လူတဦးချင်း ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းစုတွေ၊ ကော်ပိုရေးရှင်းကြီးတွေ အရှုံးပေါ်ပြီး ဆက်လက်ရပ်တည်လည်ပတ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့အခါ Bankruptcy လို့ခေါ်တဲ့ ဒေဝါလီခံတာ၊ လူမွဲစာရင်း ခံယူတာတွေ လုပ်ကြရပါတယ်။ နိုင်ငံတခုအနေနဲ့လည်း စီးပွားရေး ချွတ်ခြုံကျပြီး ကြွေးမြီရော အတိုးရော ပြန်မဆပ်နိုင်တော့တဲ့ အခြေအနေမျိုးမှာ ဒေဝါလီခံရတာတွေ ရှိပါတယ်။ ဒီလို ကမ္ဘာမှာ ဒေဝါလီ ခံလိုက်ရတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ၊ နိုင်ငံတွေအကြောင်းကို သတင်းတွေထဲက သုတအစီအစဥ်မှာ မညိုညိုလွင်က ပြောပြထားပါတယ်။
Forum