သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နမ်းရှုပ်ရုံနဲ့ Zika ကူးစက်နိုင်


ZIKA VIRUS ပိုးကူးစက်ခံရသူ ကလေးငယ်နဲ့မိခင်။
ZIKA VIRUS ပိုးကူးစက်ခံရသူ ကလေးငယ်နဲ့မိခင်။

ဆီးနဲ့ တံတွေး နမူနာတွေထဲမှာ ဇီကာ ဗိုင်းရပ်စ်ပိုး ရှင်သန် လှုပ်ရှားနေ တာ တွေ့ရတယ် လို့ ဘရာဇီးလ် ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။ သာမန် နမ်းရှုပ် တာကနေ တဆင့်လည်း ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်နိုင်တဲ့ အန္တရာယ် ရှိတယ်လို့ အပူပိုင်းဒေသရောဂါများ သုတေသန သိပ္ပံ Oswaldo Cruz ဖေါင်ဒေးရှင်း - Fiocruz ဥက္ကဋ္ဌ Paulo Gadelha က -Fiocruz က သောကြာနေ့မှာ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။ ဒါပေမယ့်လည်း မနမ်း၊ မရှုပ်ရဆိုတဲ့ မူဝါဒတော့ မထားသင့်ဘူးလို့လည်း တိုက်တွန်းခဲ့ပါတယ်။

ခန္ဓာကိုယ်တွင်း အရည်တွေကနေ ဇီကာရောဂါပိုး ကူးစက်နိုင်မှု ရှိမရှိ သိရအောင် ကြိုးစားနေတယ်လို့လည်း Fiocruz က သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ဘရာဇီးလ် နိုင်ငံမှာ သောကြာနေ့ကစပြီး Carnival ပွဲတော် စတင်ပြီဖြစ် ပါတယ်။ဒီပွဲတော်ချိန်အတွင်း လမ်းတွေပေါ်မှာ ပျော်ပွဲရွှင်ပွဲတွေ နဲ့ ပြည့်နေတတ်ပြီး ပွဲတော်လာ ပရိတ်သတ်တွေဟာ တယောက်နဲ့ တယောက် မသိလည်း နမ်းရှုပ် နှုတ်ဆက်လေ့ရှိပါတယ်။

တချိန်တည်းမှာပဲ ဇီကာရောဂါ ဖြစ်ပွါးမှု ရှိနေတဲ့ နိုင်ငံတွေကနေ မကြာသေးခင် မှ ပြန်ရောက်လာသူတွေ ဆီက သွေးအလှူမခံဖို့ တာဝန်ှရှိသူတွေကို WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ညွှန်ကြားထားပါတယ်။ ခြင်ကနေတဆင့် ကူးစက်တဲ့ ဒီဗိုင်းရပ်စ်ပိုး ပြန့်နှံ့ဖြစ်ပွါးမှုကို လက်တင်အမေရိက အထူးသဖြင့် ဘရာဇီးလ် နိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် တွေ့နေရပြီး ကိုယ်ဝန်ဆောင်မိခင်တွေအတွက် သိပ်ကို အန္တရာယ်ကြီးနေ တာပါ။

ဒီရောဂါပိုးဟာ microcephaly လို့ခေါ်တဲ့ အာရုံကြော ဆိုင်ရာရောဂါနဲ့ ကလေးငယ်တွေကို ပုံမှန်မဟုတ်ပဲ ခေါင်းသေးသေးလေးတွေနဲ့ မွေးဖွါးလာတာတွေနဲ့ ဆက်စပ်မှု ရှိနေမယ်လို့ ဆရာဝန်တွေက သံသယရှိနေကြပါတယ်။ ဘရာဇီးလ် နိုင်ငံမှာ အောက်တိုဘာလကစပြီး ဒီရောဂါ ဖြစ်ပွါးသူ ၄ ထောင်ကျော်နေပြီ ဖြစ်ပါတယ်။

XS
SM
MD
LG