သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီးမော့ဆိုမြို့မှာ လက်နက်ကြီးကျည်ပေါက်ကွဲပြီး အရပ်သားတဦးသေဆုံး


ကယားပြည်နယ် ဒီးမော့ဆိုမြို့။
ကယားပြည်နယ် ဒီးမော့ဆိုမြို့။

[[Zawgyi/Unicode]]

ကယားပြည်နယ်၊ လွိုင်ကော်နဲ့ဒီးမော့ဆိုမှာ ဇန်နဝါရီ ၃ ရက် မနေ့က လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အရပ်သားတဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရပါတယ်။ နှစ်ဘက်တိုက်ပွဲမရှိဘဲ စစ်ကောင်စီဘက်က အရပ်သားတွေရှိရာကို လက်နက်ကြီးနဲ့ပစ်ခတ်နေတာလို့ KNDF ဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားတာကို မဆုမွန်က တင်ပြပေးထားပါတယ်။

ဒီးမော့ဆိုမြို့နယ်ထဲကို မနေ့က လက်နက်ကြီးတွေကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားတဦးသေဆုံးပြီး တဦးထိခိုက်ဒဏ်ရာရရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟို ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ နှစ်ဘက်တိုက်ပွဲတည်ငြိမ်ချိန်မှာ စစ်ကောင်စီဘက်က အရပ်သားရှိတဲ့ ကျေး ရွာတွေဘက်ကို ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ KNDF ဗဟို ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“အဲ့မှာ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတဦး လက်နက်ကြီးထိမှန်ပြီးတော့ သေဆုံးခဲ့ရပါတယ်။ ဒီးမော့ဆို အရှေ့ဘက်ခြမ်းကိုလည်း ဒါ လက်နက်ကြီးပစ်ပါတယ်ပေါ့နော်။ ဆိုတော့ အဲ့မှာလည်း အသက် ၇၀ အရွယ်အမျိုးသားတဦး ထိခိုက်ဒဏ်ရာရတယ်လု့ိ ကျနော်တု့ိကြားသိရတယ်။ အဲ့တော့ စစ်ကောင်စီကတော့ ဇန်နဝါရီလ ၃ ရက်နေ့မှာ တိုက်ပွဲတွေမရှိဘဲနဲ့ အရပ်သားပြည်သူတွေကို ဒါ ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်တဲ့ လုပ်ရပ်မျိုးဖြစ်ပါတယ်။”

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ရှောင်စခန်းတခုမှာ လက်နက်ကြီးကျလို့ အမျိုးသမီးတဦးသေဆုံးပြီး အရှေ့ဘက်ခြမ်းမှာလည်း လက်နက်ကြီးကျလို့ အမျိုးသားတဦး ထိခိုက်ဒဏ်ရာရရှိသွားတာပါ။ ဒေသခံတွေကတော့ ဒါဟာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့လက်နက်ကြီးဖြစ်တယ်လို့ ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒါနဲ့ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်တာမရှိပါဘူး။

အလားတူ လွိုင်ကော်မြို့ ဒေါမူကလားရွာမှာ မနေ့က လက်နက်ကြီးကျလို့ အရပ်သား နှစ်ဦးထိခိုက်ဒဏ် ရာ ရရှိတယ်လို့ ဆေးရုံကို ကူညီပို့ဆောင်ခဲ့တဲ့ ရွှေလွိုင်ကော် (ကယား) ပရဟိတအသင်း ဒုဥက္ကဋ္ဌ ဦးအောင်မြင့်မိုးက ပြောပါတယ်။

“ဖြစ်တာတော့ ကျနော်တို့ မနက် ၁၁ နာရီလောက်ပေါ့နော်၊ ထိတွေ့တိုက်ပွဲမရှိဘူး။ အဲ့မှာကျတာက ရွာထဲကို တလုံးကျတယ်ဗျ။ ရွာအပြင် ၄ လုံးကျတယ်ပေါ့။ ရွာသား ၂ ဦးထိခိုက်သွားတယ်ဗျ။ အသက် အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။”

ဒီနေ့ နေ့ခင်းပိုင်းအထိ လက်နက်ကြီးသံတွေ ကြားနေရပြီး နှစ်ဘက်အပြန်အလှန်တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီဘက်က ပစ်ခတ်နေတယ်လို့ လွိုင်ကော် ကုန်းသာရွာခံတဦး ခုလို ပြောပါတယ်။

“တလောတုန်းက အခြေအနေငြိမ်တယ်။ ဒါပေမဲ့ ဒီ တရက် နှစ်ရက်က လက်နက်ကြီးသံလည်း ပြန်ကြားနေရတယ်ဗျ။ ကျနော်တို့ဘက်ထိတော့ မဟုတ်ဘူးပေမဲ့ ဒီရွာနီးစပ်ချင်းတွေမှာ လက်နက်ကြီးကျတယ်ပေါ့နော်။ ဥပမာ လယ်ထွဲရွာတို့၊ နောက် ဒီးမော့ဆို အနောက်ဘက်ခြမ်းတို့ဆို လက်နက်ကြီးတွေကျနေတာ။ ဒီတရက် နှစ်ရက်ပြန်ဖြစ်နေတယ်ဗျ-ဟုတ်။ အခုလည်း ကြားသေးတယ်ဗျ။ အခုလည်း တချက် နှစ်ချက် နည်းနည်းတော့ လှမ်းတယ်။ ဒီလယ်ထွဲတို့။ ၆ မိုင်ဘက်ဖြစ်လိမ့်မယ်ထင်တယ်။ တိုက်ပွဲမဟုတ်ဘူးဗျ။ တိုက်ပွဲဖော်ဆောင်တဲ့ အရိပ်အယောင်မရှိပေမယ့် လက်နက်ကြီးက ဟို…ဘယ်လိုပြောမတုန်း။ မျှော်လင့်မထားဘဲနဲ့ ရုတ်တရက်ကြီး ကျကျလာတာမျိုးပေါ့နော်။”

တိုက်ပွဲအခြေအနေငြိမ်တဲ့ ကာလမှာ တချို့ရွာသူရွာသားတွေ ရပ်ရွာကို ပြန်လာပြီး တောင်ယာရိတ်သိမ်းရေး လုပ်နေသူတွေလည်း ရှိနေပါတယ်။ အခုလို လက်နက်ကြီးသံ ပြန်ကြားနေရတာကြောင့် ဒေသခံအတော်များများက စစ်ရှောင်စခန်းရှိရာဆီ ထပ်မံတိမ်းရှောင်နေကြရပါတယ်။ ပစ်ခတ်သံတွေကြောင့် လုံခြုံမှုမရှိတော့ဘဲ စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ခု စိုးရိမ်ရတဲ့ အနေအထားပေါ့နော်။ ကျနော်တို့ ဒီတောင်ယာအလုပ်တွေလည်း သိမ်းနေပြီပေါ့နော်။ သိမ်းပြီသလောက်လည်း ရှိနေတဲ့အချိန် ဒီလက်နက်ကြီးသံတွေလည်း ပြန်ကြားနေရတယ်ဆိုတော့ တချို့က ဒီတောင်ပေါ်စစ်ရှောင်စခန်းကိုလည်း ပြန်သွားကြတယ်ပေါ့နော်။ တချို့ကျတော့လည်း အခြေအနေကို
ကြည့်ပြီးတော့ နေ့ဘက်ပိုင်းမှာတော့ ရွာထဲမှာ ပြန်လာကြည့်ကြည့်တယ်။ အိမ်ပြန်လာကြည့်တယ်ပေါ့နော်။ နောက်ညဘက်မှာဆို ဒီစစ်ရှောင်စခန်းပြန်သွားကြတဲ့လူလည်း ပိုများတယ်ဗျဟုတ်။”

ကယားပြည်နယ် ဒေသအခေါ် ကရင်နီနယ်တခွင်က စစ်ရေးအခြေအနေနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာ ပြေးရတဲ့ စစ်ပြေးဒုက္ခသည်တွေရှိဆဲဖြစ်သလို စားနပ်ရိက္ခာ၊ ဆေးဝါး စတဲ့ အကူအညီတွေလည်း လိုအပ်နေဆဲဖြစ်တယ်လို့ စစ်ဘေးဒုက္ခသည်နဲ့ ကူညီပေးသူတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

=====================

[[Unicode]]

ဒီးမော့ဆိုမွို့မှာ လကျနကျကွီးကညြျပေါကျကှဲပွီး အရပျသားတဦးသဆေုံး






“ဖွဈတာတော့ ကနြောျတို့ မနကျ ၁၁ နာရီလောကျပေါ့နောျ၊ ထိတှေ့တိုကျပှဲမရှိဘူး။ အဲ့မှာကတြာက ရှာထဲကို တလုံးကတြယျဗြ။ ရှာအပွငျ ၄ လုံးကတြယျပေါ့။ ရှာသား ၂ ဦးထိခိုကျသှားတယျဗြ။ အသကျ အန်တရာယျတော့ မစိုးရိမျရပါဘူး။”






XS
SM
MD
LG