သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေညာင္ေလးပင္ခ႐ိုင္ စစ္ေျပးဒုကၡသည္ဦးေရ ၅ ေသာင္းဝန္းက်င္ထိ တိုးလာ 


( Photo- KNU ေက်ာက္ႀကီးၿမိဳ႕နယ္)

[[Zawgyi/Unicode]]

ပဲခူးတိုင္း၊ ေညာင္ေလးပင္ခ႐ိုင္ထဲမွာ စစ္တပ္နဲ႔ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU/KNLA တို႔ တိုက္ပြဲေတြေၾကာင့္ ထြက္ေျပးေနၾကရတဲ့ ဒုကၡသည္ဦးေရဟာ အခုဆိုရင္ ၅ ေသာင္းေလာက္ ရွိသြားၿပီလို႔ အကူအညီေပးေရး အဖြဲ႕ေတြက ေျပာပါတယ္။ ဒီကေန႔မွာ ၿပီးခဲ့တဲ့ ရက္ပိုင္းကေလာက္ တိုက္ပြဲ မျပင္းထန္ေတာ့ေပမဲ့ ႏွစ္ဘက္တင္းမာမႈေတြက အခ်ိန္မေ႐ြး တိုက္ပြဲျပန္ျဖစ္ႏိုင္တာေၾကာင့္ ဒုကၡသည္ေတြ ေနရပ္ျပန္ဖို႔ စိုးရိမ္ေနၾကတဲ့အေၾကာင္း စစ္ေဘးဒုကၡသည္တခ်ိဳ႕က ဗြီအိုေအ ကို ေျပာပါတယ္။ ရန္ကုန္ကလာတဲ့သတင္းေပးပို႔ခ်က္ကို ကိုေအာင္ေအာင္က တင္ျပေပးထားပါတယ္။

ဒီလ ႏိုဝင္ဘာလ ၁၂ ရက္ကစၿပီး တေက်ာ့ျပန္ျဖစ္လာတဲ့ ေညာင္ေလးပင္ခ႐ိုင္ထဲက တိုက္ပြဲေတြေၾကာင့္ စစ္ေဘးဒုကၡသည္ ဦးေရ ၅ ေသာင္းေလာက္အထိ ရွိလာတယ္လို႔ KNU ေညာင္ေလးပင္ခ႐ိုင္ တပ္မဟာ (၃) နယ္ေျမဘက္က သတင္းထုတ္ျပန္ထားပါတယ္။ လက္ရွိလည္း ဒီအေရအတြက္အတိုင္းပဲရွိေနတယ္လို႔ ဒုကၡသည္ေတြကို ကူညီေပးေနသူေတြက ေျပာပါတယ္။ ၿမိဳ႕ေပၚေရာက္လာတဲ့ စစ္ေဘးဒုကၡသည္ေတြအတြက္ အစားအစာနဲ႔ ေနထိုင္ေရးအတြက္ ကူညီလႉဒါန္းေပးသူေတြ ရွိေပမဲ့ ေက်း႐ြာေတြဘက္မွာေတာ့ အကူအညီေတြလိုအပ္ေနေၾကာင္း စစ္ေဘးဒုကၡသည္ အကူအညီေပးေရး အဖြဲ႕တခုရဲ႕တာဝန္ခံက ဗြီအိုေအကို ေျပာပါတယ္။

"ဟိုဘက္ သည္ဘက္ကေတာ့ ready လိုပုံစံမ်ိဳးေပါ့၊ ႐ြာေတြမွာလည္း လက္နက္ႀကီးေတြ ဆင္ထားတဲ့အေနအထားရွိတယ္၊ ဒါေပမဲ့ ထပ္ၿပီးေတာ့ ျဖစ္ေနတဲ့ အသံေတာ့ မၾကားေတာ့ဘူး။ စျဖစ္ၿပီးကတည္းကေလ။ ပုံမွန္ကေတာ့ တိုက္ပြဲရပ္သြားတယ္ဆိုရင္ စစ္ေရွာင္ေတြက နည္းသြားတာေပါ့။ ဒါေပမဲ့ အခုက (တိုက္ပြဲက) ရပ္သလိုလို မရပ္သလိုလိုဆိုေတာ့ စစ္ေရွာင္ေတြက ျပန္သလို မျပန္သလို အဲလိုျဖစ္ေနတာေပါ့။ အဲဒီအေရအတြက္ အတိုင္းပါပဲ။ ဘုန္းႀကီးေက်ာင္းေတြမွာ ရွိေနေသးတယ္။"

ေ႐ႊက်င္၊ ေက်ာက္ႀကီး၊ ေညာင္ေလးပင္၊ ေတာင္ငူ စတဲ့ ၿမိဳ႕ေတြမွာ စစ္ေဘးဒုကၡသည္ေတြ အမ်ားအျပားရွိေနၿပီး ဘုန္းႀကီးေက်ာင္းနဲ႔ ခရစ္ယာန္ ဘုရားေက်ာင္းေတြမွာ အမ်ားဆုံး ခိုလႈံေနၾကတာ ျဖစ္ပါတယ္။ ဒီရက္ပိုင္းထဲမွာ တိုက္ပြဲျဖစ္တာ မၾကားရေပမဲ့ အျပည့္အဝ မလုံၿခဳံေသးေၾကာင္း ေ႐ႊက်င္ၿမိဳ႕က စစ္ေရွာင္တဦးက ဗြီအိုေအကို ေျပာပါတယ္။

"အခုအေျခအေနအထိေတာ့ သူတို႔ေရာက္တဲ့ေနရာမွာပဲ ေနၾကတယ္။ ၿပီးေတာ့ သူတို႔႐ြာရဲ႕သတင္းကို သူတို႔ နားေထာင္ေနတာေပါ့ေနာ္။ ျပန္ေနခ်င္တာတို႔ ဘာတို႔ အဲလိုမ်ိဳးေတာ့ရွိတယ္၊ ဒါေပမဲ့ သူတို႔အတြက္ လုံၿခဳံမႈမရွိေသးေတာ့ မျပန္ေသးဘူးေပါ့ ေနာ့။"

ေက်ာက္ႀကီးနဲ႔ ေ႐ႊက်င္ၿမိဳ႕နယ္ထဲက ေက်း႐ြာတခ်ိဳ႕ကို စစ္ေကာင္စီတပ္ဖြဲ႕ေတြက ဒီလ ၁၂ ရက္နဲ႔ ၁၃ ရက္ေန႔ေတြမွာ ေလေၾကာင္းကေန ဆက္တိုက္ ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး ၁၂ ရက္ေန႔ တရက္တည္းမွာတင္ ေလေၾကာင္းတိုက္ခိုက္မႈ ၁၀ ႀကိမ္ေလာက္ ရွိခဲ့တယ္လို႔ KNU က သတင္းထုတ္ျပန္ထားပါတယ္။ ေလေၾကာင္း တိုက္ခိုက္မႈေတြေၾကာင့္ ေက်း႐ြာေပါင္း ၂၅ ခုက ေဒသခံေတြ ထြက္ေျပးေနရၿပီး ေနအိမ္ သုံးလုံး၊ ဓမၼာ႐ုံတလုံး၊ ေဆး႐ုံတခု ပ်က္စီးခဲ့တယ္လို႔လည္း ေျပာပါတယ္။

ဒီတိုက္ခိုက္မႈေတြနဲ႔ပတ္သက္လို႔ ျမန္မာစစ္တပ္ဘက္ကေတာ့ တစုံတရာ ထုတ္ျပန္ ေျပာဆိုတာ မရွိေသးပါဘူး။ ႏိုဝင္ဘာလ ၂၀ ရက္ေန႔ ကေတာ့ ေ႐ႊက်င္-ေက်ာက္ႀကီး ေခ်ာင္းကူးတံတား ေပါက္ကြဲမႈနဲ႔ပတ္သက္လို႔ သတင္းထုတ္ျပန္ထားၿပီး PDF အမည္ခံ အၾကမ္းဖက္ သမားေတြက မိုင္းခြဲ ဖ်က္ဆီးခဲ့တဲ့အေၾကာင္း ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ညောင်လေးပင်ခရိုင် စစ်ပြေးဒုက္ခသည်ဦးရေ ၅ သောင်းဝန်းကျင်ထိ တိုးလာ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ထဲမှာ စစ်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU/KNLA တို့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်ဦးရေဟာ အခုဆိုရင် ၅ သောင်းလောက် ရှိသွားပြီလို့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။ ဒီကနေ့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကလောက် တိုက်ပွဲ မပြင်းထန်တော့ပေမဲ့ နှစ်ဘက်တင်းမာမှုတွေက အချိန်မရွေး တိုက်ပွဲပြန်ဖြစ်နိုင်တာကြောင့် ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ စိုးရိမ်နေကြတဲ့အကြောင်း စစ်ဘေးဒုက္ခသည်တချို့က ဗွီအိုအေ ကို ပြောပါတယ်။ ရန်ကုန်ကလာတဲ့သတင်းပေးပို့ချက်ကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။

ဒီလ နိုဝင်ဘာလ ၁၂ ရက်ကစပြီး တကျော့ပြန်ဖြစ်လာတဲ့ ညောင်လေးပင်ခရိုင်ထဲက တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ဦးရေ ၅ သောင်းလောက်အထိ ရှိလာတယ်လို့ KNU ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေဘက်က သတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိလည်း ဒီအရေအတွက်အတိုင်းပဲရှိနေတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။ မြို့ပေါ်ရောက်လာတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် အစားအစာနဲ့ နေထိုင်ရေးအတွက် ကူညီလှူဒါန်းပေးသူတွေ ရှိပေမဲ့ ကျေးရွာတွေဘက်မှာတော့ အကူအညီတွေလိုအပ်နေကြောင်း စစ်ဘေးဒုက္ခသည် အကူအညီပေးရေး အဖွဲ့တခုရဲ့တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။

"ဟိုဘက် သည်ဘက်ကတော့ ready လိုပုံစံမျိုးပေါ့၊ ရွာတွေမှာလည်း လက်နက်ကြီးတွေ ဆင်ထားတဲ့အနေအထားရှိတယ်၊ ဒါပေမဲ့ ထပ်ပြီးတော့ ဖြစ်နေတဲ့ အသံတော့ မကြားတော့ဘူး။ စဖြစ်ပြီးကတည်းကလေ။ ပုံမှန်ကတော့ တိုက်ပွဲရပ်သွားတယ်ဆိုရင် စစ်ရှောင်တွေက နည်းသွားတာပေါ့။ ဒါပေမဲ့ အခုက (တိုက်ပွဲက) ရပ်သလိုလို မရပ်သလိုလိုဆိုတော့ စစ်ရှောင်တွေက ပြန်သလို မပြန်သလို အဲလိုဖြစ်နေတာပေါ့။ အဲဒီအရေအတွက် အတိုင်းပါပဲ။ ဘုန်းကြီးကျောင်းတွေမှာ ရှိနေသေးတယ်။"

ရွှေကျင်၊ ကျောက်ကြီး၊ ညောင်လေးပင်၊ တောင်ငူ စတဲ့ မြို့တွေမှာ စစ်ဘေးဒုက္ခသည်တွေ အများအပြားရှိနေပြီး ဘုန်းကြီးကျောင်းနဲ့ ခရစ်ယာန် ဘုရားကျောင်းတွေမှာ အများဆုံး ခိုလှုံနေကြတာ ဖြစ်ပါတယ်။ ဒီရက်ပိုင်းထဲမှာ တိုက်ပွဲဖြစ်တာ မကြားရပေမဲ့ အပြည့်အဝ မလုံခြုံသေးကြောင်း ရွှေကျင်မြို့က စစ်ရှောင်တဦးက ဗွီအိုအေကို ပြောပါတယ်။

"အခုအခြေအနေအထိတော့ သူတို့ရောက်တဲ့နေရာမှာပဲ နေကြတယ်။ ပြီးတော့ သူတို့ရွာရဲ့သတင်းကို သူတို့ နားထောင်နေတာပေါ့နော်။ ပြန်နေချင်တာတို့ ဘာတို့ အဲလိုမျိုးတော့ရှိတယ်၊ ဒါပေမဲ့ သူတို့အတွက် လုံခြုံမှုမရှိသေးတော့ မပြန်သေးဘူးပေါ့ နော့။"

ကျောက်ကြီးနဲ့ ရွှေကျင်မြို့နယ်ထဲက ကျေးရွာတချို့ကို စစ်ကောင်စီတပ်ဖွဲ့တွေက ဒီလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ လေကြောင်းကနေ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၁၂ ရက်နေ့ တရက်တည်းမှာတင် လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်လောက် ရှိခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ကျေးရွာပေါင်း ၂၅ ခုက ဒေသခံတွေ ထွက်ပြေးနေရပြီး နေအိမ် သုံးလုံး၊ ဓမ္မာရုံတလုံး၊ ဆေးရုံတခု ပျက်စီးခဲ့တယ်လို့လည်း ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ မြန်မာစစ်တပ်ဘက်ကတော့ တစုံတရာ ထုတ်ပြန် ပြောဆိုတာ မရှိသေးပါဘူး။ နိုဝင်ဘာလ ၂၀ ရက်နေ့ ကတော့ ရွှေကျင်-ကျောက်ကြီး ချောင်းကူးတံတား ပေါက်ကွဲမှုနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ထားပြီး PDF အမည်ခံ အကြမ်းဖက် သမားတွေက မိုင်းခွဲ ဖျက်ဆီးခဲ့တဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG