိတ္ဓါတ္ခြန္အားေတြ ရလာၿပီဆိုေတာ့ အစြမ္းကုန္ တဘက္နဲ႔ တဘက္ အၿပိဳင္အဆိုင္ တိုက္ပြဲ ေဖာ္ၾကမယ့္ႏွစ္လို႔ က်ေနာ္တို႔က ျမင္ပါတယ္ဗ်။”

ျမန္မာႏိုင္ငံရဲ႕ အဓိကအတိုက္အခံအင္အားစုျဖစ္တဲ့ အမ်ိဳးသားညီၫြတ္ေရး အတိုင္ပင္ခံေကာင္စီ NUCC နဲ႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG အပါအဝင္ ႏိုင္ငံေရးအင္အားစုေတြကလည္း ၂၀၂၃ ေ႐ြးေကာက္ပြဲကို ဆန႔္က်င္ေၾကာင္းနဲ႔ ေအာင္ပြဲရရွိေရးအတြက္ ျပည္သူတရပ္လုံးပါဝင္ၾကဖို႔ ထုတ္ျပန္ထားပါတယ္။

AA ရခိုင္၊ TNLA ပေလာင္နဲ႔ MNDAA ကိုးကန႔္တို႔ပါဝင္တဲ့ ညီေနာင္မဟာမိတ္ တိုင္းရင္းသားလက္နက္ကိုင္ ၃ ဖြဲ႔က ျပည္သူေထာက္ခံတဲ့ ေႏြဦးေတာ္လွန္ေရးအဖြဲ႔ေတြနဲ႔ လက္တြဲၿပီး လုပ္သင့္လုပ္ထိုက္တာေတြ ေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း ႏွစ္သစ္ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ရဲ႕ ႏွစ္သစ္ကူးႏႈတ္ခြန္းဆက္စကားမွာေတာ့ လက္နက္ကိုင္ပဋိပကၡေတြကို ေျဖရွင္းႏိုင္ရင္ တိုင္းရင္းသားေတြနဲ႔ တိုင္းရင္းသားေဒသေတြရဲ႕ အခြင့္အေရး ပိုမိုေဆာင္႐ြက္ႏိုင္မွာျဖစ္ေၾကာင္း၊ တိုင္းရင္းသားေတြရဲ႕ ဒီမိုကေရစီအခြင့္အေရးမဆုံးရႈံးေစဖို႔ ႏိုင္ငံအႏွံ႔ ေ႐ြးေကာက္ပြဲက်င္းပဖို႔ ေဆာင္႐ြက္ေနေၾကာင္း ထည့္သြင္းေျပာဆိုထားပါတယ္။

ဒီလ ၁ ရက္ေန႔မွာပဲ စစ္ေကာင္စီဘက္က ႏိုင္ငံေတာ္ကာကြယ္ေရး၊ အုပ္ခ်ဳပ္ေရး စတဲ့ ကိစၥေတြကို ေႏွာင့္ယွက္တိုက္ခိုက္တာမရွိရင္ တပ္မေတာ္ရဲ႕ စစ္ေရးဆိုင္ရာလႈပ္ရွားမႈေတြကို ၂၀၂၃ ဇန္နဝါရီလ ၁ ရက္ေန႔ကေန ဒီဇင္ဘာလ ၃၁ ရက္ေန႔ထိ ထပ္မံ သက္တမ္းတိုးေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။ ဒီအပစ္ရပ္ေၾကာင္း ထုတ္ျပန္ခ်က္ကို ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလကေန စတင္ၿပီး ၂၁ ႀကိမ္ ထုတ္ျပန္ၿပီးလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=========================

စစ်ကောင်စီရွေးကောက်ပွဲမှာ မပါဝင်ဖို့ KIO ဥက္ကဋ္ဌ တိုက်တွန်း

စစ်ကောင်စီကကျင်းပမယ့် ၂၀၂၃ ရွေးကောက်ပွဲဟာ ရန်သူ မိတ်ဆွေ ကွဲကွဲပြားပြားရှိစေဖို့ ဒီရွေးကောက်ပွဲမှာမပါဝင်ကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက သူရဲ့နှစ်သစ်ကူးမိန့်ခွန်းထဲမှာ သတိပေးထားပါတယ်။ အခုလို စစ်ကောင်စီကပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို အဓိကနိုင်ငံရေးနဲ့တိုင်းရင်းသားအင်အားစုတွေက လက်မခံတာကြောင့် ဒီအတိုင်းဆိုရင် ၂၀၂၃ ရွေးကောက်ပွဲကာလမှာ ပြည်တွင်းတင်းမာမှုတွေ၊ ပဋိပက္ခတွေ တိုးလာနိုင်ခြေရှိပါတယ်။ ဒီအကြောင်း စုံစမ်းမေးမြန်းသတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုထားတဲ့ နှစ်သစ်ကူးမိန့်ခွန်းကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ကချင်ဘာသာနဲ့ ထုတ်ပြန်ခဲ့တာပါ။

ဒီလို ထုတ်ပြန်တဲ့မိန့်ခွန်းမှာ စစ်အာဏာရှင်စနစ်ကို ပြည်သူ့ရန်သူအဖြစ် သတ်မှတ်ပြီး စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကိုမထောက်ခံဖို့ တိုက်တွန်းတဲ့အချက်တွေ ပါဝင်ကြောင်း KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“ ရွေးကောက်ပွဲမှာပါဝင်ပြီးမှ ထောက်ခံတဲ့သူတွေအားလုံးကတော့ စစ်တပ်ကို ထောက်ခံတဲ့သူတွေပဲ ဖြစ်ပါတယ်။ ဆိုတော့ ဒီ စစ်တပ်ကတော့ မြန်မာနိုင်ငံပြည်သူလူထုတရပ်လုံးရဲ့ ရန်သူဖြစ်ပါတယ်။ အဲဒီရန်သူကို ထောက်ခံတဲ့သဘောဖြစ်ပါတယ်။ အဲဒါကြောင့် မထောက်ခံဖို့ပေါ့နော်။ ပါဝင်ပြီးမှ မဲဆွယ်တောတွေ၊ ရွေးကောက်ပွဲဖြစ်အောင် ကူညီပံ့ပိုးတာတွေ အားလုံးကတော့ စစ်တပ်ကို ထောက်ပံ့တဲ့၊ ကူညီတဲ့ လူတွေဖြစ်ကြပါတယ်။ ဒါကြောင့်ကိုယ့်ရဲ့ ရန်သူကို ထောက်ပံ့တဲ့သူမဖြစ်အောင်။ ခုတည်းက သူကတော့ သတိပေးတဲ့ ပုံစံနဲ့ ပြောသွားတာဖြစ်ပါတယ်ခင်ဗျ။”

ဖွဲ့စည်းပုံနဲ့အညီ အာဏာယူခဲ့တာပါလို့ ပြောနေတဲ့ စစ်ကောင်စီဟာ ၂၀၀၈ ဖွဲ့စည်းပုံအရဆိုရင် အခု ဇန်နဝါရီလအကုန်မှာ သူ့ သက်တမ်းပြည့်မှာပါ။ တပြိုင်တည်းမှာလည်းပဲ ဒီနှစ် သြဂုတ်လလောက်မှာ ရွေးကောက်ပွဲကျင်းပဖို့ စစ်ကောင်စီက ပြင်ဆင်ထားပါတယ်။ အတိအအကျရက်အားဖြင့်တော့ ထုတ်ပြန်ကြေညာတာမျိုးမရှိသေးပါဘူး။

ဒီရွေးကောက်ပွဲကို နိုင်ငံရေးအတိုက်အခံအင်အားစုတွေကလည်း ကန့်ကွက်နေတဲ့အတွက် ၂၀၂၃ ခုနှစ်မှာ နိုင်ငံရေးပဋိပက္ခတွေ မြင့်တက်လာနိုင်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက သုံးသပ်ပါတယ်။

“ ကြားရတာကတော့ NUG ကလည်း၊ PDF တွေကလည်း ရွေးကောက်ပွဲကိုတော့အနှောင့်အယှက်ပေးဖို့ အစီအစဉ်ရှိတယ်ဆိုတာ ကျနော်တို့အားလုံး အသိဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးကလည်း ရွေးကောက်ပွဲမဖြစ်အောင်ကတော့ ခုကတည်းကနေ ပြည်သူလူထုကိုလည်း ပညာပေးထားတာပါတယ်ဆိုတော့ အဲဒီနေရာမှာကတော့ ပဋိပက္ခတွေကတော့ ဖြစ်နိုင်တယ်လို့ သုံးသပ်လို့ ရပါတယ်ဗျ။”

KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့မိန့်ခွန်းမှာ ၂၀၂၂ ခုနှစ်မှာ KIO အနေနဲ့ ရည်မှန်းထားတဲ့လုပ်ငန်းတွေကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ခဲ့သလို လာမယ့်နှစ်မှာလည်း အရှိန်မြှင့်ဆောင်ရွက်ကြဖို့ တိုက်တွန်းထားကြောင်းလည်း ကချင်သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကလည်း လက်ရှိမြန်မာ့နိုင်ငံရေးအပေါ် အခုလို သုံးသပ်ပါတယ်။

“ ၂၀၂၃ က တော်တော်ကို စစ်ရေး ပြင်းထန်လာနိုင်စရာရှိတယ်။ ကုလသမဂ္ဂက လုံခြုံရေးကောင်စီအဖွဲ့အစည်းတွေကတောင်မှ ဆုံးဖြတ်ချက်ချပြီး ဖိအားပေးပြောဆိုတာတွေ ရှိတယ်။ ပြီးတော့ NDAA အမေရိကန်ကလည်း အဲလို အကူအညီပေးမယ်ဆို တဘက်ကို ပြောဆိုတဲ့အခါမှာ အဲဒီဟာကို ပြည်သူတွေက တအားတက်တယ်ပေါ့။ သံခင်းတမန်ခင်း NUG CRPH တို့က ရှေ့တန်းကို ပြန်ရောက်သွားတာပေါ့။ ဒီဘက်ကလည်း အကူအညီရတယ်၊ စိတ်ဓါတ်ခွန်အားတွေ ရလာပြီဆိုတော့ အစွမ်းကုန် တဘက်နဲ့ တဘက် အပြိုင်အဆိုင် တိုက်ပွဲ ဖော်ကြမယ့်နှစ်လို့ ကျနော်တို့က မြင်ပါတယ်ဗျ။”

မြန်မာနိုင်ငံရဲ့ အဓိကအတိုက်အခံအင်အားစုဖြစ်တဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် နိုင်ငံရေးအင်အားစုတွေကလည်း ၂၀၂၃ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းနဲ့ အောင်ပွဲရရှိရေးအတွက် ပြည်သူတရပ်လုံးပါဝင်ကြဖို့ ထုတ်ပြန်ထားပါတယ်။

AA ရခိုင်၊ TNLA ပလောင်နဲ့ MNDAA ကိုးကန့်တို့ပါဝင်တဲ့ ညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့က ပြည်သူထောက်ခံတဲ့ နွေဦးတော်လှန်ရေးအဖွဲ့တွေနဲ့ လက်တွဲပြီး လုပ်သင့်လုပ်ထိုက်တာတွေ ဆောင်ရွက်သွားမှာဖြစ်ကြောင်း နှစ်သစ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားမှာတော့ လက်နက်ကိုင်ပဋိပက္ခတွေကို ဖြေရှင်းနိုင်ရင် တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားဒေသတွေရဲ့ အခွင့်အရေး ပိုမိုဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ တိုင်းရင်းသားတွေရဲ့ ဒီမိုကရေစီအခွင့်အရေးမဆုံးရှုံးစေဖို့ နိုင်ငံအနှံ့ ရွေးကောက်ပွဲကျင်းပဖို့ ဆောင်ရွက်နေကြောင်း ထည့်သွင်းပြောဆိုထားပါတယ်။

ဒီလ ၁ ရက်နေ့မှာပဲ စစ်ကောင်စီဘက်က နိုင်ငံတော်ကာကွယ်ရေး၊ အုပ်ချုပ်ရေး စတဲ့ ကိစ္စတွေကို နှောင့်ယှက်တိုက်ခိုက်တာမရှိရင် တပ်မတော်ရဲ့ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို ၂၀၂၃ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ထပ်မံ သက်တမ်းတိုးကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီအပစ်ရပ်ကြောင်း ထုတ်ပြန်ချက်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ စတင်ပြီး ၂၁ ကြိမ် ထုတ်ပြန်ပြီးလည်း ဖြစ်ပါတယ်။

XS
SM
MD
LG