သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ညောင်လေးပင်ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာထွက်ပြေး


လေကြောင်းတိုက်ခိုက်မှုကြောင့်ထွက်ပြေးနေကြရတဲ့ ကနစိုးရွာသားများ။ (သြဂုတ် ၂၃၊ ၂၀၂၂/ဓာတ်ပုံ- KNU)
လေကြောင်းတိုက်ခိုက်မှုကြောင့်ထွက်ပြေးနေကြရတဲ့ ကနစိုးရွာသားများ။ (သြဂုတ် ၂၃၊ ၂၀၂၂/ဓာတ်ပုံ- KNU)

[[Zawgyi/Unicode]]

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၃) ထိန်းချုပ်ရာညောင်လေးပင်ခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တို့ တိုက်ပွဲတွေဖြစ်နေပြီး သြဂုတ်လ၂၃ ရက်နေ့က စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်နေကြောင့် ဒေသခံရွာသား တထောင်ကျော်ဟာ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၃) ထိန်းချုပ်ရာ ညောင်လေးပင်ခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တို့ဟာ သြဂုတ် လ ၂၃ ရက် မနက်ပိုင်းကစပြီး တိုက်ပွဲတွေဖြစ်ခဲ့တာပါ။ မကြာခနတိုက်ပွဲဖြစ်နေတဲ့ ညောင်လေးပင်ခရိုင်ထဲမှာ စစ်ဘေးရှောင်ဒုက္ခသည် သောင်းနဲ့ချီပြီးထွက်ပြေးနေရသလို့မနေ့ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတယ်လို့ကေအန်ယူ ဗဟိုသတင်းနဲ့ပြန်ကြားရေးဌာနခွဲရဲ့ ဒုတာဝန်ခံ စောယွာခွီဒူးက VOA ကို အခုလိုပြောပါတယ်။

“ကျနော်တို့ ကေအန်ယူ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်းပေါ့၊ မနက် ၅ နာရီ၊ မိနစ် ၂၀ လောက်မှာ အဲဒီမှာ စစ်ကောင်စီဘက်ကနေ ကျနော်တို့ ကနစိုးပင်ကျေးရွာဘက်မှာ တိုက်ပွဲတွေ ဖြစ်တယ်။ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းမှာပဲ စစ်ကောင်စီဘက်ကနေ လေယာဉ်နဲ့ဗုံးလာကြဲတယ်။”

ကနစိုးရွာအပြင် အနီးတဝိုက်ကကျေးရွာတွေလည်း ထွက်ပြေးနေရသလို့ လေကြောင်းတိုက်ခိုက်ခံရတဲ့ ကနစိုးပင်ရွာတခုတည်းကပဲ စစ်ဘေးရှောင်ဒုက္ခသည် တထောင်ကျော်ရှိတယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။

“အဲဒီနေရာက ကနစိုးပင်ရွာ ကေအန်ယူ တပ်ရင်း (၈) နယ်မြေပေါ့၊ အဲဒီရွာမှာလေယာဉ်နဲ့လာပြီး ဗုံကြဲသွားတာပေါ့။ အဲဒီရွာနဲ့ကပ်နေတဲ့ရွာတွေ တောင်ခြေမှာရှိတဲ့ရွာတွေက အကုန်ထွက်ပြေးရတယ်။ ရွာသားတထောင်ကျော်လောက်ရှိတယ်။ အဲဒီနားက ကနစိုးပင်ရွာအောက်က ရွာတွေကတော့ ကရင်ရွာတွေပဲ။ ကျောက်ကြီးပေါက်ရွာတို့၊ သပြေပင်ကျေးရွာတို့ ပြေးရတဲ့ရွာတွေကတော့ လေးငါးရွာလောက် ရှိတယ်။ တပ်ရင်း (၈) နယ်မြေ နွားလေးခိုစခန်းဘက်မှာလည်း စစ်တပ်က ညဘက်မှာ ဒရုန်းနဲ့ကင်းထောက်တာတွေ လုပ်နေတယ်။”

လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ကနစိုးပင်ရွာဟာ ကေအန်ယူ တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာရှိပြီး အိမ်ခြေ ၂၀၀ ကျော်နဲ့ ကျေးရွာသား ၁,၁၀၀ ကျော် နေထိုင်နေတဲ့ကျေးရွာဖြစ်ပါတယ်။ အခုအခါမှာတော့ စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်နေတာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကေအန်ယူ တပ်မဟာ (၅) နယ်မြေ မုတြော်ခရိုင်ထဲမှာ စစ်ဘေးရှောင်ဒုက္ခသည် ၉ သောင်းကျော်ရှိပြီး ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေမှာ စစ်ဘေးရှောင် ၆ သောင်းကျော် ရှိနေတာပါ ။အခုရက်ပိုင်းအတွင်းမှာတော့ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် မုန်းမြို့နယ်တွေထဲမှာ လေကြောင်းပစ်ခတ်တာကော၊ နှစ်ဘက်တိုက်ပွဲကြောင်းပါ ဒုက္ခသည်တွေပိုတိုးလာကြောင်း ဒေသခံတွေကပြောပါတယ်။

=================

[[Unicode]]










XS
SM
MD
LG