[[Zawgyi/Unicode]]
ကရင္အမ်ိဳးသားအစည္းအရံုး တပ္မဟာ (၅) နယ္ေျမ မူေၾတာ္ခရိုင္ထဲက ေက်းရြာေတြကို စစ္ေကာင္စီတပ္ေတြက ဒီဇင္ဘာ ၁၈ ရက္ေန႔နဲ႔ ၁၉ ရက္ေန႔ေတြမွာ ၂ ရက္ဆက္တိုက္ ဗံုးႀကဲတိုက္ခိုက္ခဲ့ပါတယ္။ ဒီအတြက္ လူေနအိမ္ေတြ၊ စပါးက်ီေတြ မီးေလာင္ပ်က္စီးေနသလို ေဒသခံေက်းရြာသားေတြက ေတာေတာင္ေတြထဲ ထြက္ေျပးတိမ္းေရွာင္ေနရပါတယ္။ ဒီသတင္းကို ဗီြအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ႔ထားပါတယ္။
စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ေတြ ေန႔စဥ္တိုက္ပဲြျဖစ္ေနျပီး စစ္ေကာင္စီဘက္ကလည္း ေလေၾကာင္းကေန ဆက္တုိက္ တုိက္ခုိက္ခဲ့ပါတယ္။ တိုက္ပဲြမရွိတဲ့အခ်ိန္ေတြမွာ စစ္ေကာင္စီဘက္က ေလေၾကာင္းကေန တိုက္ခိုက္တာေႀကာင့္ ေဒသခံက စိုးရိမ္စြာေနထုိင္ေနရသလို ေနအိမ္ေတြမွာ မေနရဲဘဲ ေဘးလြတ္ရာကိုထြက္ေျပးေနရတာပါ။ ေကအန္ယူ ထိန္းခ်ဳပ္ရာ မူေၾတာ္ခရိုင္ထဲမွာေတာ့ ဒီဇင္ဘာလ (၁၈) ရက္ေန႔နဲ့ (၁၉) ရက္ေန႔ေတြမွာ ၂ ရက္ဆက္တိုက္ ဗံုးႀကဲတိုက္ခိုက္ခဲ့ေၾကာင္း မူေၾတာ္ခရိုင္ကလည္း သတင္းထုတ္ျပန္ခဲ့ပါတယ္။ ေကအန္ယူ ကရင္အမ်ိဳးသားအစည္းအရံုးက သတင္းနဲ႔ျပန္ႀကားေရးတာဝန္ခံ ဖဒုိကလဲေစးက မူေၾတာ္ခရိုင္အတြင္းက ေလေႀကာင္းတိုက္ခိုက္မႈေတြနဲ႔ပတ္သက္လို႔ အခုလိုေျပာျပပါတယ္။
“ဗံုးႀကဲတာက ၁၉ ရက္ေန႔မနက္ ၈ နာရီမွာေပါ့ေနာ္- မဲဝိုင္ေက်းရြာမွာျဖစ္ခဲ့တာပါ၊ က်ေနာ္တို ့KNU မူေၾတာ္ခရိုင္ ဒြယ္လိုျမိဳ ႔နယ္ မဲဝိုင္ေက်းရြာမွာျဖစ္ခဲ့တာပါ။ မနက္ ၈ နာရီေလာက္မွာျဖစ္ခဲ့တာပါ။ စစ္ေကာင္စီဘက္က ေလယာဥ္နဲ႔ဗံုး ၂ လံုး လာႀကဲတယ္။ မနက္ ၁၀ နာရီနဲ႔ ၄၁ မိနစ္မွာလည္း ေနာက္တႀကိမ္ ဗံုးလာထပ္ႀကဲပါတယ္။ ၁၈ ရက္ေန႔တုန္းကလည္း ည ၇ နာရီ မိနစ္ ၂၀ ေလာက္မွာ ဝါသိုးေလာ္ရြာမွာ ဗံုးေတြ လာထပ္ႀကဲပါတယ္။”
ဗံုးႀကဲတိုက္ခိုက္မႈေၾကာင့္ လူထိခိုက္ေသဆံုးတာမရွိေပမဲ့ ေနအိမ္ေတြပ်က္စီးတာ၊စပါးက်ီေတြမီးေလာင္တာ ျဖစ္ခဲ့တယ္လို႔လည္း ေျပာပါတယ္။
“လူကေတာ့ ထိခိုက္မႈ မရွိဘူး။ ေဒသခံေတြကေတာ့ ေတာထဲမွာပဲ တိမ္းေရွာင္ေနရတာေတြလည္းျဖစ္ေနတုန္းေပါ့။ လက္နက္ႀကီးကေတာ့ ပုံမွန္ပစ္ေနက်ပဲ။ပ်က္စီးဆံုး႐ံႈးမႈကေတာ့ ရြာသားေတြရဲ ့အိမ္ေတြ၊ စပါးက်ီေတြအျပင္ ရြာသားေတြသံုးၾကတဲ့ စပါးႀကိတ္တဲ့စက္ေလးေတြလည္း ပ်က္စီးပါတယ္။
လက္ရွိမွာေတာ့ ေကအန္ယူ တပ္မဟာ (၅) ထိန္းခ်ဳပ္ရာနယ္ေျမအတြင္းမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ PDF ပူးေပါင္းတပ္ဖဲြ႔ေတြ ႏွစ္ဘက္တုိက္ပဲြေတြျဖစ္ေနပါတယ္။
ျပီးခဲ့တဲ့ရက္ေတြကလည္းကရင္ျပည္နယ္ ေကာ့ကရိတ္ျမိဳ႕နယ္ထဲက ေက်းရြာေတြကို တိုက္ပဲြမျဖစ္ဘဲ ေလေၾကာင္းကေန တုိက္ခိုက္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
ဒါကေတာ့ ဒီဇင္ဘာလ ၁၆ ရက္ေန႔က ေကာ့ကရိတ္ျမိဳ႕နယ္ထဲမွာရွိတဲ့ စစ္ေကာင္စီစခန္းေတြကို ပူးေပါင္းတပ္ေတြဘက္က တိုက္ခိုက္ခဲ့တာေၾကာင့္ ၁၆ ရက္ေန႔စျပီး စစ္ေကာင္စီဘက္က ေလေၾကာင္းကေန တုိက္ခိုက္ခဲ့တာျဖစ္ပါတယ္။ အခုဆိုရင္ ေကအန္ယူ ထိန္းခ်ဳပ္ရာတပ္မဟာ (၁)၊ တပ္မဟာ(၃)၊ တပ္မဟာ(၅) နဲ႔ တပ္မဟာ (၆) နယ္ေျမေတြမွာ ႏွစ္ဘက္တိုက္ပဲြေတြျဖစ္ေနသလို တုိက္ပြဲမရွိတဲ့အခ်ိန္ေတြမွာလည္း စစ္ေကာင္စီဘက္က ဗံုးႀကဲတိုက္ခိုက္တာေတြ ခပ္စိတ္စိတ္လုပ္လာတာျဖစ္ပါတယ္ရွင္။
=================
[[Unicode]]
KNU တပ်မဟာ (၅) နယ်မြေကို စစ်ကောင်စီလေကြောင်း ၂ ရက်ဆက် တိုက်ခိုက်
ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) နယ်မြေ မူတြော်ခရိုင်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ဒီဇင်ဘာ ၁၈ ရက်နေ့နဲ့ ၁၉ ရက်နေ့တွေမှာ ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီအတွက် လူနေအိမ်တွေ၊ စပါးကျီတွေ မီးလောင်ပျက်စီးနေသလို ဒေသခံကျေးရွာသားတွေက တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေ နေ့စဉ်တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲမရှိတဲ့အချိန်တွေမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ဒေသခံက စိုးရိမ်စွာနေထိုင်နေရသလို နေအိမ်တွေမှာ မနေရဲဘဲ ဘေးလွတ်ရာကိုထွက်ပြေးနေရတာပါ။ ကေအန်ယူ ထိန်းချုပ်ရာ မူတြော်ခရိုင်ထဲမှာတော့ ဒီဇင်ဘာလ (၁၈) ရက်နေ့နဲ့ (၁၉) ရက်နေ့တွေမှာ ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မူတြော်ခရိုင်ကလည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးက သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဖဒိုကလဲစေးက မူတြော်ခရိုင်အတွင်းက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ အခုလိုပြောပြပါတယ်။
“ဗုံးကြဲတာက ၁၉ ရက်နေ့မနက် ၈ နာရီမှာပေါ့နော်- မဲဝိုင်ကျေးရွာမှာဖြစ်ခဲ့တာပါ၊ ကျနော်တို့KNU မူတြော်ခရိုင် ဒွယ်လိုမြို့နယ် မဲဝိုင်ကျေးရွာမှာဖြစ်ခဲ့တာပါ။ မနက် ၈ နာရီလောက်မှာဖြစ်ခဲ့တာပါ။ စစ်ကောင်စီဘက်က လေယာဉ်နဲ့ဗုံး ၂ လုံး လာကြဲတယ်။ မနက် ၁၀ နာရီနဲ့ ၄၁ မိနစ်မှာလည်း နောက်တကြိမ် ဗုံးလာထပ်ကြဲပါတယ်။ ၁၈ ရက်နေ့တုန်းကလည်း ည ၇ နာရီ မိနစ် ၂၀ လောက်မှာ ဝါသိုးလော်ရွာမှာ ဗုံးတွေ လာထပ်ကြဲပါတယ်။”
ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးတာမရှိပေမဲ့ နေအိမ်တွေပျက်စီးတာ၊စပါးကျီတွေမီးလောင်တာ ဖြစ်ခဲ့တယ်လို့လည်း ပြောပါတယ်။
“လူကတော့ ထိခိုက်မှု မရှိဘူး။ ဒေသခံတွေကတော့ တောထဲမှာပဲ တိမ်းရှောင်နေရတာတွေလည်းဖြစ်နေတုန်းပေါ့။ လက်နက်ကြီးကတော့ ပုံမှန်ပစ်နေကျပဲ။ပျက်စီးဆုံးရှုံးမှုကတော့ ရွာသားတွေရဲ့အိမ်တွေ၊ စပါးကျီတွေအပြင် ရွာသားတွေသုံးကြတဲ့ စပါးကြိတ်တဲ့စက်လေးတွေလည်း ပျက်စီးပါတယ်။
လက်ရှိမှာတော့ ကေအန်ယူ တပ်မဟာ (၅) ထိန်းချုပ်ရာနယ်မြေအတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တွေ နှစ်ဘက်တိုက်ပွဲတွေဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ရက်တွေကလည်းကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲက ကျေးရွာတွေကို တိုက်ပွဲမဖြစ်ဘဲ လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါကတော့ ဒီဇင်ဘာလ ၁၆ ရက်နေ့က ကော့ကရိတ်မြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို ပူးပေါင်းတပ်တွေဘက်က တိုက်ခိုက်ခဲ့တာကြောင့် ၁၆ ရက်နေ့စပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် ကေအန်ယူ ထိန်းချုပ်ရာတပ်မဟာ (၁)၊ တပ်မဟာ(၃)၊ တပ်မဟာ(၅) နဲ့ တပ်မဟာ (၆) နယ်မြေတွေမှာ နှစ်ဘက်တိုက်ပွဲတွေဖြစ်နေသလို တိုက်ပွဲမရှိတဲ့အချိန်တွေမှာလည်း စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်တာတွေ ခပ်စိတ်စိတ်လုပ်လာတာဖြစ်ပါတယ်ရှင်။