သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၾကာအင္းဆိပ္ႀကီးက ျပင္းထန္တိုက္ပြဲ ႏွစ္ဘက္ ေသဆုံးမႈေတြရွိ


ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ထဲမွာ စစ္ေကာင္စီတပ္နဲ႔ တုိက္ေနတဲ့ Lion Battalion Commando စစ္ေၾကာင္း( ဓာတ္ပံု-Lion Battalion Commando)

[[Zawgyi/Unicode]]

ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ ့နယ္ထဲမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္၊ Lion Battalion Commando စစ္ေၾကာင္း စတဲ့ပူးေပါင္းတပ္ဖဲြ႔ေတြနဲ႔ ႏွစ္ဘက္တုိက္ပဲြေတြျပင္းထန္ေနတဲ့အတြက္ စစ္ေကာင္စီဘက္က ဒီဇင္ဘာလ ၃၁ ရက္ေန႔ကစျပီး ၅ ရက္ဆက္တိုက္ ေလေၾကာင္းကပါ တိုက္ခုိက္ေနပါတယ္။ ဒီေန႔မွာေတာ့ ၾကားအင္းဆိပ္ႀကီးၿမိဳ႕က စစ္ေကာင္စီတပ္ရင္းေတြကုိ ပူးေပါင္းအဖဲြ႔ေတြက တုိက္ခိုက္ခဲ့တာမွာ ႏွစ္ဖက္စလံုးမွာ အက်အဆံုးေတြရွိၿပီး စစ္ေကာင္စီတပ္သားေတြကို အရွင္ဖမ္းမိတာေတြလည္း ရွိေၾကာင္းသတင္းေတြလည္း ထြက္ေပၚေနပါတယ္။ ဒီအေၾကာင္း ဗီြအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ႔ထားပါတယ္။

ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးျမိဳ ့KNU တပ္မဟာ (၆) ထိန္းခ်ဳပ္ရာနယ္ေျမေတြမွာ ၅ ရက္ဆက္တိုက္ ႏွစ္ဘက္တိုက္ပဲြေတြ ျပင္းထန္ေနတာပါ။ စစ္ေကာင္စီစခန္းေတြျဖစ္တဲ့ ေတာင္စြန္း၊ ခုံခမ္စခန္း၊ အနန္းကြင္း၊ ဗ်ဴဟာကုန္းစတာေတြကို KNU နဲ႔ပူးေပါင္းတပ္ဖဲြ႔ေတြဘက္ကလည္း တိုက္ခိုက္စီးနင္းေနျပီး ဇန္နဝါရီလ ၄ ရက္ေန႔မွာေတာ့ ၾကာအင္းဆိပ္ႀကီးျမိဳ ့ေပၚက စစ္စခန္း ၃ ခုကို ဝင္ေရာက္တိုက္ခိုက္ခဲ့ပါတယ္။ ဒီတိုက္ပြဲျဖစ္စဥ္နဲ႔ပတ္သက္လို႔ ၾကာအင္းဆိပ္ႀကီးျမိဳ႕နယ္ထဲက ေဒသခံတဦးက အခုလိုေျပာျပပါတယ္။

“ခလရ ၂၈၃၊ ၂၈၄၊ ၃၂ စတဲ့တပ္ေတြကို တျပိဳင္နက္ ဗုိလ္အယ္ေဆးဝါးတို့၊ PDF ေတြက ဝင္သိမ္းေနတယ္။ ျမိဳ ့ႀကီးကုိ ဝင္တိုက္ေနတာ။ ဝင္သိမ္းေတာ့ စစ္တပ္စခန္း ၃ ခုလံုးကို သူတို႔ရျပီး အေဆာက္အဦးေတြ ကို မီးရွို႕ထားတယ္။ လူေတြလည္းဖမ္းထားတယ္။ ပထမေတာ့ ရတခ က တက္လာတာ။ ေလယာဥ္တစီး။ အဲဒါက ၾကာအင္းဆိပ္ႀကီး ၃၂ စခန္းဘက္ကို ဝင္ႀကဲတယ္။ ျပန္သြားတယ္။ ေနာက္ထပ္ကေတာ့ ေနျပည္ေတာ္ဘက္က ၅ စီးထပ္တက္လာတယ္။ ၿမိဳ႕နဲ႔ကပ္ရက္ဆိုေတာ့ ရြာသားလည္း အကုန္ေရွာင္ေနရတယ္။ ေျပးေနရတယ္။ အဲဒီေနရာက တပ္နဲ့နီးေတာ့ ဗံုးက်င္းထဲမွာ ေနေနရတယ္။ အေသအေပ်ာက္လည္းမ်ားတယ္။ တပ္ရင္းမႉးတခ်ဳိ႕လည္း ပါတယ္။ တပ္ရင္းမႉးရဲ႕အမ်ိဳးသမီးလည္းဖမ္းခံထားရတယ္။ သူတို့က လူအင္အားလည္း သိပ္မရွိဘူး။ တပ္ရင္း ၃ ရင္းလံုးက ေနာက္ကအင္အားက တခုကုိ ၅၀ ေလာက္ပဲရွိတာ။ တျပိဳင္နက္ဝင္စီးေတာ့ စစ္ကူေပးလို႔လည္း မရေတာ့ဘူး။ ဒီေတာ့ စစ္ကူက ေလယာဥ္နဲ႔ပဲလာပစ္တာ။ ေလယာဥ္နဲ႔ပဲရတယ္ေလ။”

စစ္ေကာင္စီဘက္ကလည္း ၾကာအင္းဆိပ္ႀကီး ျမိဳ့နယ္ထဲက စစ္စခန္းေတြမက်ဖို႔ ေလေၾကာင္းပစ္ကူေတြသံုးျပီး တိုက္ခိုက္ေနပါတယ္။ ၾကာအင္းဆိပ္ႀကီးဟာ ေထာက္ပံ့ပို႔ေဆာင္ေရးအတြက္ အေရးပါတဲ့ ျမို႕ျဖစ္တယ္လို႔လည္း ေဒသခံကေျပာပါတယ္။

“က်ိဳက္ဒံုဘက္ကို Support ေထာက္ပို ့သြားေနရတာက ၾကာအင္းဆိပ္ႀကီးကေန သြားပို႔ေနရတယ္ဆိုေတာ့ ကားလမ္းေၾကာင္းနဲ႔ပဲသြားေနရတာဆိုေတာ့ က်န္ခဲ့တဲ့တပ္ေတြကေတာ့ ၾကာအင္းဆိပ္ႀကီးဘက္ကက်ရင္ ရိကၡာေတြျပတ္တာကို ရင္ဆုိင္ရႏုိင္တယ္။”

မနက္အေစာပိုင္းကစျပီး ေလေၾကာင္းကပစ္ကူမႈလုပ္ေနတဲ့အတြက္ ျမိဳ ့ေပၚရပ္ကြက္ကျပည္သူေတြဟာ ဗံုးခိုက်င္းထဲမွာပဲ ပုန္းေအာင္းေနရေၾကာင္း စစ္ေကာင္စီရဲ ့စခန္းတခ်ဳိ႕မီးေလာင္တာေတြကိုေတြ႔႔ရတယ္လ္ို႔ ေနာက္ထပ္ေဒသခံတဦးကေျပာပါတယ္။

“ ေလယာဥ္ပံ်က ဝဲေနတယ္။ ဗံုးေတြလည္းႀကဲေနတယ္။ ၃၂ ကို သူတို႔ဝင္စီးလိုက္တယ္။ မီးရိႈ႕လိုက္တယ္။ ၂၈၄ မွာ တိုက္ပဲြျဖစ္ေနပါတယ္။ ေခါင္းေပၚမွာ အခုေလယာဥ္ကလည္း ဝဲေနတယ္။ အေျခအေနကေတာ့မသိေသးဘူး။ သူလည္းသူပုန္း၊ ကုိယ္လည္းကုိယ္ပုန္းလုပ္ေနရတယ္။”

စခန္း ၃ ခုထဲက တပ္ရင္းမႉးကေတာ္တေယာက္ကို ပူးေပါင္းတပ္ဖဲြ႔ေတြဘက္က အရွင္ဖမ္းမိထားတယ္လို႔ ေဒသခံေတြကေျပာေပမယ့္ ေသဆံုးဒဏ္ရာရသူေတြ၊ အဖမ္းအဆီးခံရသူေတြနဲ႔ပတ္သက္လို႔ VOA ကသီးျခားအတည္မျပဳႏိုင္ေသးပါဘူး။ စစ္ေကာင္စီဘက္ကိုေကာ ပူးေပါင္းတပ္ဖဲြ႔ေတြဘက္ကိုေကာ ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားခဲ့ေပမဲ့ ဆက္သြယ္လို႔မရေသးပါဘူး။

ျပီးခဲ့တဲ့ရက္ကေတာ့ ၾကာအင္းဆိပ္ႀကီးျမို႕နယ္ထဲက ေက်းရြာေတြကို စစ္ေကာင္စီဘက္က ေလေၾကာင္းကေန တိုက္ခိုက္ခဲ့သလို KNLA နဲ႔ Lion Battalion Commando ပူးေပါင္းတပ္ဖဲြ႕ေတြဘက္ကလည္း စစ္ေကာင္စီရဲ႕စခန္းေတြနဲ႔ နယ္ျခားေစာင့္တပ္စခန္းေတြကို တိုက္ခိုက္စီးနင္းခဲ့တာပါ။ ဒီထဲက အနန္းကြင္းဗ်ဴဟာစခန္းကေတာ့ အခုထိ စီးနင္းလို့မရေသးဘူးလို႔ဆိုပါတယ္။ ဒီအနန္းကြင္းဗ်ဴဟာစခန္းဟာလည္း စစ္ေကာင္စီအတြက္ အေရးပါတဲ့ စခန္းတခုျဖစ္တယ္လို႔လည္း ေဒသခံေတြကဆိုပါတယ္။

“မေန႔က အနန္းကြင္းဗ်ဴဟာကုန္းက်မယ္ဆိုရင္ သံျဖဴဇရပ္-ဘုရားသံုးဆူနဲ႔ သံျဖဴဇရပ္-ၾကာအင္းဆိပ္ႀကီးလမ္းကို စစ္တပ္က မလႊမ္းမိုးႏိုင္တဲ့အေနအထားရွိတယ္။ အနန္းကြင္းမွာေတာ့ ဗ်ဴဟာကုန္းတခုပဲက်န္ေတာ့တယ္။ က်န္တဲ့ ေတာင္စြန္းစခန္းနဲ့ခံုခမ္စခန္းတို႔က က်သြားျပီ။”

ျပီးခဲ့တဲ့ရက္က ေလေၾကာင္းတိုက္ခိုက္မႈေတြေၾကာင့္ ဒုကၡသည္ ၃,၀၀၀ ေက်ာ္ဟာ ေဘးလြတ္ရာကိုထြက္ေျပးေနရျပီး တိုက္ပဲြေတြဆက္ျဖစ္ေနတာေၾကာင့္ စားနပ္ရိကၡာေတြမရႏိုင္ေတာ့ဘဲ ျဖစ္ေနတယ္လို႔ ေျပာေနၾကပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

=====================

[[Unicode]]

ကြာအင်းဆိပ်ကြီးက ပြင်းထန်တိုက်ပွဲ နှစ်ဘက် သေဆုံးမှုတွေရှိ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ Lion Battalion Commando စစ်ကြောင်း စတဲ့ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဘက်တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် စစ်ကောင်စီဘက်က ဒီဇင်ဘာလ ၃၁ ရက်နေ့ကစပြီး ၅ ရက်ဆက်တိုက် လေကြောင်းကပါ တိုက်ခိုက်နေပါတယ်။ ဒီနေ့မှာတော့ ကြားအင်းဆိပ်ကြီးမြို့က စစ်ကောင်စီတပ်ရင်းတွေကို ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာမှာ နှစ်ဖက်စလုံးမှာ အကျအဆုံးတွေရှိပြီး စစ်ကောင်စီတပ်သားတွေကို အရှင်ဖမ်းမိတာတွေလည်း ရှိကြောင်းသတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့KNU တပ်မဟာ (၆) ထိန်းချုပ်ရာနယ်မြေတွေမှာ ၅ ရက်ဆက်တိုက် နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ စစ်ကောင်စီစခန်းတွေဖြစ်တဲ့ တောင်စွန်း၊ ခုံခမ်စခန်း၊ အနန်းကွင်း၊ ဗျူဟာကုန်းစတာတွေကို KNU နဲ့ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း တိုက်ခိုက်စီးနင်းနေပြီး ဇန်နဝါရီလ ၄ ရက်နေ့မှာတော့ ကြာအင်းဆိပ်ကြီးမြို့ပေါ်က စစ်စခန်း ၃ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်လို့ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက ဒေသခံတဦးက အခုလိုပြောပြပါတယ်။

“ခလရ ၂၈၃၊ ၂၈၄၊ ၃၂ စတဲ့တပ်တွေကို တပြိုင်နက် ဗိုလ်အယ်ဆေးဝါးတို့၊ PDF တွေက ဝင်သိမ်းနေတယ်။ မြို့ကြီးကို ဝင်တိုက်နေတာ။ ဝင်သိမ်းတော့ စစ်တပ်စခန်း ၃ ခုလုံးကို သူတို့ရပြီး အဆောက်အဦးတွေ ကို မီးရှို့ထားတယ်။ လူတွေလည်းဖမ်းထားတယ်။ ပထမတော့ ရတခ က တက်လာတာ။ လေယာဉ်တစီး။ အဲဒါက ကြာအင်းဆိပ်ကြီး ၃၂ စခန်းဘက်ကို ဝင်ကြဲတယ်။ ပြန်သွားတယ်။ နောက်ထပ်ကတော့ နေပြည်တော်ဘက်က ၅ စီးထပ်တက်လာတယ်။ မြို့နဲ့ကပ်ရက်ဆိုတော့ ရွာသားလည်း အကုန်ရှောင်နေရတယ်။ ပြေးနေရတယ်။ အဲဒီနေရာက တပ်နဲ့နီးတော့ ဗုံးကျင်းထဲမှာ နေနေရတယ်။ အသေအပျောက်လည်းများတယ်။ တပ်ရင်းမှူးတချို့လည်း ပါတယ်။ တပ်ရင်းမှူးရဲ့အမျိုးသမီးလည်းဖမ်းခံထားရတယ်။ သူတို့က လူအင်အားလည်း သိပ်မရှိဘူး။ တပ်ရင်း ၃ ရင်းလုံးက နောက်ကအင်အားက တခုကို ၅၀ လောက်ပဲရှိတာ။ တပြိုင်နက်ဝင်စီးတော့ စစ်ကူပေးလို့လည်း မရတော့ဘူး။ ဒီတော့ စစ်ကူက လေယာဉ်နဲ့ပဲလာပစ်တာ။ လေယာဉ်နဲ့ပဲရတယ်လေ။”

စစ်ကောင်စီဘက်ကလည်း ကြာအင်းဆိပ်ကြီး မြို့နယ်ထဲက စစ်စခန်းတွေမကျဖို့ လေကြောင်းပစ်ကူတွေသုံးပြီး တိုက်ခိုက်နေပါတယ်။ ကြာအင်းဆိပ်ကြီးဟာ ထောက်ပံ့ပို့ဆောင်ရေးအတွက် အရေးပါတဲ့ မြို့ဖြစ်တယ်လို့လည်း ဒေသခံကပြောပါတယ်။

“ကျိုက်ဒုံဘက်ကို Support ထောက်ပို့သွားနေရတာက ကြာအင်းဆိပ်ကြီးကနေ သွားပို့နေရတယ်ဆိုတော့ ကားလမ်းကြောင်းနဲ့ပဲသွားနေရတာဆိုတော့ ကျန်ခဲ့တဲ့တပ်တွေကတော့ ကြာအင်းဆိပ်ကြီးဘက်ကကျရင် ရိက္ခာတွေပြတ်တာကို ရင်ဆိုင်ရနိုင်တယ်။”

မနက်အစောပိုင်းကစပြီး လေကြောင်းကပစ်ကူမှုလုပ်နေတဲ့အတွက် မြို့ပေါ်ရပ်ကွက်ကပြည်သူတွေဟာ ဗုံးခိုကျင်းထဲမှာပဲ ပုန်းအောင်းနေရကြောင်း စစ်ကောင်စီရဲ့စခန်းတချို့မီးလောင်တာတွေကိုတွေ့ရတယ်လို့ နောက်ထပ်ဒေသခံတဦးကပြောပါတယ်။

“လေယာဉ်ပံျက ဝဲနေတယ်။ ဗုံးတွေလည်းကြဲနေတယ်။ ၃၂ ကို သူတို့ဝင်စီးလိုက်တယ်။ မီးရှို့လိုက်တယ်။ ၂၈၄ မှာ တိုက်ပွဲဖြစ်နေပါတယ်။ ခေါင်းပေါ်မှာ အခုလေယာဉ်ကလည်း ဝဲနေတယ်။ အခြေအနေကတော့မသိသေးဘူး။ သူလည်းသူပုန်း၊ ကိုယ်လည်းကိုယ်ပုန်းလုပ်နေရတယ်။”

စခန်း ၃ ခုထဲက တပ်ရင်းမှူးကတော်တယောက်ကို ပူးပေါင်းတပ်ဖွဲ့တွေဘက်က အရှင်ဖမ်းမိထားတယ်လို့ ဒေသခံတွေကပြောပေမယ့် သေဆုံးဒဏ်ရာရသူတွေ၊ အဖမ်းအဆီးခံရသူတွေနဲ့ပတ်သက်လို့ VOA ကသီးခြားအတည်မပြုနိုင်သေးပါဘူး။ စစ်ကောင်စီဘက်ကိုကော ပူးပေါင်းတပ်ဖွဲ့တွေဘက်ကိုကော ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။

ပြီးခဲ့တဲ့ရက်ကတော့ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့သလို KNLA နဲ့ Lion Battalion Commando ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း စစ်ကောင်စီရဲ့စခန်းတွေနဲ့ နယ်ခြားစောင့်တပ်စခန်းတွေကို တိုက်ခိုက်စီးနင်းခဲ့တာပါ။ ဒီထဲက အနန်းကွင်းဗျူဟာစခန်းကတော့ အခုထိ စီးနင်းလို့မရသေးဘူးလို့ဆိုပါတယ်။ ဒီအနန်းကွင်းဗျူဟာစခန်းဟာလည်း စစ်ကောင်စီအတွက် အရေးပါတဲ့ စခန်းတခုဖြစ်တယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။

“မနေ့က အနန်းကွင်းဗျူဟာကုန်းကျမယ်ဆိုရင် သံဖြူဇရပ်-ဘုရားသုံးဆူနဲ့ သံဖြူဇရပ်-ကြာအင်းဆိပ်ကြီးလမ်းကို စစ်တပ်က မလွှမ်းမိုးနိုင်တဲ့အနေအထားရှိတယ်။ အနန်းကွင်းမှာတော့ ဗျူဟာကုန်းတခုပဲကျန်တော့တယ်။ ကျန်တဲ့ တောင်စွန်းစခန်းနဲ့ခုံခမ်စခန်းတို့က ကျသွားပြီ။”

ပြီးခဲ့တဲ့ရက်က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒုက္ခသည် ၃,၀၀၀ ကျော်ဟာ ဘေးလွတ်ရာကိုထွက်ပြေးနေရပြီး တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် စားနပ်ရိက္ခာတွေမရနိုင်တော့ဘဲ ဖြစ်နေတယ်လို့ ပြောနေကြပါတယ်ရှင်။

XS
SM
MD
LG