သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNPP နဲ့ အစိုးရ သဘောတူညီချက် လက်မှတ်ထိုး


အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ကိုယ်စားလှယ်တွေနဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ကိုယ်စားလှယ်တို့အကြား လွိုင်ကော်မှာ ဆွေးနွေးပွဲကနေ သဘောတူညီချက် ၁၄ ချက်ကို ဒီကနေ့ သဘောတူ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။

သဘောတူညီချက်တွေ ထဲမှာ နှစ်ဘက် ခံစစ်ကလွဲလို့ ထိုးစစ်တွေအားလုံး ဆက်ပြီးတော့ ရပ်ဆိုင်းထားဖို့၊ ပြည်တွင်းမှာ ရွှေ့ပြောင်းနေထိုင်သူ IDP တွေကို ပြန်လည်ပြီးတော့ စနစ်တကျ နေရာချထားနိုင်ရေး အတွက် နှစ်ဘက် ညှိနှိုင်း ဆောင်ရွက်ဖို့၊ ကယားပြည်နယ်ထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိစေဖို့၊ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ KNPP လက်နက်ကိုင် အဖွဲ့ဝင်တွေနဲ့ ဆက်နွယ်နေတဲ့ ဖမ်းဆီးခံ အကျဉ်းသားတွေကို ရာဇ၀တ်မှုမှအပ အမြန်ဆုံး ပြန်ပြီးတော့ လွှတ်ပေးဖို့၊ အပစ်ရပ် သဘောတူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ တခြား တိုင်းရင်းသားအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ အားလုံး ပါဝင်တဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ဖို့ စတဲ့ အချက်အလက်တွေကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ၀န်ကြီး ဦးအောင်မင်း၊ KNPP ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ခူဦးရယ် တို့ ဦးဆောင်ပြီး လက်မှတ်ထိုးခဲ့ကြပါတယ်။

XS
SM
MD
LG