သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

KNU တပ္မဟာနယ္ေျမေတြမွာ KNLA၊ KNDO နဲ႔ျမန္မာစစ္တပ္ တိုက္ပြဲဆက္တိုက္ျဖစ္ပြား


KNLA + PDF ပူးေပါင္းတပ္ဖြဲ႔ ( ဓါတ္ပုံ - KNU )

[[Zawgyi/Unicode]]

ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU တပ္မဟာနယ္ေျမအားလုံးနီးပါးမွာ KNLA၊ KNDO တပ္ေတြနဲ႔ ျမန္မာစစ္တပ္တို႔ တိုက္ပြဲေတြ ဆက္တိုက္ ျဖစ္ပြားလာပါတယ္။ အရင္က တိုက္ပြဲမရွိခဲ့တဲ့ တနသၤာရီတိုင္းက KNU တပ္မဟာ (၄) နယ္ေျမေတြမွာပါ တိုက္ပြဲေတြ ရွိလာတာပါ။ ျမန္မာစစ္တပ္က ေလေၾကာင္းသုံးၿပီး တိုက္ခိုက္ေနတာေၾကာင့္ စစ္ေျပးဒုကၡသည္ေတြ တိုးမ်ားလာတယ္လို႔ အကူအညီေပးသူေတြကေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္း ကိုေအာင္ေအာင္က တင္ျပေပးထားပါတယ္။

KNU တပ္မဟာ (၁) နယ္ေျမျဖစ္တဲ့ မြန္ျပည္နယ္၊ သထုံခ႐ိုင္ထဲမွာ စစ္တပ္က ေလယာဥ္နဲ႔ ဗုံးႀကဲတိုက္ခိုက္လာတဲ့အတြက္ အရပ္သားေနအိမ္ေတြ ပ်က္စီးခဲ့ရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အခုဆိုရင္ တပ္မဟာ (၇) တခုကလြဲလို႔ က်န္တဲ့ တပ္မဟာအားလုံးနီးပါးမွာ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရးတပ္ KNLA နဲ႔ ျမန္မာစစ္တပ္တို႔ တိုက္ပြဲေတြျဖစ္ေနတာပါ။

ဒီေန႔ ႏိုဝင္ဘာ ၂၈ ရက္မွာလည္း တပ္မဟာ (၆) နယ္ေျမျဖစ္တဲ့ ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕နယ္ထဲက ေတာင္ၾကာအင္းနဲ႔ ေလာင္းကိုင္ေက်း႐ြာေတြဘက္ကို စစ္တပ္ကဝင္ေရာက္လာတဲ့အတြက္ အရပ္သား အမ်ားအျပား ထြက္ေျပးေနရပါတယ္။ အခုေနာက္ပိုင္း ျမန္မာစစ္တပ္က အေဝးကေန လက္နက္ႀကီးနဲ႔ ပစ္ခတ္တာေတြ ေန႔တိုင္းလုပ္လာတယ္လို႔ KNLA ပူးေပါင္းတပ္ဖြဲ႔တခုျဖစ္တဲ့ က်ားျဖဴတပ္ခြဲ (၅) ရဲ႕ တပ္ခြဲမႉး ကိုဇြဲက ေျပာပါတယ္။ အထူးသျဖင့္ ညပိုင္းအခ်ိန္မွာ အရပ္သားေနအိမ္ေတြဆီ ပစ္ခတ္ေနတဲ့အတြက္ အရပ္သားေတြ ထြက္ေျပးရတာျဖစ္ေၾကာင္း သူက ဗြီအိုေအကို ေျပာပါတယ္။

"က်ေနာ္တို႔ က်ား (၅) ကင္းစိုက္ထားတဲ့ ဂြင္ဆိုရင္ ႐ြာက ေလးငါးေျခာက္႐ြာ ဧရိယာဝန္းက်င္ရွိတယ္၊ ေနရာအက်ယ္ႀကီးေပါ့ဗ်ာ၊ အဲဒီအက်ယ္ႀကီးကို ရဲေတြ၊ စစ္သားေတြ လုံးဝမဝင္ေတာ့ဘူး။ ဘာအဖြဲ႔အစည္းမွ မဝင္ဘူး၊ က်ေနာ္တို႔ေနတဲ့ ေနရာကို။ သူတို႔က ဘာလို႔သတ္မွတ္လဲဆိုေတာ့ ဒီနယ္ေျမဟာ သူတို႔နဲ႔ မဆိုင္ေတာ့သလို သတ္မွတ္ၿပီး သူတို႔စိတ္ေပါက္ရင္ ေပါက္သလို လက္နက္ႀကီးပစ္တာ။ ဘယ္လိုမွ ႐ြာသူ႐ြာသားေတြက ေနထိုင္လို႔ မရေတာ့ဘူး။ အိုးပစ္အိမ္ပစ္ ေျပးသြားရတာေပါ့။ က်ေနာ္တို႔ရွိေနရင္ ဒါမ်ိဳးပစ္ခံရမယ္ဆိုတဲ့ အေၾကာက္တရား သြင္းေပးတာေပါ့။ တေန႔ မပစ္ခံရဘူးဆိုရင္ အနည္းဆုံး လက္နက္ႀကီးက ၁၂၀ (မမ) ေလးငါးလုံး ပစ္ခံရတယ္။ ၆၀ ကေတာ့ ေလးငါးဆယ္လုံး ပစ္ခံရတယ္။ တခါတခါ ေတာ္ေတာ္ပစ္တဲ့ရက္ဆို ေလးငါေျခာက္ဆယ္၊ ခုနစ္ဆယ္၊ ရွစ္ဆယ္အထိပစ္တယ္။"

အလားတူပဲ KNU တပ္မဟာ(၄) နယ္ေျမျဖစ္တဲ့ တနသၤာရီ၊ ၿမိတ္၊ ထားဝယ္ စတဲ့ၿမိဳ႕နယ္ေတြမွာလည္း အခုႏိုဝင္ဘာလကစၿပီး စစ္တပ္နဲ႔ တိုက္ပြဲေတြ စျဖစ္လာပါတယ္။ တလအတြင္းမွာ အႀကိမ္ ၃၀ ေက်ာ္အထိ ျဖစ္ခဲ့တာပါ။ KNU တပ္မဟာ (၃) နယ္ေျမျဖစ္တဲ့ ေညာင္ေလးပင္ခ႐ိုင္ထဲက ေဒသခံေတြကိုလည္း စစ္တပ္က ဖိအားေပးၿပီး ေနရပ္ျပန္ေနဖို႔ လိုက္လံႏႈိးေဆာ္ေနတာ ရွိပါတယ္။ ေညာင္ေလးပင္ခ႐ိုင္ ေ႐ႊက်င္ၿမိဳ႕နယ္က ေဒသခံတဦးက အခုလိုေျပာျပပါတယ္။

"အနီးစပ္ဆုံး ေက်ာက္တန္း႐ြာအထိကေတာ့ ျပန္ေနၾကတယ္။ ဟိုဘက္သံဆိပ္က်ေတာ့ သံဆိပ္မွာလည္း ရွိတယ္၊ ပဒဲေကာမွာလည္းရွိတယ္ဆိုေတာ့ သူတို႔က မျပန္ရဲၾကဘူး။ ဒီမွာပဲေနၾကတယ္။ ညညေတာ့ ပစ္သံေတြ အၿမဲတမ္းၾကားရတယ္။ ျပန္လာၾကေပါ့ေနာ္- မျပန္လာရင္ ႐ြာေတြမီးရႈိ႕မယ္၊ အိမ္ေတြမီးရႈိ႕မယ္ ေျပာတဲ့အခါက်ေတာ့ တခ်ိဳ႕ကလည္းေၾကာက္တာေပါ့။ ေၾကာက္ေပမဲ့လည္း ဘယ္ျပန္ရဲမလဲ၊ ကိုယ့္အသက္နဲ႔ရင္းၿပီး။"

ေ႐ႊက်င္ၿမိဳ႕စြန္နားက ရပ္ကြက္တခ်ိဳ႕ကို ေျပာင္းေပးဖို႔လည္း စစ္ေကာင္စီအုပ္ခ်ဳပ္ေရးပိုင္းက လိုက္လံေျပာဆို ေနတာေတြရွိတယ္လို႔ ေဒသခံတခ်ိဳ႕က ေျပာပါတယ္။ ေညာင္ေလးပင္ခ႐ိုင္ထဲမွာ တေက်ာ့ျပန္ တိုက္ပြဲေတြျဖစ္လာတာေၾကာင့္ ေ႐ႊက်င္နဲ႔ ေက်ာက္ႀကီးၿမိဳ႕နယ္ထဲမွာ စစ္ေရွာင္အမ်ားအျပား ေရာက္ေနတာပါ။ စစ္ေရွာင္ဦးေရ ငါးေသာင္းေလာက္ ခန႔္မွန္း ရွိလိမ့္မယ္လို႔ ကူညီေရးအဖြဲ႕ေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

KNU တပ်မဟာနယ်မြေတွေမှာ KNLA၊ KNDO နဲ့ မြန်မာစစ်တပ် တိုက်ပွဲဆက်တိုက်ဖြစ်ပွား

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာနယ်မြေအားလုံးနီးပါးမှာ KNLA၊ KNDO တပ်တွေနဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားလာပါတယ်။ အရင်က တိုက်ပွဲမရှိခဲ့တဲ့ တနင်္သာရီတိုင်းက KNU တပ်မဟာ (၄) နယ်မြေတွေမှာပါ တိုက်ပွဲတွေ ရှိလာတာပါ။ မြန်မာစစ်တပ်က လေကြောင်းသုံးပြီး တိုက်ခိုက်နေတာကြောင့် စစ်ပြေးဒုက္ခသည်တွေ တိုးများလာတယ်လို့ အကူအညီပေးသူတွေကပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်း ကိုအောင်အောင်က တင်ပြပေးထားပါတယ်။

KNU တပ်မဟာ (၁) နယ်မြေဖြစ်တဲ့ မွန်ပြည်နယ်၊ သထုံခရိုင်ထဲမှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လာတဲ့အတွက် အရပ်သားနေအိမ်တွေ ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုဆိုရင် တပ်မဟာ (၇) တခုကလွဲလို့ ကျန်တဲ့ တပ်မဟာအားလုံးနီးပါးမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲတွေဖြစ်နေတာပါ။

ဒီနေ့ နိုဝင်ဘာ ၂၈ ရက်မှာလည်း တပ်မဟာ (၆) နယ်မြေဖြစ်တဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲက တောင်ကြာအင်းနဲ့ လောင်းကိုင်ကျေးရွာတွေဘက်ကို စစ်တပ်ကဝင်ရောက်လာတဲ့အတွက် အရပ်သား အများအပြား ထွက်ပြေးနေရပါတယ်။ အခုနောက်ပိုင်း မြန်မာစစ်တပ်က အဝေးကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ နေ့တိုင်းလုပ်လာတယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့တခုဖြစ်တဲ့ ကျားဖြူတပ်ခွဲ (၅) ရဲ့ တပ်ခွဲမှူး ကိုဇွဲက ပြောပါတယ်။ အထူးသဖြင့် ညပိုင်းအချိန်မှာ အရပ်သားနေအိမ်တွေဆီ ပစ်ခတ်နေတဲ့အတွက် အရပ်သားတွေ ထွက်ပြေးရတာဖြစ်ကြောင်း သူက ဗွီအိုအေကို ပြောပါတယ်။

"ကျနော်တို့ ကျား (၅) ကင်းစိုက်ထားတဲ့ ဂွင်ဆိုရင် ရွာက လေးငါးခြောက်ရွာ ဧရိယာဝန်းကျင်ရှိတယ်၊ နေရာအကျယ်ကြီးပေါ့ဗျာ၊ အဲဒီအကျယ်ကြီးကို ရဲတွေ၊ စစ်သားတွေ လုံးဝမဝင်တော့ဘူး။ ဘာအဖွဲ့အစည်းမှ မဝင်ဘူး၊ ကျနော်တို့နေတဲ့ နေရာကို။ သူတို့က ဘာလို့သတ်မှတ်လဲဆိုတော့ ဒီနယ်မြေဟာ သူတို့နဲ့ မဆိုင်တော့သလို သတ်မှတ်ပြီး သူတို့စိတ်ပေါက်ရင် ပေါက်သလို လက်နက်ကြီးပစ်တာ။ ဘယ်လိုမှ ရွာသူရွာသားတွေက နေထိုင်လို့ မရတော့ဘူး။ အိုးပစ်အိမ်ပစ် ပြေးသွားရတာပေါ့။ ကျနော်တို့ရှိနေရင် ဒါမျိုးပစ်ခံရမယ်ဆိုတဲ့ အကြောက်တရား သွင်းပေးတာပေါ့။ တနေ့ မပစ်ခံရဘူးဆိုရင် အနည်းဆုံး လက်နက်ကြီးက ၁၂၀ (မမ) လေးငါးလုံး ပစ်ခံရတယ်။ ၆၀ ကတော့ လေးငါးဆယ်လုံး ပစ်ခံရတယ်။ တခါတခါ တော်တော်ပစ်တဲ့ရက်ဆို လေးငါခြောက်ဆယ်၊ ခုနစ်ဆယ်၊ ရှစ်ဆယ်အထိပစ်တယ်။"

အလားတူပဲ KNU တပ်မဟာ(၄) နယ်မြေဖြစ်တဲ့ တနင်္သာရီ၊ မြိတ်၊ ထားဝယ် စတဲ့မြို့နယ်တွေမှာလည်း အခုနိုဝင်ဘာလကစပြီး စစ်တပ်နဲ့ တိုက်ပွဲတွေ စဖြစ်လာပါတယ်။ တလအတွင်းမှာ အကြိမ် ၃၀ ကျော်အထိ ဖြစ်ခဲ့တာပါ။ KNU တပ်မဟာ (၃) နယ်မြေဖြစ်တဲ့ ညောင်လေးပင်ခရိုင်ထဲက ဒေသခံတွေကိုလည်း စစ်တပ်က ဖိအားပေးပြီး နေရပ်ပြန်နေဖို့ လိုက်လံနှိုးဆော်နေတာ ရှိပါတယ်။ ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်က ဒေသခံတဦးက အခုလိုပြောပြပါတယ်။

"အနီးစပ်ဆုံး ကျောက်တန်းရွာအထိကတော့ ပြန်နေကြတယ်။ ဟိုဘက်သံဆိပ်ကျတော့ သံဆိပ်မှာလည်း ရှိတယ်၊ ပဒဲကောမှာလည်းရှိတယ်ဆိုတော့ သူတို့က မပြန်ရဲကြဘူး။ ဒီမှာပဲနေကြတယ်။ ညညတော့ ပစ်သံတွေ အမြဲတမ်းကြားရတယ်။ ပြန်လာကြပေါ့နော်- မပြန်လာရင် ရွာတွေမီးရှို့မယ်၊ အိမ်တွေမီးရှို့မယ် ပြောတဲ့အခါကျတော့ တချို့ကလည်းကြောက်တာပေါ့။ ကြောက်ပေမဲ့လည်း ဘယ်ပြန်ရဲမလဲ၊ ကိုယ့်အသက်နဲ့ရင်းပြီး။"

ရွှေကျင်မြို့စွန်နားက ရပ်ကွက်တချို့ကို ပြောင်းပေးဖို့လည်း စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းက လိုက်လံပြောဆို နေတာတွေရှိတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ညောင်လေးပင်ခရိုင်ထဲမှာ တကျော့ပြန် တိုက်ပွဲတွေဖြစ်လာတာကြောင့် ရွှေကျင်နဲ့ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ရှောင်အများအပြား ရောက်နေတာပါ။ စစ်ရှောင်ဦးရေ ငါးသောင်းလောက် ခန့်မှန်း ရှိလိမ့်မယ်လို့ ကူညီရေးအဖွဲ့တွေက ပြောပါတယ်။

XS
SM
MD
LG