သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပစ်ခတ်မှုကြောင့် ကရင်ကူညီရေးလုပ်သားတဦး သေဆုံး


ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်းက ကေအန်ယူတပ်မဟာ ၅နယ်မြေမှာ ကေအန်ယူတပ်တွေနဲြ့မန်မာ့တပ်မတော်တို့ဟာ လမ်းတိုးချဲ့ ဖောက်လုပ်တဲ့ကိစ္စနဲ့ ပတ်သက်လို့မတ်လကတည်းကတိုက်ပွဲတွေဖြစ်ခဲ့ပြီးတဲ့နောက်မှာတော့ ရွာသား ၂၃၀၀ကျော်ဟာ နေရပ်ကိုစွန်ခွါပြီး စစ်ဘေးရှောင်ခဲ့ရပါတယ်။ ဧပြီလ၅ရက်နေ့ မှာတော့ ရွာကိုပြန်လာတဲ့ အရေးပေါ်ကူညီထောက်ပံ့သူတဦးဟာ ရွာအဝင်မှာပစ်သတ်ခံရတဲ့အတွက် တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မူရပ်စဲရေးသဘောတူစာချုပ် NCA သာမက လူအခွင့်ရေးချိုးဖောက်ခံနေရတယ်လို့ဖာပွန်ခရိုင်အရေးပေါ်ကူညီထောက်ပံရေးအဖွဲ့ကပြောပါတယ် ။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ဖာပွန်ခရိုင် ကေအန်ယူ ရဲ့ တပ်မဟာ ၅နယ်မြေမှာ မြန်မာတပ်မတော်က လမ်းတိုးချဲ့ ဖောက်လုပ်တဲ့ကိစ္စနဲ့ ပတ်သက်လို့ပြီးခဲ့တဲ့ မတ်လကစပြီး ကေအန်ယူနဲ့ မြန်မာတပ်မတော်နှစ်ဖက်တင်းမာမူတွေဖြစ်ပွားခဲ့ ပြီးတိုက်ပွဲတွေဖြစ်ခဲ့တာပါ။ ဒီအတွက် နေရပ်စွန်ခွါပြီး စစ်ဘေးရှောင်သူတွေ ၂၃၀၀ကျော်ရှိ ခဲ့တယ်လို့ ဖာပွန်ခရိုင်အရေးပေါ်ကူညီထောက်ပံရေးအဖွဲ့ က ဆိုပါတယ်။ ဧပြီလ ၅ရက်နေ့ မှာတော့ အဲဒီ ဒေသခံ လယ်မူပလောရွာသားတဦးလည်းဖြစ် အရေးပေါ်ကူညီထောက်ပံရေးအဖွဲ့က တာဝန်ှရှိသူတဦးလည်းဖြစ်တဲ့ အသက် ၄၂နှစ်အရွယ်စောအိုးမူး ဟာမြန်မာစစ်တပ်က ပစ်ခတ်ခဲ့လို့သေဆုံးသွားခဲ့ကြောင်း ဖာပွန်ခရိုင် အရေးပေါ်ကူညီထောက်ပံရေးအဖွဲရဲ့ပြောရေးဆိုခွင့်ရှိသူ မန်းမန်းကပြောပါတယ်။

" အဲဒီမှာ ဆိုင်ကယ်နဲ့သွားရင်းနဲ့ ရှေ့ဆုံးမှာသွားရင်းနဲ့ အပစ်ခံထိတယ်။ ဆိုင်ကယ်ကတော့ ၄စီး ၅စီးလောက်ပါတယ်။ တဆက်တည်းမှာပဲ ပစ်ကြခတ်ကြရင်းနဲ့ တိုက်ပွဲပါဆက်ဖြစ်သွားတဲ့သဘောပေါ့ သေချာတာကတော့ အပစ်ခံပြီးတော့သေဆုံးသွားတယ် ဆိုတာသေချာတာပေါ့ ရွာထဲမှာ သွားနေကြတာပဲ အခြေအနေ ကြည့်ပြီးသွားနေကြတယ်။ ရွာထဲမှာသေချာတော့ ပြန်မနေသေးဘူး။ ဝင်လိုက်ထွက်လိုက် အခြေအနေကြည့်ပြီး ဝင်ထွက်တာတွေတော့ရှိပါတယ် သူကတော့ ကယ်ဆယ်ရေး လုပ်နေတဲ့ ဝန်ထမ်းတဦးလို့ပြောရမယ်။"

အခုလို ရွာသားတွေ လုံခြုံမူမရှိတာဟာ ကေအန်ယူနဲ့ မြန်မာအစိုးရတို့လက်မှတ်ရေးထိုးထားတဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မူရပ်စဲရေးသဘောတူစာချုပ် NCA ကိုလည်းချိုးဖောက်တာဖြစ်သလို လူအခွင့်ရေးချိုးဖောက်ခံရတာမို့ နိုင်ငံတော်က တာဝန်ရှိသူတွေအနေနဲ့ ကာကွယ်ဖြေရှင်းဖို့လည်းတောင်းဆိုထားတယ်လို့ဆိုပါတယ်။

" နိုင်ငံတော်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒါကို ကာကွယ်ဆောင်ရွက်ပေးနိုင်ဖို့အတွက် မေတ္တာရပ်ခံပေးဖို့ ဆိုတဲ့သဘောလည်းပါပါတယ် "

သေဆုံးသူဟာ ဌာနေကရင်တိုင်းရင်းသားတဦးဖြစ်ပြီး မြေယာနဲ့သစ်တောစီမံခန့်ခွဲံမူတွေအပါအဝင် ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်ရေးနဲ့ ဖာပွန်ခရိုင်အတွင်းကငြိမ်းချမ်းရေး စတွေကိုဆောင်ရွက်ပေးနေတဲ့ လူထုခေါင်းဆောင် တဦးလည်းဖြစ်တယ်လို့လည်းပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG