သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ ဗျုဟာကုန်း KNLA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်


လက်နက်ချအညံ့ခံတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့နဲ့ KNLA ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူးတို့အား အတူတွေ့ရစဉ် (ဒီဇင်ဘာ ၃၀၊ ၂၀၂၄)
လက်နက်ချအညံ့ခံတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့နဲ့ KNLA ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူးတို့အား အတူတွေ့ရစဉ် (ဒီဇင်ဘာ ၃၀၊ ၂၀၂၄)

ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့အနန်းကွင်း ဗျူဟာကုန်းတပ်စခန်း KNLA /PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်ကူတက်လာတဲ့ အင်အား (၁၅၀) ကျော်လောက်ရှိတဲ့ တပ်ရင်း ၂ ရင်းကိုလည်း ဇန်နဝါရီလ ၄ ရက်နေ့က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမူ့တွေများတယ်လို့ မျက်မြင်တွေ့ရသူဒေသခံတဦးက VOA ကို ပြောပါတယ်။

"အနန်းကွင်းက ဗျူဟာကို အတိုက်ပြလိုက်တယ်။ ဒီဘက်က သံဖြူဇရပ်ဘက်ကတပ်မ ၄၄ က၊ တပ်ရင်း ၂ ရင်း စစ်ကူသွားတယ် တပ်မ ၄၄ က စစ်ကူတပ်တွေကို ဒီဘက်က လမ်းကနေ အဖွဲ့ပေါင်းစုံက ဖြတ်တိုက်တယ်။ အဲဒီတော့ စစ်ကူတပ်ရင်းက အယောက် ၄၀ လောက်ကျတယ်။ အလံဖြူထောင်တဲ့သူကလည်း ၃၀ လောက်ရှိတယ်။ ကျန်တဲ့သူတွေက လက်လွတ်ထွက်ပြေးတယ်။ လက်နက်တွေတော့ ကျန်ခဲ့တယ်။ တောင်စွန်းကလည်း အရံကာရင်းပေါ့ လွတ်ရှမ်းကလည်း ကာရင်းပဲ။ ဒီဘက်က ဘုန်းကြီးကျောင်းနားက တပ်ရင်းကလည်း ကာရင်းတွေပဲ (ဗျူဟာကို ကာကွယ်ထားတဲ့ တပ်ရင်းတွေ) ခပ်လှမ်းလှမ်းက ဗျူဟာကုန်းကို ကျန်သေးတယ်။ ဗျူဟာကုန်းကို အတိုက်ပြတယ်။ အဲဒီတော့ ဒီဘက်ကဝင်ရင် မိုင်းတွေထောင်ထားတာလည်း သိကြတယ်။"

ဒီဇင်ဘာလ ၃၀ ရက်နေ့လောက်ကစပြီး တိုက်ပွဲတွေ စဖြစ်ခဲ့ပြီး၊ အနန်းကွင်း ဗျူဟာကို ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

"တိုက်တာက ၃၀ ရက်နေ့က စတိုက်တယ်။ အနန်းကွင်း ဗျူဟာကို တိုက်တာ မနေ့ကတော့ စစ်ကူလာတယ်။ သူတို့ အလံဖြူထောင်ပြီးတော့ နောက်ပိုင်း ဂျက်ဖိုက်တာ ၂ စင်းနဲ့ ဗုံးလာကြဲတယ်။ အလံဖြူထောင်ပြီး ဂျက်ဖိုက်တာ လာကြဲပြီးနောက်ပိုင်း၊ တခြားဘယ်သူမှတော့ မထိခိုက်ဘူး။ သူတို့က မွန်းလွဲ ၂ နာရီလောက်မှ ပြီးသွားတာ။"

သံဖြူဇရပ်-ဘုရားသုံးဆူ လမ်းမပေါ်က အနန်းကွင်းဗျူဟာ တပ်စခန်းကို KNLA/PDF ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိနိုင်ဖို့အတွက် ၂၀၂၄ ခုနှစ် မတ်လပိုင်းက စတင်ပြီး၊ ဘေးနားက စစ်ကူပေးနိုင်တဲ့ စခန်းတွေကို စတိုက်ခဲ့တာကြောင့် စစ်ကောင်စီ ရဲတပ်စခန်း ၂ ခုလောက် လက်လွတ်ဆုံးရှုံးခဲ့ရပါတယ်ရှင်။

Forum

XS
SM
MD
LG