သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

KNU တပ္မဟာ (၁) ေဒသေအာက္က တိုက္နယ္ေဆး႐ံု BGF ထိန္းခ်ဳပ္ထား


နယ္ျခားေစာင့္တပ္ဖြဲ႔ BGF ရဲကြပ္ကဲေရး႐ံုး (ယခင္ပံုေဟာင္း)

{{Zawgyi/Unicode}}

ကရင္အမ်ဳိးသားအစည္းအ႐ံုး (KNU) တပ္မဟာ ၁ ထိန္းခ်ဳပ္နယ္ေျမျဖစ္တဲ့ ဘားအံၿမိဳ႕နယ္ထဲက တိုက္နယ္ ေဆးရံုတခုကို နယ္ျခားေစာင့္ BGF တပ္ေတြ ဝင္သိမ္းထားတဲ့အတြက္ လူနာေတြ၊ ေဆး႐ံုဝန္ထမ္းေတြ ထြက္ေျပးေနၾကရပါတယ္။ KNU နဲ႔ နယ္ျခားေစာင့္ BGF တပ္ေတြ ႏိုဝင္ဘာ ၁၇ ရက္ ဗုဒၶဟူးေန႔က တေန႔လံုး တိုက္ပဲြျဖစ္ခဲ့ၿပီး BGF တပ္ေတြက ေဆး႐ံုကို သိမ္းလိုက္တာပါ။ ဒီအေျခအေနအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕နယ္ထဲက KNU တပ္မဟာ (၁) ထိန္းခ်ဳပ္နယ္ေျမထဲကို BGF တပ္ေတြ ဝင္လာတဲ့အတြက္ ႏိုဝင္ဘာ ၁၇ ရက္ ဗုဒၶဟူးေန႔က ႏွစ္ဘက္ၾကား တုိက္ပဲြ သံုးႀကိမ္ျဖစ္ခဲ့ပါတယ္။ ဒီအေျခအေနကို KNU သထုံခရိုင္ အတြင္းေရးမွဴး ပဒိုေစာစိုးျမင့္က ခုလိုေျပာပါတယ္။

"ဟုတ္ကဲ့ အဲဒီတိုက္ပြဲ ၁၇ ရက္ေန႔မွာလည္း ျဖစ္ေသးတယ္။ အဲဒီ ေက်ာ္ပစ္ခီးနဲ႔ ဖလံေတာင္ၾကားမွာျဖစ္တယ္။ မနက္ ၄ နာရီမွာတႀကိမ္၊ ညေန ၂ နာရီမွာတႀကိမ္၊ ၆ နာရီမွာတႀကိမ္၊ ကား ၄ စီးပ်က္သြားတယ္လို႔ က်ေနာ္ သိရတယ္။ ပထမတႀကိမ္ကေတာ့ ကား ၂ စီး၊ ညေန ၄ နာရီမွာေတာ့ ကားတစီး၊ ၿပီးေတာ့ ညေန ၆ နာရီမွာ ကားတစီးပ်က္တယ္လို႔ က်ေနာ္တို႔သိရတယ္။ ထိခိုက္မွဳေတာ့ က်ေနာ္တို႔မသိရေသးဘူး။ "

တိုက္ပြဲျဖစ္ၿပီးတဲ့ေနာက္ ဖလံေတာင္ေက်းရြာထဲကို BGF တပ္ဖြဲ႔ေတြဝင္လာၿပီး တိုက္နယ္ေဆးရံုကို စီးနင္းသိမ္းပိုက္တဲ့အတြက္ လူနာေတြ၊ ေဆး႐ံုဝန္ထမ္းေတြ ထြက္ေျပးခဲ့ၾကရတယ္လို႔လည္း ဖဒိုေစာစိုးျမင့္က ေျပာပါတယ္။

"အဲဒီ ဖလံေတာင္ေဆးရံု သူတို႔ဝင္ၿပီးေတာ့ေဆးရံုကို သူတို႔ဖ်က္ဆီးတယ္။ ၿပီးေတာ့ အထဲထဲမွာရွိတဲ့ ေဆးပစၥည္းေတြ၊ ဓာတ္မွန္ေတြ သူတို႔ဖ်က္တယ္။ ၿပီးေတာ့ ဓာတ္မွန္စက္ေတြလည္း ဖ်က္တယ္။ ရွိတဲ့ ဆိုင္ကယ္ေတြကို သူတို႔သိမ္းတယ္။ က်န္းမာေရးဝန္ထမ္းေတြလည္း ေျပးရတယ္။ ရြာမွာေတာ့သူတို႔ရွိတယ္။ ရြာထဲမွာ။"

ဖလံေတာင္ေက်းရြာ တိုက္နယ္ေဆးရံုထဲ ဘယ္သူမွမဝင္ဖို႔ BGF ဘက္က အမိန္႔ထုတ္ထားတာေၾကာင့္ ပ်က္စီးမွဳအေျခအေနကို မသိရေပမဲ့ ေဆးဝါးပစၥည္းေတြကို ယူေဆာင္သြားတယ္လို႔ ဖလံေတာင္ေက်းရြာသားတဦးက ေျပာပါတယ္။

"ၾကည့္လို႔မရေသးဘူးေနာ္။ သူတုိ႔ကအမိန္႔ေျပာထားတာ။ ဒီေဆးရံုကိုလုံးဝမသြားနဲ႔။ ဒီလိုေျပာေတာ့ ရြာသားေတြက မသြားရဲဘူးေပါ့။ ေဆးေတြက ပစၥည္းရွိသမွ်သာ အားလုံးယူသြားတယ္။ ရြာထဲမွာ ခ်ယူၿပီးေတာ့ သူတို႔ ျပန္သယ္သြားတာ။ "

ဖလံေတာင္ေက်းရြာ တိုက္နယ္ေဆးရံုဟာ ဒုံသမိေခ်ာင္းတေလၽွာက္က ေဒသခံေတြ က်န္းမာေရးအတြက္ အေရးႀကီးတဲ့ ေဆး႐ုံတခုျဖစ္တယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ဒါ့အျပင္ ေဒသခံရြာသားေတြကို BGF တပ္က လမ္းျပအျဖစ္ ေခၚေဆာင္အသုံးျပဳခဲ့တယ္လို႔ အဲဒီ ဖလံေတာင္ေက်းရြာသားကပဲ ေျပာပါတယ္။

"ဖမ္းေတာ့မဖမ္းဘူး။ ဒါေပမဲ့ေခၚေတာ့သြားတာေပါ့။ သူတို႔၉ ေယာက္၊ ၁၀ ေယာက္ ေတာင္းတာ ေခၚလို႔မရ။ ေသနတ္ေဖာက္ေတာ့ သူတို႔ေတြကေၾကာက္လို႔။ ေနာက္ ရြာေရာက္ေတာ့ ျပန္လႊတ္လိုက္တယ္ အဲဒီလို။"

ဘားအံၿမိဳ႕နယ္ဘက္ KNU တပ္မဟာ (၁) နဲ႔တိုက္ပြဲျဖစ္တဲ့အေျခအေန သိရွိဖို႔ နယ္ျခားေစာင့္တပ္ တပ္ရင္း (၁၀၁၇) က ဒုရင္းမွဴး ဗိုလ္မွဴးေစာေက်ာ္ေနာကို ေမးျမန္းရာမွာ အေသးစိတ္အေျခအေန မသိရေပမဲ့ ဖလံေတာင္ ေက်းရြာေဒသကို BGF က ထိန္းခ်ဳပ္ထားေၾကာင္းေျပာပါတယ္။

"BGF အဖြဲ႔ေတြ ဟုတ္တယ္။ ထိန္းထားတာပဲ အဲဒီေန႔က။ အဲဒီမွာ ပစ္ခတ္မွဳက အနည္းအက်ဥ္း အဲဒီလိုမ်ိဳးေပါ့။ အဲဒီမိုင္းေတြနဲ႔။ ကားကေတာ့အနည္းအက်ဥ္းပါပဲ။ ပ်က္စီးသြားတဲ့အဆင့္ေတာ့မျဖစ္ပါဘူး။ ေမာင္းလို႔ ျပဳလို႔ေတာ့ရပါတယ္။ "

နိုဝင္ဘာလ ၁၄ ရက္ေန႔ကလည္းBGF-၁၀၁၄ တပ္ဖြဲ႔ေတြနဲ႕ ေကအဲန္ယူ သထုံခရိုင္၊ တပ္မဟာ (၁)၊ တပ္ရင္း (၁) တို႔ ဘားအံၿမိဳ႕နယ္အတြင္း ထိေတြ႔ပစ္ခတ္မႈ တႀကိမ္ရွိခဲ့တယ္လို႕ KNU ဘက္ က ေျပာပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္ေရးပဋိပကၡျဖစ္ေနတဲ့ KNU တပ္မဟာ (၁) သထုံခရိုင္နဲ႔ တပ္မဟာ (၅) ဖာပြန္ခရိုင္ဘက္ကို နယ္ျခားေစာင့္တပ္ BGF အကူအညီနဲ႔ စစ္တပ္က ထိုးစစ္ဆင္ တိုက္ခိုက္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


=========

{{Unicode}}

KNU တပ်မဟာ (၁) ဒေသအောက်က တိုက်နယ်ဆေးရုံ BGF ထိန်းချုပ်ထား

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘားအံမြို့နယ်ထဲက တိုက်နယ် ဆေးရုံတခုကို နယ်ခြားစောင့် BGF တပ်တွေ ဝင်သိမ်းထားတဲ့အတွက် လူနာတွေ၊ ဆေးရုံဝန်ထမ်းတွေ ထွက်ပြေးနေကြရပါတယ်။ KNU နဲ့ နယ်ခြားစောင့် BGF တပ်တွေ နိုဝင်ဘာ ၁၇ ရက် ဗုဒ္ဓဟူးနေ့က တနေ့လုံး တိုက်ပွဲဖြစ်ခဲ့ပြီး BGF တပ်တွေက ဆေးရုံကို သိမ်းလိုက်တာပါ။ ဒီအခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ထဲက KNU တပ်မဟာ (၁) ထိန်းချုပ်နယ်မြေထဲကို BGF တပ်တွေ ဝင်လာတဲ့အတွက် နိုဝင်ဘာ ၁၇ ရက် ဗုဒ္ဓဟူးနေ့က နှစ်ဘက်ကြား တိုက်ပွဲ သုံးကြိမ်ဖြစ်ခဲ့ပါတယ်။ ဒီအခြေအနေကို KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောစိုးမြင့်က ခုလိုပြောပါတယ်။

"ဟုတ်ကဲ့ အဲဒီတိုက်ပွဲ ၁၇ ရက်နေ့မှာလည်း ဖြစ်သေးတယ်။ အဲဒီ ကျော်ပစ်ခီးနဲ့ ဖလံတောင်ကြားမှာဖြစ်တယ်။ မနက် ၄ နာရီမှာတကြိမ်၊ ညနေ ၂ နာရီမှာတကြိမ်၊ ၆ နာရီမှာတကြိမ်၊ ကား ၄ စီးပျက်သွားတယ်လို့ ကျနော် သိရတယ်။ ပထမတကြိမ်ကတော့ ကား ၂ စီး၊ ညနေ ၄ နာရီမှာတော့ ကားတစီး၊ ပြီးတော့ ညနေ ၆ နာရီမှာ ကားတစီးပျက်တယ်လို့ ကျနော်တို့သိရတယ်။ ထိခိုက်မှုတော့ ကျနော်တို့မသိရသေးဘူး။ "

တိုက်ပွဲဖြစ်ပြီးတဲ့နောက် ဖလံတောင်ကျေးရွာထဲကို BGF တပ်ဖွဲ့တွေဝင်လာပြီး တိုက်နယ်ဆေးရုံကို စီးနင်းသိမ်းပိုက်တဲ့အတွက် လူနာတွေ၊ ဆေးရုံဝန်ထမ်းတွေ ထွက်ပြေးခဲ့ကြရတယ်လို့လည်း ဖဒိုစောစိုးမြင့်က ပြောပါတယ်။

"အဲဒီ ဖလံတောင်ဆေးရုံ သူတို့ဝင်ပြီးတော့ဆေးရုံကို သူတို့ဖျက်ဆီးတယ်။ ပြီးတော့ အထဲထဲမှာရှိတဲ့ ဆေးပစ္စည်းတွေ၊ ဓာတ်မှန်တွေ သူတို့ဖျက်တယ်။ ပြီးတော့ ဓာတ်မှန်စက်တွေလည်း ဖျက်တယ်။ ရှိတဲ့ ဆိုင်ကယ်တွေကို သူတို့သိမ်းတယ်။ ကျန်းမာရေးဝန်ထမ်းတွေလည်း ပြေးရတယ်။ ရွာမှာတော့သူတို့ရှိတယ်။ ရွာထဲမှာ။"

ဖလံတောင်ကျေးရွာ တိုက်နယ်ဆေးရုံထဲ ဘယ်သူမှမဝင်ဖို့ BGF ဘက်က အမိန့်ထုတ်ထားတာကြောင့် ပျက်စီးမှုအခြေအနေကို မသိရပေမဲ့ ဆေးဝါးပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ဖလံတောင်ကျေးရွာသားတဦးက ပြောပါတယ်။

"ကြည့်လို့မရသေးဘူးနော်။ သူတို့ကအမိန့်ပြောထားတာ။ ဒီဆေးရုံကိုလုံးဝမသွားနဲ့။ ဒီလိုပြောတော့ ရွာသားတွေက မသွားရဲဘူးပေါ့။ ဆေးတွေက ပစ္စည်းရှိသမျှသာ အားလုံးယူသွားတယ်။ ရွာထဲမှာ ချယူပြီးတော့ သူတို့ ပြန်သယ်သွားတာ။ "

ဖလံတောင်ကျေးရွာ တိုက်နယ်ဆေးရုံဟာ ဒုံသမိချောင်းတလျှောက်က ဒေသခံတွေ ကျန်းမာရေးအတွက် အရေးကြီးတဲ့ ဆေးရုံတခုဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် ဒေသခံရွာသားတွေကို BGF တပ်က လမ်းပြအဖြစ် ခေါ်ဆောင်အသုံးပြုခဲ့တယ်လို့ အဲဒီ ဖလံတောင်ကျေးရွာသားကပဲ ပြောပါတယ်။

"ဖမ်းတော့မဖမ်းဘူး။ ဒါပေမဲ့ခေါ်တော့သွားတာပေါ့။ သူတို့၉ ယောက်၊ ၁၀ ယောက် တောင်းတာ ခေါ်လို့မရ။ သေနတ်ဖောက်တော့ သူတို့တွေကကြောက်လို့။ နောက် ရွာရောက်တော့ ပြန်လွှတ်လိုက်တယ် အဲဒီလို။"

ဘားအံမြို့နယ်ဘက် KNU တပ်မဟာ (၁) နဲ့တိုက်ပွဲဖြစ်တဲ့အခြေအနေ သိရှိဖို့ နယ်ခြားစောင့်တပ် တပ်ရင်း (၁၀၁၇) က ဒုရင်းမှူး ဗိုလ်မှူးစောကျော်နောကို မေးမြန်းရာမှာ အသေးစိတ်အခြေအနေ မသိရပေမဲ့ ဖလံတောင် ကျေးရွာဒေသကို BGF က ထိန်းချုပ်ထားကြောင်းပြောပါတယ်။

"BGF အဖွဲ့တွေ ဟုတ်တယ်။ ထိန်းထားတာပဲ အဲဒီနေ့က။ အဲဒီမှာ ပစ်ခတ်မှုက အနည်း အကျဉ်း အဲဒီလိုမျိုးပေါ့။ အဲဒီမိုင်းတွေနဲ့။ ကားကတော့အနည်းအကျဉ်းပါပဲ။ ပျက်စီးသွားတဲ့အဆင့်တော့မဖြစ်ပါဘူး။ မောင်းလို့ ပြုလို့တော့ရပါတယ်။ "

နိုဝင်ဘာလ ၁၄ ရက်နေ့ကလည်းBGF-၁၀၁၄ တပ်ဖွဲ့တွေနဲ့ ကေအဲန်ယူ သထုံခရိုင်၊ တပ်မဟာ (၁)၊ တပ်ရင်း (၁) တို့ ဘားအံမြို့နယ်အတွင်း ထိတွေ့ပစ်ခတ်မှု တကြိမ်ရှိခဲ့တယ်လို့ KNU ဘက် က ပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးပဋိပက္ခဖြစ်နေတဲ့ KNU တပ်မဟာ (၁) သထုံခရိုင်နဲ့ တပ်မဟာ (၅) ဖာပွန်ခရိုင်ဘက်ကို နယ်ခြားစောင့်တပ် BGF အကူအညီနဲ့ စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

#KNU #BGF #Karen #voaburmese #ကေအန်န်ယူ #နယ်ခြားစောင့်တပ် #ဗွီအိုအေမြန်မာပိုင်း

=========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG