{{Zawgyi/Unicode}}
ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္ထဲမွာ စစ္ေကာင္စီတပ္နဲ႔ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြ ဒီေန႔ ႏိုဝင္ဘာ ၂၅ ရက္ေန႔မနက္က တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ ကရင္နီအမ်ိဳးသား ကာကြယ္ေရးတပ္ KNDF ယာယီတပ္စခန္းတခုကို စစ္တပ္က ထိုးစစ္ဆင္တိုက္ခိုက္ခဲ့လို႔ တိုက္ပြဲျဖစ္ခဲ့တာလို႔ KNDF ဘက္ကေျပာပါတယ္။ တိုက္ပြဲအတြင္း KNDF အဖြဲ႕ဝင္ ေလးေယာက္ ေသဆုံးခဲ့ပါတယ္။ ဒီတိုက္ပြဲအပါအဝင္ ကယားျပည္နယ္ရဲ႕ စစ္ေရးအေျခအေနကို ကိုရန္ႏိုင္က တင္ျပေပးထားပါတယ္။
ကယားျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္ထဲက စံျပ ၆ မိုင္ေက်း႐ြာအုပ္စု ဟိုဖိတ္႐ြာဘက္မွာ စခန္းခ်ေနတဲ့ ကရင္နီအမ်ိဳးသားကာကြယ္ေရးတပ္ KNDF ယာယီတပ္စခန္းကို စစ္ေကာင္စီတပ္ဘက္ကေန ထိုးစစ္ဆင္လာတာေၾကာင့္ ဒီမနက္မွာ ရင္ဆိုင္တိုက္ပြဲျဖစ္ပြါးခဲ့တယ္လို႔ KNDF ေခါင္းေဆာင္တဦးက ေျပာပါတယ္။
"ဒီးေမာ့ဆိုက ၆ မိုင္(ေက်းရြာအုပ္စု) ဟိုဖိတ္႐ြာမွာ တိုက္ပြဲျဖစ္တာဗ်။ မနက္ ၆ နာရီကတည္းက တိုက္ပြဲစျဖစ္ တာ။ စစ္ေကာင္စီက အဲဒီနားမွာရွိတဲ့ ဘုရားေက်ာင္း၊ ဘုန္းႀကီးေက်ာင္းမွာတပ္စြဲဖို႔ ဆင္းလာတဲ့အခ်ိန္မွာ က်ေနာ္တို႔တပ္နဲ႔ ရင္ဆိုင္တိုက္ပြဲျဖစ္တာဗ်။"
စစ္တပ္ဘက္က လက္နက္ႀကီးေတြနဲ႔ ေတာက္ေလွ်ာက္ပစ္ခတ္တဲ့အတြက္ တိုက္ပြဲ ျပင္းထန္ခဲ့ၿပီး ၂ ဘက္လုံး ထိခိုက္မႈေတြရွိတယ္လို႔လည္း ေျပာပါတယ္။
"အခုခ်ိန္သိသေလာက္ကေတာ့ က်ေနာ္တို႔ဘက္မွာ (၆) ေယာက္ကေတာ့ ျပင္းျပင္းထန္ထန္ ဒဏ္ရာရေနတယ္ခင္ဗ်။ တပ္ဘက္ကေတာ့ က်ေနာ္တို႔သိတာ ကိုယ္ေတြ႔ ေတြ႔တာကေတာ့ (၂) ေယာက္ေလာက္ ထမ္းေျပးလာတာေတာ့ရွိတယ္။ ဒါေပမဲ့ ေသလား မေသလားဆိုတာ မသိဘူး။ ေနာက္ (၁၀) ေယာက္ (၁၂) ေယာက္ကေတာ့ စစ္တပ္ဘက္က ဒဏ္ရာရတယ္လို႔ က်ေနာ္တို႔ ေတြ႕ရတယ္ဗ်။"
ဒီးေမာ့ဆိုၿမိဳ႕နယ္ဘက္ ဒီမနက္ျဖစ္တဲ့တိုက္ပြဲမွာ (KNDF) ဘက္က (၄) ဦးက်ဆုံးၿပီး စစ္ေကာင္စီတပ္မွ ေလးေယာက္ ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ KNDF ဘက္က ညေနပိုင္းမွာ ထုတ္ျပန္ ထားပါတယ္။ စစ္တပ္ဘက္က ေသဆုံးတာနဲ႔ပတ္သက္လို႔ ဗြီအိုေအက သီးျခားအတည္မျပဳႏိုင္ပါဘူး။ KNDF ယာယီတပ္စခန္း အလစ္အငိုက္တိုက္ခိုက္ခံရမႈအတြင္း KNDF ဘက္က ၄ ဦး ေသဆုံးခဲ့တယ္လို႔ ကရင္နီလူမႈအဖြဲ႕အစည္း တာဝန္ရွိသူတဦးက အခုလို ေျပာပါတယ္။
"(၄) ေယာက္က်သြားတယ္။ က်သြားတယ္လို႔လည္း သတင္းအတိက်ရတယ္ေနာ္။ အဲဒီ ႐ြာသားေတြ ထြက္ေျပးရတယ္။ (၆) မိုင္႐ြာမွာေတာ့မက်န္ဘူး။ ခုထိ အိမ္ျပန္မေရာက္ေသးဘူး။”
စစ္တပ္နဲ႔ KNDF အဖဲ့ြၾကား တိုက္ပြဲျဖစ္ခဲ့ၿပီးေနာက္ တိုက္ပြဲျဖစ္တဲ့နားမွာရွိတဲ့ ၆ မိုင္႐ြာက ေက်း႐ြာသား (၇) ဦးကို စစ္ေကာင္စီတပ္ကေန လူသားဒိုင္းအျဖစ္ ဖမ္းဆီးေခၚေဆာင္သြားၿပီး ေန႔လည္ပိုင္းမွာျပန္လႊတ္ေပးခဲ့တယ္လို႔လည္းKNDF ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ၆ မိုင္နဲ႔ ဟိုဖိတ္႐ြာဘက္ကို တိုက္ပြဲျဖစ္ေနစဥ္မွာေရာ တိုက္ပြဲၿပီးတဲ့ေနာက္မွာပါ စစ္တပ္ ဘက္က လက္နက္ႀကီးေတြနဲ႔ အဆက္မျပတ္ ပစ္ခတ္ေနတာေၾကာင့္ ႐ြာသားေတြ ထြက္ေျပးေနၾကရပါတယ္။ ဒီးေမာ့ဆိုၿမိဳ႕နယ္ဘက္တိုက္ပြဲျဖစ္ပြါးတဲ့အေျခအေနကိုသိရွိဖို႔ စစ္ေကာင္စီေျပာခြင့္ရကို ဗြီအိုေအက ႀကိမ္ႀကိမ္ဆက္သြယ္ခဲ့ေပမယ့္ မရခဲ့ပါဘူး။
ႏိုဝင္ဘာလ ၂၄ ရက္ေန႔က လြိဳင္ေကာ္ၿမိဳ႕နယ္ ၊ ႏိုးကိုးေက်း႐ြာအုပ္စု၊ ေဆာ္ခီးေဒါေက်း႐ြာနဲ႔ ေဒါလိုေရွးေက်း႐ြာအၾကားမွာရွိတဲ့ လွ်ပ္စစ္တာဝါတိုင္ ၂ ခုဖ်က္စီးခံရၿပီးေနာက္ ဒီေန႔ ႏိုဝင္ ဘာ ၂၅ ရက္ မနက္ပိုင္းမွာ KNDF အဖြဲ႕ရဲ႕စခန္း တိုက္ခိုက္ခံရတာျဖစ္ပါတယ္။ KNDF ေခါင္းေဆာင္တဦးကေတာ့ ျမန္မာစစ္တပ္အသုံးျပဳတဲ့ လွ်ပ္စစ္တာဝါတိုင္ကို ဖ်က္တာလို႔ ေျပာပါတယ္။
"စစ္ေကာင္စီေတြအသုံးျပဳမ်ားတဲ့တာဝါတိုင္ကိုဖ်က္စီးလိုက္တာပိုမ်ားတယ္ေပါ့ေလ။ ဖ်က္စီးလိုက္တာ ပိုၿပီးေတာ့ရွိတာေပါ့။ ႐ိုး႐ိုးသာမန္လူထုေတြ အသုံးျပဳတဲ့ဟာဆိုရင္ေတာ့ ဖ်က္စီးလိုက္တာမရွိပါဘူးေလ။"
ဖ်က္စီးခံရတဲ့ လွ်ပ္စစ္ တာဝါတိုင္ ၂ ခုဟာ ေလာပိတ အမွတ္(၁) လွ်ပ္စစ္ဓာတ္အားစက္႐ုံ ကေန ေနျပည္ေတာ္၊ ရန္ကုန္နဲ႔ မႏၲေလးၿမိဳ႕ေတြဆီကို လွ်ပ္စစ္ဓာတ္အားေပးပို႔ေနတဲ့ တာဝါတိုင္ေတြျဖစ္ပါတယ္။ ႏိုဝင္ဘာလ ၂၃ ရက္ေန႔ကလည္း ဒီးေမာ့ဆိုၿမိဳ႕နယ္ထဲက ေနရာသုံးေနရာမွာ စစ္ေကာင္စီတပ္နဲ႔ KNDF တို႔အၾကား တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီဘက္က ထိခိုက္မႈမ်ားတယ္လို႔ ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ KNDF က ေျပာပါတယ္။
စစ္ေကာင္စီတပ္ကေန လြိဳင္ေကာ္နဲ႔ ဒီးေမာ့ဆိုၾကား ေက်း႐ြာေတြဘက္ကို မၾကာခဏ ထိုးစစ္ ဆင္ တိုက္ခိုက္ေနတာေၾကာင့္ ကရင္နီပူးေပါင္းတပ္ဖြဲ႕ေတြနဲ႔ မၾကာခန တိုက္ပြဲေတြ ျဖစ္ပြားေနတာျဖစ္ပါတယ္။
===============
{{Unicode}}
ဒီးမော့ဆိုမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲဖြစ်
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ ဒီနေ့ နိုဝင်ဘာ ၂၅ ရက်နေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF ယာယီတပ်စခန်းတခုကို စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲဖြစ်ခဲ့တာလို့ KNDF ဘက်ကပြောပါတယ်။ တိုက်ပွဲအတွင်း KNDF အဖွဲ့ဝင် လေးယောက် သေဆုံးခဲ့ပါတယ်။ ဒီတိုက်ပွဲအပါအဝင် ကယားပြည်နယ်ရဲ့ စစ်ရေးအခြေအနေကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲက စံပြ ၆ မိုင်ကျေးရွာအုပ်စု ဟိုဖိတ်ရွာဘက်မှာ စခန်းချနေတဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ယာယီတပ်စခန်းကို စစ်ကောင်စီတပ်ဘက်ကနေ ထိုးစစ်ဆင်လာတာကြောင့် ဒီမနက်မှာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ KNDF ခေါင်းဆောင်တဦးက ပြောပါတယ်။
"ဒီးမော့ဆိုက ၆ မိုင်(ကျေးရွာအုပ်စု) ဟိုဖိတ်ရွာမှာ တိုက်ပွဲဖြစ်တာဗျ။ မနက် ၆ နာရီကတည်းက တိုက်ပွဲစဖြစ် တာ။ စစ်ကောင်စီက အဲဒီနားမှာရှိတဲ့ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းမှာတပ်စွဲဖို့ ဆင်းလာတဲ့အချိန်မှာ ကျနော်တို့တပ်နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်တာဗျ။"
စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ခတ်တဲ့အတွက် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ၂ ဘက်လုံး ထိခိုက်မှုတွေရှိတယ်လို့လည်း ပြောပါတယ်။
"အခုချိန်သိသလောက်ကတော့ ကျနော်တို့ဘက်မှာ (၆) ယောက်ကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရနေတယ်ခင်ဗျ။ တပ်ဘက်ကတော့ ကျနော်တို့သိတာ ကိုယ်တွေ့ တွေ့တာကတော့ (၂) ယောက်လောက် ထမ်းပြေးလာတာတော့ရှိတယ်။ ဒါပေမဲ့ သေလား မသေလားဆိုတာ မသိဘူး။ နောက် (၁၀) ယောက် (၁၂) ယောက်ကတော့ စစ်တပ်ဘက်က ဒဏ်ရာရတယ်လို့ ကျနော်တို့ တွေ့ရတယ်ဗျ။"
ဒီးမော့ဆိုမြို့နယ်ဘက် ဒီမနက်ဖြစ်တဲ့တိုက်ပွဲမှာ (KNDF) ဘက်က (၄) ဦးကျဆုံးပြီး စစ်ကောင်စီတပ်မှ လေးယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNDF ဘက်က ညနေပိုင်းမှာ ထုတ်ပြန် ထားပါတယ်။ စစ်တပ်ဘက်က သေဆုံးတာနဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်ပါဘူး။ KNDF ယာယီတပ်စခန်း အလစ်အငိုက်တိုက်ခိုက်ခံရမှုအတွင်း KNDF ဘက်က ၄ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီလူမှုအဖွဲ့အစည်း တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။
"(၄) ယောက်ကျသွားတယ်။ ကျသွားတယ်လို့လည်း သတင်းအတိကျရတယ်နော်။ အဲဒီ ရွာသားတွေ ထွက်ပြေးရတယ်။ (၆) မိုင်ရွာမှာတော့မကျန်ဘူး။ ခုထိ အိမ်ပြန်မရောက်သေးဘူး။”
စစ်တပ်နဲ့ KNDF အဖဲ့ွကြား တိုက်ပွဲဖြစ်ခဲ့ပြီးနောက် တိုက်ပွဲဖြစ်တဲ့နားမှာရှိတဲ့ ၆ မိုင်ရွာက ကျေးရွာသား (၇) ဦးကို စစ်ကောင်စီတပ်ကနေ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး နေ့လည်ပိုင်းမှာပြန်လွှတ်ပေးခဲ့တယ်လို့လည်းKNDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၆ မိုင်နဲ့ ဟိုဖိတ်ရွာဘက်ကို တိုက်ပွဲဖြစ်နေစဉ်မှာရော တိုက်ပွဲပြီးတဲ့နောက်မှာပါ စစ်တပ် ဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတာကြောင့် ရွာသားတွေ ထွက်ပြေးနေကြရပါတယ်။ ဒီးမော့ဆိုမြို့နယ်ဘက်တိုက်ပွဲဖြစ်ပွါးတဲ့အခြေအနေကိုသိရှိဖို့ စစ်ကောင်စီပြောခွင့်ရကို ဗွီအိုအေက ကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။
နိုဝင်ဘာလ ၂၄ ရက်နေ့က လွိုင်ကော်မြို့နယ် ၊ နိုးကိုးကျေးရွာအုပ်စု၊ ဆော်ခီးဒေါကျေးရွာနဲ့ ဒေါလိုရှေးကျေးရွာအကြားမှာရှိတဲ့ လျှပ်စစ်တာဝါတိုင် ၂ ခုဖျက်စီးခံရပြီးနောက် ဒီနေ့ နိုဝင် ဘာ ၂၅ ရက် မနက်ပိုင်းမှာ KNDF အဖွဲ့ရဲ့စခန်း တိုက်ခိုက်ခံရတာဖြစ်ပါတယ်။ KNDF ခေါင်းဆောင်တဦးကတော့ မြန်မာစစ်တပ်အသုံးပြုတဲ့ လျှပ်စစ်တာဝါတိုင်ကို ဖျက်တာလို့ ပြောပါတယ်။
"စစ်ကောင်စီတွေအသုံးပြုများတဲ့တာဝါတိုင်ကိုဖျက်စီးလိုက်တာပိုများတယ်ပေါ့လေ။ ဖျက်စီးလိုက်တာ ပိုပြီးတော့ရှိတာပေါ့။ ရိုးရိုးသာမန်လူထုတွေ အသုံးပြုတဲ့ဟာဆိုရင်တော့ ဖျက်စီးလိုက်တာမရှိပါဘူးလေ။"
ဖျက်စီးခံရတဲ့ လျှပ်စစ် တာဝါတိုင် ၂ ခုဟာ လောပိတ အမှတ်(၁) လျှပ်စစ်ဓာတ်အားစက်ရုံ ကနေ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေဆီကို လျှပ်စစ်ဓာတ်အားပေးပို့နေတဲ့ တာဝါတိုင်တွေဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ်ထဲက နေရာသုံးနေရာမှာ စစ်ကောင်စီတပ်နဲ့ KNDF တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုများတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ပြောပါတယ်။
စစ်ကောင်စီတပ်ကနေ လွိုင်ကော်နဲ့ ဒီးမော့ဆိုကြား ကျေးရွာတွေဘက်ကို မကြာခဏ ထိုးစစ် ဆင် တိုက်ခိုက်နေတာကြောင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တွေနဲ့ မကြာခန တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။
#WhatIsHappeningInMyanmar #MyanmarMilitaryCoup #voaburmese #စစ်အာဏာသိမ်းမှု #ဗွီအိုအေမြန်မာပိုင်း #ဒီးမော့ဆို#KNDF#လျှပ်စစ်တာဝါတိုင်
===============