သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အောင်သာဝရစစ်စခန်း KNU နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူ


KNU နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူလိုက်တဲ့ ဝေ့တူရေ့ (အောင်သာဝရ) စစ်စခန်း (ဓါတ်ပုံ - KIC News)
KNU နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူလိုက်တဲ့ ဝေ့တူရေ့ (အောင်သာဝရ) စစ်စခန်း (ဓါတ်ပုံ - KIC News)

တနင်္သာရီဘက်က စစ်ကောင်စီရဲ့ အောင်သာဝရစခန်းကို KNU နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူလိုက်တယ်လို့ KNU က ပြောပါတယ်။ တနင်္သာရီတိုင်း၊ တနင်္သာရီမြိုနယ်က ဒီစခန်းကို၊ KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၄ နယ်မြေ စစ်ဆင်ရေးအဖွဲ့ ဦးဆောင်ပြီး ပူးပေါင်းတပ်တွေ မနေ့က သိမ်းခဲ့တာလို့၊ ပြောခွင့်ရ ဖဒိုစောတာနီးက VOA ကို ပြောပါတယ်။

KNLA ကရင်တပ်မဟာ ၄ ဗျုဟာအဖွဲ့ ဦးဆောင်ပြီး၊ KNDO ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ တပ်ရင်း ၇ နဲ့ ဒေသခံ PDF တပ်တွေက မနေ့နေ့လည်မှာ သိမ်းပိုက်ခဲ့ပြီး၊ လက်နက်အများအပြား သိမ်းနိုင်ခဲ့တယ်လို့ ဒေသခံအရာရှိတွေကလည်း ပြောပါတယ်။

KNU ရဲ့ တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ထဲရှိ အောင်သာဝရ၊ ကရင်အခေါ် ဝေ့တူရေ့ စစ်စခန်းကို လွန်ခဲ့ ၂၇ နှစ်က မြန်မာစစ်တပ် သိမ်းယူခဲ့ပြီး အခု တော်လှန်ရေးတပ်တွေဘက်က သောကြာနေ့က ပြန်သိမ်းနိုင်ခဲ့တာပါ။

အောင်သာဝရစခန်းကို KNU နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူခဲ့အပြီးမှာ KNDO တပ်ရင်း ၇ ရဲ့ ဆေးရုံကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ သူနာပြုအမျိုးသမီးတဦး သေဆုံးခဲ့ရတယ်လို့၊ KIC ကရင်သတင်းဌာနကလည်း ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ တနင်္သာရီမြစ်ဘေးမှာရှိပြီး စစ်ကောင်စီရဲ့ ခလရ ၂၈၅ တပ်စွဲနေခဲ့တဲ့ အောင်သာဝရခခန်း အသိမ်းခံရတာနဲ့ ပတ်သက်လို စစ်ကောင်စီကို VOA က မေးမြန်းခဲ့ပေမဲ့ ခုချိန်ထိ တုံ့ပြန်ခြင်း မရှိပါဘူး။

Forum

XS
SM
MD
LG