သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေသ့ေဘာဘိုးစခန္း စစ္ေကာင္စီ ျပန္လည္ ထိန္းခ်ဳပ္


KNLA နဲ႔ ပူးေပါင္းတပ္ဖဲြ႔ေတြက ၂၀၂၂၊ ေမလ ၁၈ ရက္ေန့က ေသဘာ့ဘိုးစခန္းကို သိမ္းယူစဥ္။ (Photo KNLA )

[[Zawgyi/Unicode]]

ၿပီးခဲ့တဲ့ ေမလက လက္လႊတ္ခဲ့ရတဲ့ ကရင္ျပည္နယ္ ေကအန္ယူတပ္မဟာ (၆) ထိန္းခ်ဳပ္ရာ ဒူးပလာယာခ႐ိုင္ထဲက ေသေဘာဘိုးစခန္းေနရာကို ဒီရက္ပိုင္း ျပန္လည္ထိန္းခ်ဳပ္လိုက္တဲ့အေၾကာင္း စစ္ေကာင္စီက သတင္းထုတ္ျပန္ထားသလို ေသေဘာဘိုးနဲ႔ အနီးတဝိုက္ ေက်း႐ြာေတြကေန စစ္ေဘးတိမ္းေရွာင္ေနသူေတြ ေနရပ္ျပန္လာၾကဖို႔ ေျပာဆိုထားပါတယ္။ ဒါေပမဲ့ ေနရပ္ျပန္တဲ့ျပည္သူ အနည္းအက်ဥ္းသာရွိၿပီး အမ်ားစုကေတာ့ တည္ၿငိမ္မႈမရွိေသးတဲ့အတြက္ မျပန္ရဲၾကဘူးလို႔ ေျပာပါတယ္။ ကရင္ျပည္နယ္ဘက္က ေနာက္ဆုံး အေျခအေနေတြနဲ႔ ပတ္သက္လို႔ ထိုင္းအေျခစိုက္ ဗြီအိုေအ ျမန္မာသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္-KNLA / PDF ပူးေပါင္းတပ္ဖြဲေတြနဲ႔စစ္ေကာင္စီ တပ္ေတြၾကား တိုက္ပြဲျပင္းထန္ေနတဲ့ ေသ့ေဘာဘိုး ေဝါေလ၊ ေက်ာက္ခက္၊ ဖလူးစတဲ့ ေနရာေတြကို စစ္ေကာင္စီဘက္ကေန ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့တယ္လို႔ စစ္ေကာင္စီဘက္ကသတင္းထုတ္ျပန္ခဲ့ပါတယ္။ ဒီေနာက္ တိုက္ပြဲေတြေၾကာင့္ စစ္ေဘးေရွာင္ေနတဲ့ျပည္သူေတြကို ေနရပ္ျပန္ေနဖို႔ စစ္ေကာင္စီဘက္ကေျပာဆိုခဲ့တယ္လို႔စစ္ေဘးေရွာင္ေတြကို အကူညီေပးေနသူတဦးကေျပာျပပါတယ္။

“ေသ့ေဘာဘိုးမွာရွိတယ္။ ဖလူးမွာရွိတယ္။ အဲဒီလိုစခန္းခ်ထားတာပါ။ ေသ့ေဘာဘိုးမွာလည္းစခန္းျပန္ခ်ပါတယ္။ ေသ့ေဘာဘိုး႐ြာသားေတြကိုေတာ့ေခၚေျပာၿပီး ႐ြာေတြမွာျပန္ၿပီးေနထိုင္လို႔ရပါၿပီလို႔ ေခၚေျပာတာေပါ့။ KNU ကိုေတာ့ NCA အရဆို တိုက္တာမဟုတ္ပါဘူး။ PDF ေတြ၊ ျပည္သူ႔ကာကြယ္ေရးတပ္ေတြကို တိုက္တယ္ေျပာတာေပါ့ဗ်ာ၊ ႐ြာသားေတြကလည္း လက္နက္ႀကီးေတြနဲ႔ ပစ္အုံးမွာလား၊ သြားလာေရးကိုအေႏွာက္ယွက္ေပးအုံးမွာလားဆိုၿပီးေတာ့လည္းေျပာတာေပါ့ဗ်ာ၊ သူတို႔ (စစ္ေကာင္စီဘက္)ကေတာ့ မေပးေတာ့ပါဘူး၊ မပစ္ေတာ့ပါဘူးေျပာတာေပါ့။”

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ ေတာင္ဘက္က ေသ့ေဘာဘိုးနဲ႔ဘလယ္ဒိုေက်း႐ြာအနီးမွာ စစ္ေကာင္စီတပ္ေတြနဲ႔ KNLA ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္၊ KNDO ကရင္အမ်ိဳးသားကာကြယ္ေရးတပ္နဲ႔ PDF ျပည့္သူ႔ကာကြယ္ေရးတပ္ဖြဲ႕စတဲ့ ပူးေပါင္းတပ္ေတြဟာ ေမလ ၁၇ ရက္ေန႔က တိုက္ပြဲေတြျပင္းထန္ခဲ့ၿပီး ကရင္အမ်ိဳးသားအစည္းအ႐ုံး ပူးေပါင္းတပ္ေတြက ေမလ ၁၈ ရက္ေန႔မွာ သိမ္းယူခဲ့ပါတယ္။ အခုအခါမွာေတာ့ ေသ့ေဘာဘိုးစခန္းကို စစ္ေကာင္စီတပ္ေတြကျပန္လည္ထိန္းခ်ဳပ္ခဲ့သလို KNU/PDF ပူးေပါင္းတပ္ဖြဲ႕ေတြဘက္ကေတာ့ ေပ်ာက္က်ားနည္းနဲ႔ပဲတိုက္ေနတာေၾကာင့္ ဗ်ဴဟာအရ လက္တေလာဆုတ္ခြါေပးတာျဖစ္တယ္လို႔ ဆိုပါတယ္။ ေဒသခံေတြကေတာ့ အဲဒီေဒသမွာ တည္ၿငိမ္မႈရွိမရွိ ဘယ္သူမွ အာမမခံႏိုင္တာေၾကာင့္ မျပန္ရဲၾကဘူးလို႔လည္း ဆိုပါတယ္။

“စစ္ေဘးေရွာင္ေတြကေတာ့ ကိုယ့္ရပ္ကိုယ္ေဒသမွာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ေနခ်င္ေတာ့ ျပန္ခ်င္တာေပါ့ဗ်ာ။ ဒါေပမဲ့လည္းသူတို႔မွာ နယ္ေျမေဒသမၿငိမ္းခ်မ္းေတာ့ မျပန္ႏိုင္ၾကဘူး။ သူတို႔က ကေလးေတြ စာသင္ေက်ာင္းေတြမွာ မတက္ရ။ ထိုင္းႏိုင္ငံသားလုပ္ငန္းရွင္ေတြရဲ႕စိုက္ခင္းေတြမွာေျပာင္းစိုက္ၾက၊ စားဝတ္ေနေရးကလည္းမျပည္စုံ၊ က်န္းမာေရးေတြလည္းမေကာင္း၊ အိမ္ျပန္ေတာ့လည္း သူတို႔ရဲ႕အသုံးအေဆာင္ပစၥည္းေတြလည္း အေလအလြင့္ အေပ်ာက္အရွေတြရွိေနေတာ့လည္း... ျပန္ခ်င္ၾကတာေပါ့။ ဒါေပမယ့္ ျပန္ဖို႔ကလည္းသင့္ေတာ္တဲ့အေနအထားမဟုတ္ေတာ့လည္း မျပန္ရဲၾကဘူးေပါ့။ တခ်ိဳ႕က်ေတာ့လည္းစိုက္ပ်ိဳးထားတဲ့သီးႏွံေတြ ျပန္ရိတ္သိမ္းဖို႔ေတြကလည္းရွိေတာ့ တခ်ိဳ႕တေလေတာ့လည္း ျပန္ၾကသူေတြလည္းရွိပါတယ္။”

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ေတာင္ပိုင္းက ႏွစ္ေပါင္း ၃၀ ေက်ာ္ၾကာ စစ္ေကာင္စီတပ္စြဲထားတဲ့ ေသ့ေဘာဘိုးစခန္းကို KNU ကရင္အမ်ိဳးသားအစည္းအ႐ုံး ပူးေပါင္းတပ္ေတြ ေသေဘာ့ဘိုးစခန္းကို ေမလ ၁၈ ရက္ေန႔မွာ တိုက္ခိုက္သိမ္းယူခဲ့ၿပီးတဲ့ေနာက္ စစ္ေကာင္စီဘက္က တပ္ၾကပ္ႀကီးအဆင့္ တာဝန္ရွိသူအပါအဝင္ စစ္သုံးပန႔္ေတြကိုလည္းဖမ္းမိခဲ့သလို စစ္လက္နက္အေျမာက္အမ်ားလည္းသိမ္းဆည္းရမိခဲ့ပါတယ္။

စစ္ေကာင္စီရဲ႕အေရးပါတဲ့စခန္းျဖစ္တဲ့ ေသ့ေဘာဘိုးစခန္းမက်ေရးအတြက္ စစ္ေကာင္စီဘက္ကလည္း ေလေၾကာင္းကေန
အႀကိမ္ ၃၀ ေလာက္ ဗုံးႀကဲတိုက္ခိုက္မႈေတြလုပ္ခဲ့ပါတယ္။ အခု ၆ လေလာက္အၾကာမွာေတာ့ စစ္ေကာင္စီဘက္က အဲဒီေနရာကို ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီလို႔ ေျပာဆိုခဲ့တာပါ။

လတ္တေလာမွာ ေဝါေလ၊ ေသ့ေဘာဘိုး၊ ဘလယ္ဒိုစတဲ့ ေက်း႐ြာေတြနားမွာ ေန႔စဥ္နီးပါး ႏွစ္ဘက္ တိုက္ပြဲေတြျပင္းထန္ခဲ့ပါတယ္။ ေကအန္ယူတပ္မဟာ (၆) ထိန္းခ်ဳပ္ရာေဒသေတြမွာ တိုက္ပြဲေတြျပင္းထန္ေနတဲ့အတြက္ ေဒသခံေသာင္းနဲ႔ခ်ီၿပီး စစ္ေဘးဒုကၡသည္ေတြအျဖစ္ ထြက္ေျပးတိမ္းေရွာင္ေနရတာဟာ ၁၁ လေက်ာ္ၾကာၿပီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

သေ့ဘောဘိုးစခန်း စစ်ကောင်စီ ပြန်လည် ထိန်းချုပ်

ပြီးခဲ့တဲ့ မေလက လက်လွှတ်ခဲ့ရတဲ့ ကရင်ပြည်နယ် ကေအန်ယူတပ်မဟာ (၆) ထိန်းချုပ်ရာ ဒူးပလာယာခရိုင်ထဲက သေဘောဘိုးစခန်းနေရာကို ဒီရက်ပိုင်း ပြန်လည်ထိန်းချုပ်လိုက်တဲ့အကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသလို သေဘောဘိုးနဲ့ အနီးတဝိုက် ကျေးရွာတွေကနေ စစ်ဘေးတိမ်းရှောင်နေသူတွေ နေရပ်ပြန်လာကြဖို့ ပြောဆိုထားပါတယ်။ ဒါပေမဲ့ နေရပ်ပြန်တဲ့ပြည်သူ အနည်းအကျဉ်းသာရှိပြီး အများစုကတော့ တည်ငြိမ်မှုမရှိသေးတဲ့အတွက် မပြန်ရဲကြဘူးလို့ ပြောပါတယ်။ ကရင်ပြည်နယ်ဘက်က နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့ ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA / PDF ပူးပေါင်းတပ်ဖွဲတွေနဲ့စစ်ကောင်စီ တပ်တွေကြား တိုက်ပွဲပြင်းထန်နေတဲ့ သေ့ဘောဘိုး ဝေါလေ၊ ကျောက်ခက်၊ ဖလူးစတဲ့ နေရာတွေကို စစ်ကောင်စီဘက်ကနေ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီနောက် တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေတဲ့ပြည်သူတွေကို နေရပ်ပြန်နေဖို့ စစ်ကောင်စီဘက်ကပြောဆိုခဲ့တယ်လို့စစ်ဘေးရှောင်တွေကို အကူညီပေးနေသူတဦးကပြောပြပါတယ်။

“သေ့ဘောဘိုးမှာရှိတယ်။ ဖလူးမှာရှိတယ်။ အဲဒီလိုစခန်းချထားတာပါ။ သေ့ဘောဘိုးမှာလည်းစခန်းပြန်ချပါတယ်။ သေ့ဘောဘိုးရွာသားတွေကိုတော့ခေါ်ပြောပြီး ရွာတွေမှာပြန်ပြီးနေထိုင်လို့ရပါပြီလို့ ခေါ်ပြောတာပေါ့။ KNU ကိုတော့ NCA အရဆို တိုက်တာမဟုတ်ပါဘူး။ PDF တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေကို တိုက်တယ်ပြောတာပေါ့ဗျာ၊ ရွာသားတွေကလည်း လက်နက်ကြီးတွေနဲ့ ပစ်အုံးမှာလား၊ သွားလာရေးကိုအနှောက်ယှက်ပေးအုံးမှာလားဆိုပြီးတော့လည်းပြောတာပေါ့ဗျာ၊ သူတို့ (စစ်ကောင်စီဘက်)ကတော့ မပေးတော့ပါဘူး၊ မပစ်တော့ပါဘူးပြောတာပေါ့။”

ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက်က သေ့ဘောဘိုးနဲ့ဘလယ်ဒိုကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ KNDO ကရင်အမျိုးသားကာကွယ်ရေးတပ်နဲ့ PDF ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့စတဲ့ ပူးပေါင်းတပ်တွေဟာ မေလ ၁၇ ရက်နေ့က တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး ပူးပေါင်းတပ်တွေက မေလ ၁၈ ရက်နေ့မှာ သိမ်းယူခဲ့ပါတယ်။ အခုအခါမှာတော့ သေ့ဘောဘိုးစခန်းကို စစ်ကောင်စီတပ်တွေကပြန်လည်ထိန်းချုပ်ခဲ့သလို KNU/PDF ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ပျောက်ကျားနည်းနဲ့ပဲတိုက်နေတာကြောင့် ဗျူဟာအရ လက်တလောဆုတ်ခွါပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒေသခံတွေကတော့ အဲဒီဒေသမှာ တည်ငြိမ်မှုရှိမရှိ ဘယ်သူမှ အာမမခံနိုင်တာကြောင့် မပြန်ရဲကြဘူးလို့လည်း ဆိုပါတယ်။

“စစ်ဘေးရှောင်တွေကတော့ ကိုယ့်ရပ်ကိုယ်ဒေသမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့နေချင်တော့ ပြန်ချင်တာပေါ့ဗျာ။ ဒါပေမဲ့လည်းသူတို့မှာ နယ်မြေဒေသမငြိမ်းချမ်းတော့ မပြန်နိုင်ကြဘူး။ သူတို့က ကလေးတွေ စာသင်ကျောင်းတွေမှာ မတက်ရ။ ထိုင်းနိုင်ငံသားလုပ်ငန်းရှင်တွေရဲ့စိုက်ခင်းတွေမှာပြောင်းစိုက်ကြ၊ စားဝတ်နေရေးကလည်းမပြည်စုံ၊ ကျန်းမာရေးတွေလည်းမကောင်း၊ အိမ်ပြန်တော့လည်း သူတို့ရဲ့အသုံးအဆောင်ပစ္စည်းတွေလည်း အလေအလွင့် အပျောက်အရှတွေရှိနေတော့လည်း... ပြန်ချင်ကြတာပေါ့။ ဒါပေမယ့် ပြန်ဖို့ကလည်းသင့်တော်တဲ့အနေအထားမဟုတ်တော့လည်း မပြန်ရဲကြဘူးပေါ့။ တချို့ကျတော့လည်းစိုက်ပျိုးထားတဲ့သီးနှံတွေ ပြန်ရိတ်သိမ်းဖို့တွေကလည်းရှိတော့ တချို့တလေတော့လည်း ပြန်ကြသူတွေလည်းရှိပါတယ်။”

ကရင်ပြည်နယ် မြဝတီမြို့တောင်ပိုင်းက နှစ်ပေါင်း ၃၀ ကျော်ကြာ စစ်ကောင်စီတပ်စွဲထားတဲ့ သေ့ဘောဘိုးစခန်းကို KNU ကရင်အမျိုးသားအစည်းအရုံး ပူးပေါင်းတပ်တွေ သေဘော့ဘိုးစခန်းကို မေလ ၁၈ ရက်နေ့မှာ တိုက်ခိုက်သိမ်းယူခဲ့ပြီးတဲ့နောက် စစ်ကောင်စီဘက်က တပ်ကြပ်ကြီးအဆင့် တာဝန်ရှိသူအပါအဝင် စစ်သုံးပန့်တွေကိုလည်းဖမ်းမိခဲ့သလို စစ်လက်နက်အမြောက်အများလည်းသိမ်းဆည်းရမိခဲ့ပါတယ်။

စစ်ကောင်စီရဲ့အရေးပါတဲ့စခန်းဖြစ်တဲ့ သေ့ဘောဘိုးစခန်းမကျရေးအတွက် စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ
အကြိမ် ၃၀ လောက် ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။ အခု ၆ လလောက်အကြာမှာတော့ စစ်ကောင်စီဘက်က အဲဒီနေရာကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့ ပြောဆိုခဲ့တာပါ။

လတ်တလောမှာ ဝေါလေ၊ သေ့ဘောဘိုး၊ ဘလယ်ဒိုစတဲ့ ကျေးရွာတွေနားမှာ နေ့စဉ်နီးပါး နှစ်ဘက် တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ ကေအန်ယူတပ်မဟာ (၆) ထိန်းချုပ်ရာဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ဒေသခံသောင်းနဲ့ချီပြီး စစ်ဘေးဒုက္ခသည်တွေအဖြစ် ထွက်ပြေးတိမ်းရှောင်နေရတာဟာ ၁၁ လကျော်ကြာပြီဖြစ်ပါတယ်။

XS
SM
MD
LG