သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဘာလခဲနဲ႔ လြိဳင္လင္ေလးၿမိဳ႕နယ္ေတြမွာ တိုက္ပြဲေတြျဖစ္ 


ကယားျပည္နယ္၊ ေဘာလခဲၿမိဳ႕ (Credit: Google)

[[Zawgyi/Unicode]]

ကရင္နီျပည္လို႔ေခၚၾကတဲ့ ကယားျပည္နယ္က ေဘာလခဲၿမိဳ႕နယ္ နန္းဖဲေက်း႐ြာတဝိုက္နဲ႔ လြိဳင္လင္ေလးၿမိဳ႕နယ္ဘက္မွာ ဒီေန႔ ျမန္မာစစ္တပ္နဲ႔ ေဒသခံ လက္နက္ကိုင္အဖြဲ႕ေတြ တိုက္ပြဲျဖစ္ခဲ့ပါတယ္။ တိုက္ပြဲေတြရွိေနတဲ့အတြက္ ေဒသခံေတြအေနနဲ႔ အဲဒီေဒသတဝိုက္ အသြားအလာ မလုပ္ၾကဖို႔ ကရင္နီအမ်ိဳးသားကာကြယ္ေရးတပ္ KNDF ကသတိေပးေနပါတယ္။ တိုက္ပြဲျဖစ္တဲ့ ေနရာေတြမွာ စစ္ေကာင္စီတပ္ေတြဘက္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနတာမို႔ ေဒသခံေတြ ထိတ္လန္႔ေနၾကပါတယ္။ ေဘာလခဲၿမိဳ႕နယ္ နန္းဖဲေက်း႐ြာ အေျခအေန သတင္းေပးပို႔ခ်က္ကို မခင္ျဖဴေထြးက တင္ျပပါေပးထားပါတယ္။

ဒီေန႔ ႏိုင္ဝင္ဘာ ၄ ရက္ေန႔ မနက္ပိုင္းက ေဘာလခဲၿမိဳ႕နယ္ နန္းဖဲေက်း႐ြာနားက စစ္တပ္ရဲ႕ မဲ့စေလာင္းေတာင္ တပ္စခန္းအနီးမွာ စစ္တပ္နဲ႔ ကရင္နီ အမ်ိဳးသားကာကြယ္ေရးတပ္ KNDF ပူးေပါင္း အဖြဲ႕ေတြၾကား တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ တိုက္ပြဲေတြအတြင္း လက္နက္ႀကီးေတြအပါအဝင္ တနာရီေလာက္ ပစ္ခတ္သံေတြ ၾကားေနရတဲ့အေၾကာင္း နန္းဖဲ႐ြာခံတဦးက ေျပာပါတယ္။

“ဒီမနက္ေတာ့ ျဖစ္ေသးတယ္။ တနာရီေလာက္ပဲ ၾကားတယ္။ လက္နက္ႀကီးကေတာ့ တနာရီအတြင္းၾကားရတာေပါ့။ အငယ္ေတြကေတာ့ နာရီဝက္ေလာက္ပဲ။ လက္နက္ငယ္ေတာ့ အျပန္အလွန္ပစ္ခတ္ၾကတာေပါ့၊ ဒါမယ့္ စစ္ေကာင္စီဘက္ကေတာ့ လက္နက္ႀကီးေတြ အသားကုန္ထု၊ ႐ြာေဘးတို႔ ႐ြာအျပင္တို႔ သူတို႔ထုတယ္ေလ လွမ္းထုတယ္။”

နန္းဖဲေက်း႐ြာတဝိုက္ဟာ ျမန္မာစစ္တပ္နဲ႔ ကရင္နီေဒသကာကြယ္ေရး ပူးေပါင္းအဖြဲ႕ေတြ မၾကာခဏ တိုက္ပြဲျဖစ္ပြားေလ့ရွိတဲ့ ေနရာျဖစ္ပါတယ္။ ဒီေန႔ တိုက္ပြဲနဲ႔ပတ္သက္လို႔ ထိခိုက္ဒဏ္ရာရမႈအေျခအေနေတာ့ မသိရေသးပါဘူး။ ကရင္နီ အမ်ိဳးသားမ်ားကာကြယ္ေရးတပ္ (KNDF) ဘက္ကလည္း တိုက္ပြဲနဲ႔ ပတ္သက္လို႔ အေသးစိတ္ သတင္းမရေသးဘူးလို႔ ေျပာပါတယ္။

လြိဳင္လင္ေလးၿမိဳ႕နယ္ဘက္မွာလည္း ျမန္မာ စစ္တပ္ဘက္က စစ္ေၾကာင္းေတြ သြားလာေနၿပီး KNDF နဲ႔ ႏွစ္ဘက္ အျပန္အလွန္ ပစ္ခတ္တိုက္ခိုက္တာေတြ ရွိေနတယ္လို႔ (KNDF) ျပန္ၾကားေရး တာဝန္ရွိသူတဉီးက ေျပာပါတယ္။ ဒါေၾကာင့္ တိုက္ပြဲျဖစ္ေနရာဘက္ေတြကို မသြားၾကဖို႔ ေဒသခံေတြကို သူက သတိေပးပါတယ္။

“လြိဳင္လင္ေလးၿမိဳ႕နယ္ဘက္မွာျဖစ္ေနတယ္ေပါ့ေနာ္၊ တိုက္ပြဲ ေလာေလာဆယ္လည္း ျဖစ္ေနတယ္ေပါ့။ တိုက္ပြဲအေျခအေနကို က်ေနာ့္ဆီ အေသးစိတ္အကုန္လုံး မပို႔လာတဲ့အတြက္ က်ေနာ္ ေျပာလို႔ေတာ့ မရေသးဘူးေပါ့ ဟုတ္။ အခုအေျခအေနမွာ လြိဳင္ေကာ္ကေနၿပီးမွ မိုးၿဗဲ၊ ဖယ္ခုံလမ္းမႀကီးေပါ့ေနာ္ ၿပီးတဲ့အခါမွာ လြိဳင္ေကာ္-လြိဳင္လင္ေလး-ဆီဆိုင္ေပါ့ေနာ္၊ အဲ့လမ္းမႀကီးေတြကို အသြားအလာမလုပ္ၾကဖို႔ေပါ့ေလ- စစ္ေကာင္စီက စစ္ေၾကာင္းထိုးေနတာေတြ ရွိတယ္။ တိုက္ပြဲေလးျဖစ္ေနတာရွိတယ္ဆိုတဲ့အတြက္ အသြားအလာမလုပ္ၾကဖို႔၊ သတိထားသြားလာၾကဖို႔ပဲ က်ေနာ္တို႔အေနနဲ႔ အဲ့လို သတိေပးခ်င္ပါတယ္။”

အဲဒီေဒသဘက္မွာ တိုက္ပြဲေတြ မၾကာခဏျဖစ္ေနတဲ့အတြက္ ေဒသခံေတြ ေဘးလြတ္ရာ တိမ္းေရွာင္ေနၾကရတာပါ။ စစ္တပ္ဘက္ကလည္း နန္းဖဲေက်း႐ြာတဝိုက္ကို လက္နက္ႀကီးေတြနဲ႔ လွမ္းၿပီး ပစ္ခတ္ေနတဲ့အတြက္ ေဒသခံေတြ ေနရပ္မျပန္ရဲေသးဘူးလို႔လည္း ေျပာပါတယ္။ ၁ ႏွစ္ေက်ာ္ေလာက္ထဲက ေဘးလြတ္ရာမွာ ေရႊ႕ေျပာင္းေနေနၾကရတဲ့ ေဒသခံေတြမွာလည္း အခက္အခဲေတြ ပိုၿပီး ႀကီးလာတဲ့အေၾကာင္း စစ္ေဘးေရွာင္တဦးက ေျပာပါတယ္။

“က်ေနာ္တို႔ နန္းဖဲေက်း႐ြာက စစ္ေရွာင္ေနရတာ တႏွစ္ေက်ာ္သြားၿပီ။ အဲ့ဒီတိုက္ပြဲမၾကာခဏျဖစ္ေနတဲ့အတြက္ မျပန္ႏိုင္ၾကေသး မျပန္ရဲေသးတာ။ အေျခအေနေတာ့ မေကာင္းဘူးေပါ့ေနာ္။ က်န္းမာေရးအတြက္ အခက္အခဲအမ်ိဳးမ်ိဳးေပါ့။ အထူးသျဖင့္ တခ်ိဳ႕ေတြဆိုလို႔ရွိရင္ ႏွာေစး၊ ေခ်ာင္းဆိုး၊ တုပ္ေကြး၊ ေရေတြလည္း မသန႔္ဘူး။ ေရေတြလည္း မလုံမေလာက္ရရွိတာနဲ႔ အဲ့လိုမ်ိဳးေတြေပါ့ေနာ္။”

တိုက္ပြဲေၾကာင့္ နန္းဖဲေက်း႐ြာအပါအဝင္ ပတ္ဝန္းက်င္ ေက်း႐ြာ ၅ ႐ြာထက္မနည္း လူဦးေ ၄,၀၀၀ ေက်ာ္ ေဘးလြတ္ရာကို တိမ္းေရွာင္ေနၾကရတာလို႔ ကရင္နီလူ႔အခြင့္အေရးအဖြဲ႕ ဒါ႐ိုက္တာ ကိုဗညားက ေျပာပါတယ္။

“တေယာက္မွမရွိေတာ့ဘူး။ ေျပာင္းတာကေတာ့ ၾကာၿပီ။ ၂၀၂၁ ႏွစ္ကုန္ပိုင္းကေနစၿပီးေတာ့ ေျပာင္းတာ။ အခုခ်ိန္ထိ တေယာက္မွ ႐ြာမျပန္ႏိုင္ဘူးေပါ့ေနာ္။ ေလာေလာဆယ္ေတာ့ က်ေနာ္တို႔ စာရင္းအရ အဲ့ဒီနားတခြင္မွာ လူဦးေရ ၄,၀၀၀ ေတာ့ စစ္ေဘးေရွာင္ထားတယ္ေပါ့။ ၄,၀၀၀ ေက်ာ္ေက်ာ္ေတာ့ ေျပာတာေပါ့ေနာ္။”

စစ္ေကာင္စီဘက္ကေတာ့ ဒီေဒသမွာ လက္နက္ကိုင္အဖြဲ႕တခ်ိဳ႕ ေျခကုပ္ယူၿပီး အၾကမ္းဖက္လုပ္ငန္းေတြ လုပ္ေနတဲ့အတြက္ စစ္တပ္ဘက္က နယ္ေျမရွင္းလင္းေရးေတြ လုပ္ေနတာလို႔ အေၾကာင္းျပပါတယ္။ ေဒသခံ ႐ြာသားေတြကလည္း ျမန္မာစစ္တပ္ဘက္က လက္နက္ႀကီးေတြနဲ႔ လွမ္းပစ္ေနတဲ့အတြက္ ႐ြာေတြကို မျပန္ရဲေသးတဲ့အေၾကာင္း ေျပာပါတယ္။ လနဲ႔ခ်ီ အိုးအိမ္စြန႔္ တိမ္းေရွာင္ေနရတဲ့ စစ္ေျပးဒုကၡသည္ေတြကေတာ့ တေန႔ထက္တေန႔ မ်ားလာေနၿပီး ဖ်ားနာ ေခ်ာင္းဆိုးေနသူေတြ။ က်န္းမာေရးခ်ိဳ႕တဲ့သူေတြလည္း မ်ားလာတဲ့အေၾကာင္း စစ္ေဘးေရွာင္ေတြကို အကူအညီေပးေနသူေတြက ေျပာဆိုၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ဘောလခဲနဲ့ လွိုင်လင်လေးမြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်

ကရင်နီပြည်လို့ခေါ်ကြတဲ့ ကယားပြည်နယ်က ဘောလခဲမြို့နယ် နန်းဖဲကျေးရွာတဝိုက်နဲ့ လွိုင်လင်လေးမြို့နယ်ဘက်မှာ ဒီနေ့ မြန်မာစစ်တပ်နဲ့ ဒေသခံ လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ တိုက်ပွဲတွေရှိနေတဲ့အတွက် ဒေသခံတွေအနေနဲ့ အဲဒီဒေသတဝိုက် အသွားအလာ မလုပ်ကြဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ကသတိပေးနေပါတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာတွေမှာ စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာမို့ ဒေသခံတွေ ထိတ်လန့်နေကြပါတယ်။ ဘောလခဲမြို့နယ် နန်းဖဲကျေးရွာ အခြေအနေ သတင်းပေးပို့ချက်ကို မခင်ဖြူထွေးက တင်ပြပါပေးထားပါတယ်။

ဒီနေ့ နိုင်ဝင်ဘာ ၄ ရက်နေ့ မနက်ပိုင်းက ဘောလခဲမြို့နယ် နန်းဖဲကျေးရွာနားက စစ်တပ်ရဲ့ မဲ့စလောင်းတောင် တပ်စခန်းအနီးမှာ စစ်တပ်နဲ့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် KNDF ပူးပေါင်း အဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲတွေအတွင်း လက်နက်ကြီးတွေအပါအဝင် တနာရီလောက် ပစ်ခတ်သံတွေ ကြားနေရတဲ့အကြောင်း နန်းဖဲရွာခံတဦးက ပြောပါတယ်။

“ဒီမနက်တော့ ဖြစ်သေးတယ်။ တနာရီလောက်ပဲ ကြားတယ်။ လက်နက်ကြီးကတော့ တနာရီအတွင်းကြားရတာပေါ့။ အငယ်တွေကတော့ နာရီဝက်လောက်ပဲ။ လက်နက်ငယ်တော့ အပြန်အလှန်ပစ်ခတ်ကြတာပေါ့၊ ဒါမယ့် စစ်ကောင်စီဘက်ကတော့ လက်နက်ကြီးတွေ အသားကုန်ထု၊ ရွာဘေးတို့ ရွာအပြင်တို့ သူတို့ထုတယ်လေ လှမ်းထုတယ်။”

နန်းဖဲကျေးရွာတဝိုက်ဟာ မြန်မာစစ်တပ်နဲ့ ကရင်နီဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိတဲ့ နေရာဖြစ်ပါတယ်။ ဒီနေ့ တိုက်ပွဲနဲ့ပတ်သက်လို့ ထိခိုက်ဒဏ်ရာရမှုအခြေအနေတော့ မသိရသေးပါဘူး။ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) ဘက်ကလည်း တိုက်ပွဲနဲ့ ပတ်သက်လို့ အသေးစိတ် သတင်းမရသေးဘူးလို့ ပြောပါတယ်။

လွိုင်လင်လေးမြို့နယ်ဘက်မှာလည်း မြန်မာ စစ်တပ်ဘက်က စစ်ကြောင်းတွေ သွားလာနေပြီး KNDF နဲ့ နှစ်ဘက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်တာတွေ ရှိနေတယ်လို့ (KNDF) ပြန်ကြားရေး တာဝန်ရှိသူတဉီးက ပြောပါတယ်။ ဒါကြောင့် တိုက်ပွဲဖြစ်နေရာဘက်တွေကို မသွားကြဖို့ ဒေသခံတွေကို သူက သတိပေးပါတယ်။

“လွိုင်လင်လေးမြို့နယ်ဘက်မှာဖြစ်နေတယ်ပေါ့နော်၊ တိုက်ပွဲ လောလောဆယ်လည်း ဖြစ်နေတယ်ပေါ့။ တိုက်ပွဲအခြေအနေကို ကျနော့်ဆီ အသေးစိတ်အကုန်လုံး မပို့လာတဲ့အတွက် ကျနော် ပြောလို့တော့ မရသေးဘူးပေါ့ ဟုတ်။ အခုအခြေအနေမှာ လွိုင်ကော်ကနေပြီးမှ မိုးဗြဲ၊ ဖယ်ခုံလမ်းမကြီးပေါ့နော် ပြီးတဲ့အခါမှာ လွိုင်ကော်-လွိုင်လင်လေး-ဆီဆိုင်ပေါ့နော်၊ အဲ့လမ်းမကြီးတွေကို အသွားအလာမလုပ်ကြဖို့ပေါ့လေ- စစ်ကောင်စီက စစ်ကြောင်းထိုးနေတာတွေ ရှိတယ်။ တိုက်ပွဲလေးဖြစ်နေတာရှိတယ်ဆိုတဲ့အတွက် အသွားအလာမလုပ်ကြဖို့၊ သတိထားသွားလာကြဖို့ပဲ ကျနော်တို့အနေနဲ့ အဲ့လို သတိပေးချင်ပါတယ်။”

အဲဒီဒေသဘက်မှာ တိုက်ပွဲတွေ မကြာခဏဖြစ်နေတဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတာပါ။ စစ်တပ်ဘက်ကလည်း နန်းဖဲကျေးရွာတဝိုက်ကို လက်နက်ကြီးတွေနဲ့ လှမ်းပြီး ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေ နေရပ်မပြန်ရဲသေးဘူးလို့လည်း ပြောပါတယ်။ ၁ နှစ်ကျော်လောက်ထဲက ဘေးလွတ်ရာမှာ ရွှေ့ပြောင်းနေနေကြရတဲ့ ဒေသခံတွေမှာလည်း အခက်အခဲတွေ ပိုပြီး ကြီးလာတဲ့အကြောင်း စစ်ဘေးရှောင်တဦးက ပြောပါတယ်။

“ကျနော်တို့ နန်းဖဲကျေးရွာက စစ်ရှောင်နေရတာ တနှစ်ကျော်သွားပြီ။ အဲ့ဒီတိုက်ပွဲမကြာခဏဖြစ်နေတဲ့အတွက် မပြန်နိုင်ကြသေး မပြန်ရဲသေးတာ။ အခြေအနေတော့ မကောင်းဘူးပေါ့နော်။ ကျန်းမာရေးအတွက် အခက်အခဲအမျိုးမျိုးပေါ့။ အထူးသဖြင့် တချို့တွေဆိုလို့ရှိရင် နှာစေး၊ ချောင်းဆိုး၊ တုပ်ကွေး၊ ရေတွေလည်း မသန့်ဘူး။ ရေတွေလည်း မလုံမလောက်ရရှိတာနဲ့ အဲ့လိုမျိုးတွေပေါ့နော်။”

တိုက်ပွဲကြောင့် နန်းဖဲကျေးရွာအပါအဝင် ပတ်ဝန်းကျင် ကျေးရွာ ၅ ရွာထက်မနည်း လူဦးေ ၄,၀၀၀ ကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတာလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားက ပြောပါတယ်။

“တယောက်မှမရှိတော့ဘူး။ ပြောင်းတာကတော့ ကြာပြီ။ ၂၀၂၁ နှစ်ကုန်ပိုင်းကနေစပြီးတော့ ပြောင်းတာ။ အခုချိန်ထိ တယောက်မှ ရွာမပြန်နိုင်ဘူးပေါ့နော်။ လောလောဆယ်တော့ ကျနော်တို့ စာရင်းအရ အဲ့ဒီနားတခွင်မှာ လူဦးရေ ၄,၀၀၀ တော့ စစ်ဘေးရှောင်ထားတယ်ပေါ့။ ၄,၀၀၀ ကျော်ကျော်တော့ ပြောတာပေါ့နော်။”

စစ်ကောင်စီဘက်ကတော့ ဒီဒေသမှာ လက်နက်ကိုင်အဖွဲ့တချို့ ခြေကုပ်ယူပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်နေတဲ့အတွက် စစ်တပ်ဘက်က နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာလို့ အကြောင်းပြပါတယ်။ ဒေသခံ ရွာသားတွေကလည်း မြန်မာစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတဲ့အတွက် ရွာတွေကို မပြန်ရဲသေးတဲ့အကြောင်း ပြောပါတယ်။ လနဲ့ချီ အိုးအိမ်စွန့် တိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်တွေကတော့ တနေ့ထက်တနေ့ များလာနေပြီး ဖျားနာ ချောင်းဆိုးနေသူတွေ။ ကျန်းမာရေးချို့တဲ့သူတွေလည်း များလာတဲ့အကြောင်း စစ်ဘေးရှောင်တွေကို အကူအညီပေးနေသူတွေက ပြောဆိုကြပါတယ်။

XS
SM
MD
LG