သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမဝတီခ႐ိုင္ထဲက စစ္ေကာင္စီအေျခစိုက္စခန္းကို KNDO နဲ႔ PDF ပူးေပါင္းတပ္ေတြ သိမ္းပိုက္


ယခင္က ကရင္လက္နက္ကိုင္တပ္ဖြဲ႔စခန္းျဖစ္ခဲ့ၿပီး ၁၉၉၆ ကတည္းက စစ္တပ္က သိမ္းယူထားတဲ့ ဥကရစ္ထစခန္းကို ကရင္လက္နက္ကိုင္အဖြဲ႔ေတြနဲ႔ ေဒသခံျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႔တို႔က ျပန္လည္သိမ္းယူစဥ္။ (၀၆၊ ၂၆၊ ၂၀၂၂)

[[Zawgyi/Unicode]]

ကရင္ျပည္နယ္၊ ျမဝတီခ႐ိုင္ ဝါးေလေဒသက စစ္ေကာင္စီရဲ႕ဥကရစ္ထ စစ္ဆင္ေရး ေျခကုပ္စခန္းတခုကို ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ KNLA ၊ ကရင္အမ်ိဳးသားကာကြယ္ေရးတပ္ KNDO ၊ ျပည့္သူကာကြယ္ေရးတပ္ PDF စတဲ့ ပူးေပါင္းူတပ္ဖြဲ႕ေတြက ဇြန္လ ၂၆ ရက္ေနု႔က သိမ္းယူခဲ့ပါတယ္။ ဒီအေၾကာင္း ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ကရင္ျပည္နယ္ ျမဝတီခ႐ိုင္ ဝါးေလေဒသက စစ္ေကာင္စီရဲ႕ဥကရစ္ထ စစ္ဆင္ေရးေျခကုပ္စခန္းတခုကို ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ KNLA ၊ ကရင္အမ်ိဳးသားကာကြယ္ေရးတပ္ KNDO၊ ျပည့္သူကာကြယ္ေရးတပ္ PDF စတဲ့ပူးေပါင္းတပ္ဖြဲ႕ေတြက ဇြန္လ ၂၆ ရက္ေန႔မနက္ပိုင္းက သိမ္းယူခဲ့ေၾကာင္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ ေခါင္းေဆာင္တဦးျဖစ္တဲ့ကိုေစာမြန္က အခုလိုေျပာျပပါတယ္။

“ဥကရစ္ထကို ဒီဘက္က KNLA၊ KNDO၊ PDF အဖြဲ႕ေတြက ညကတည္းက စခန္းနားခ်ဥ္းကပ္တယ္။ မနက္က်ေတာ့ တိုက္ပြဲေတြျဖစ္တယ္။ အျပန္အလွန္ပစ္ခတ္ၾကတယ္။ မနက္က်ေတာ့ စခန္းကိုသိမ္းၿပီး ေနာက္က်ေတာ့ စခန္းကိုစြန႔္ခြါသြားတဲ့စစ္ေကာင္စီတပ္သားေတြကို လိုက္လံရွင္းလင္းေနပါတယ္။”

ဒီစခန္းဟာလည္း ဗ်ဴဟာအရ အေရးပါတဲ့စခန္းတခုျဖစ္ေၾကာင္းကိုလည္း ေျပာျပပါတယ္။

“ဥကရစ္ထက ဝါေလးနဲ႔ ေသေဘာဘိုး၊ ဖလူးၾကားမွာရွိတာေပါ့ေနာ္။ ေနရာကလမ္း ဆုံတခုမွာေပါ့ေနာ္။ ဗ်ဴဟာအရေတာ့ အေရးပါတဲ့ ေနရာတခု စခန္းတခုပါ။ ဥကရစ္ထကၾကာေနၿပီ။ ၁၉၉၆ ေလာက္ကတည္းက စစ္တပ္ကသိမ္းထားတာေပါ့ေနာ္။ အရင္ကေတာ့ ကရင္စခန္းေတြပါပဲ။”

စေန႔ေန႔ညတုန္းကေတာ့ ႏွစ္ဘက္တိုက္ပြဲေတြ ျပင္းထန္ခဲ့ၿပီး စစ္ေကာင္စီဘက္ကလည္း လက္နက္ႀကီးေတြနဲ႔ ဆက္တိုက္ပစ္ခတ္ခဲ့ပါတယ္။ ဒီအတြက္ အနီးတဝိုက္ ေက်း႐ြာေတြက ျပည္သူေတြကေတာ့ ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ေနရပါတယ္။

စခန္းသိမ္းတိုက္ပြဲေတြအအတြင္း ႏွစ္ဘက္အက်အဆုံးေတြရွိေနတယ္လို႔ သတင္းထြက္ေပၚေနေပမယ့္ ေကအန္ယူဘက္ကေကာ စစ္ေကာင္စီဘက္ကေကာ က်ဆုံးနဲ႔ စစ္သုဥ့္ပန္းစာရင္းကို သတင္းမထုတ္ျပန္ေသးပါဘူး။

ေကအန္ယူဘက္ကေတာ့ ဥကရစ္ထ စခန္းကိုသိမ္းၿပီးတဲ့ေနာက္ ညေနပိုင္းအထိ ဆက္ၿပီးနယ္ေျမရွင္းလင္းေနခဲ့ပါတယ္။

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း အေရးပါတဲ့ ခံစစ္စခန္းေတြျဖစ္တဲ့ KNU တပ္မဟာ-၅ နယ္ေျမထဲက သီးမူထ၊ ေသာ္လဲထာနဲ႔ ေက်ာက္ညႇပ္စခန္း၊ တပ္မဟာ -၆ နယ္ေျမထဲက ေမာ္ခီးစခန္း၊ ေသ့ေဘာ့ဘိုးစခန္း၊ ဝါေလးၿမိဳင္ရဲစခန္း၊ ဥကရစ္ထစခန္းစတဲ့ စစ္ေကာင္စီစခန္းေတြကို KNU ကျပန္လည္တိုက္ခိုက္သိမ္းပိုက္ခဲ့ပါတယ္။

အခုဆိုရင္ ေကအန္ယူ တပ္မဟာအသီးသီးမွာေတာ့ စစ္ေကာင္စီတပ္ေတြနဲ႔ ႏွစ္ဘက္တိုက္ပြဲေတြရွိေနၿပီး ေကအန္ယူတပ္မဟာ (၁)၊ တပ္မဟာ(၃) ၊ တပ္မဟာ(၅)၊ တပ္မဟာ (၆) နယ္ေျမေတြမွာေတာ့ တိုက္ပြဲေတြ ခပ္စိတ္စိတ္ျဖစ္ေပၚေနပါတယ္ရွင္။
#KNUတိုက္ပြဲ #ဝါးေလေဒသ #ဥကရစ္ထစခန္းသိမ္း #ပူးေပါင္းတပ္ဖြဲ႕ #ဗြီအိုေအ
===========

[[Unicode]]

မြဝတီခရိုင်ထဲက စစ်ကောင်စီ အခြေစိုက်စခန်းကို KNDO နဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်

ကရင်ပြည်နယ်၊ မြဝတီခရိုင် ဝါးလေဒေသက စစ်ကောင်စီရဲ့ဥကရစ်ထ စစ်ဆင်ရေး ခြေကုပ်စခန်းတခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ၊ ပြည့်သူကာကွယ်ရေးတပ် PDF စတဲ့ ပူးပေါင်းူတပ်ဖွဲ့တွေက ဇွန်လ ၂၆ ရက်နေု့က သိမ်းယူခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြဝတီခရိုင် ဝါးလေဒေသက စစ်ကောင်စီရဲ့ဥကရစ်ထ စစ်ဆင်ရေးခြေကုပ်စခန်းတခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO၊ ပြည့်သူကာကွယ်ရေးတပ် PDF စတဲ့ပူးပေါင်းတပ်ဖွဲ့တွေက ဇွန်လ ၂၆ ရက်နေ့မနက်ပိုင်းက သိမ်းယူခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ကိုစောမွန်က အခုလိုပြောပြပါတယ်။

“ဥကရစ်ထကို ဒီဘက်က KNLA၊ KNDO၊ PDF အဖွဲ့တွေက ညကတည်းက စခန်းနားချဉ်းကပ်တယ်။ မနက်ကျတော့ တိုက်ပွဲတွေဖြစ်တယ်။ အပြန်အလှန်ပစ်ခတ်ကြတယ်။ မနက်ကျတော့ စခန်းကိုသိမ်းပြီး နောက်ကျတော့ စခန်းကိုစွန့်ခွါသွားတဲ့စစ်ကောင်စီတပ်သားတွေကို လိုက်လံရှင်းလင်းနေပါတယ်။”

ဒီစခန်းဟာလည်း ဗျူဟာအရ အရေးပါတဲ့စခန်းတခုဖြစ်ကြောင်းကိုလည်း ပြောပြပါတယ်။

“ဥကရစ်ထက ဝါလေးနဲ့ သေဘောဘိုး၊ ဖလူးကြားမှာရှိတာပေါ့နော်။ နေရာကလမ်း ဆုံတခုမှာပေါ့နော်။ ဗျူဟာအရတော့ အရေးပါတဲ့ နေရာတခု စခန်းတခုပါ။ ဥကရစ်ထကကြာနေပြီ။ ၁၉၉၆ လောက်ကတည်းက စစ်တပ်ကသိမ်းထားတာပေါ့နော်။ အရင်ကတော့ ကရင်စခန်းတွေပါပဲ။”

စနေ့နေ့ညတုန်းကတော့ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့ပါတယ်။ ဒီအတွက် အနီးတဝိုက် ကျေးရွာတွေက ပြည်သူတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စခန်းသိမ်းတိုက်ပွဲတွေအအတွင်း နှစ်ဘက်အကျအဆုံးတွေရှိနေတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် ကေအန်ယူဘက်ကကော စစ်ကောင်စီဘက်ကကော ကျဆုံးနဲ့ စစ်သုဉ့်ပန်းစာရင်းကို သတင်းမထုတ်ပြန်သေးပါဘူး။

ကေအန်ယူဘက်ကတော့ ဥကရစ်ထ စခန်းကိုသိမ်းပြီးတဲ့နောက် ညနေပိုင်းအထိ ဆက်ပြီးနယ်မြေရှင်းလင်းနေခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အရေးပါတဲ့ ခံစစ်စခန်းတွေဖြစ်တဲ့ KNU တပ်မဟာ-၅ နယ်မြေထဲက သီးမူထ၊ သော်လဲထာနဲ့ ကျောက်ညှပ်စခန်း၊ တပ်မဟာ -၆ နယ်မြေထဲက မော်ခီးစခန်း၊ သေ့ဘော့ဘိုးစခန်း၊ ဝါလေးမြိုင်ရဲစခန်း၊ ဥကရစ်ထစခန်းစတဲ့ စစ်ကောင်စီစခန်းတွေကို KNU ကပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

အခုဆိုရင် ကေအန်ယူ တပ်မဟာအသီးသီးမှာတော့ စစ်ကောင်စီတပ်တွေနဲ့ နှစ်ဘက်တိုက်ပွဲတွေရှိနေပြီး ကေအန်ယူတပ်မဟာ (၁)၊ တပ်မဟာ(၃) ၊ တပ်မဟာ(၅)၊ တပ်မဟာ (၆) နယ်မြေတွေမှာတော့ တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်ပေါ်နေပါတယ်ရှင်။
#KNUတိုက်ပွဲ #ဝါးလေဒေသ #ဥကရစ်ထစခန်းသိမ်း #ပူးပေါင်းတပ်ဖွဲ့ #ဗွီအိုအေ

XS
SM
MD
LG