သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကရင္ ေလးေကေကာ္ၿမိဳ႕သစ္ကို စစ္ေကာင္စီတပ္ဝင္ၿပီး တက္ႂကြလႈပ္ရွားသူေတြကို ဖမ္းဆီး


KNU ထိန္းခ်ဳပ္နယ္ေျမ ေလးေကေကာ္ၿမိဳ႕သစ္ထဲမွာ စစ္ေကာင္စီတပ္ေတြဝင္ေရာက္ၿပီး လႊတ္ေတာ္အမတ္အပါအဝင္ တက္ႂကြလႈပ္ရွားသူတခ်ဳိ႕ကို ရွာေဖြစဥ္။ (12/14/2021/ ဓာတ္ပံု KIC)

[[Zawgyi/Unicode]]

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ေတာင္ဘက္ (၁၀) မိုင္ခန႔္အကြာမွာရွိတဲ့ ေကအန္ယူ တပ္မဟာ (၆) ထိန္းခ်ဳပ္ရာနယ္ေျမေလးေကေကာ္ၿမိဳ႕သစ္ကို စစ္ေကာင္စီတပ္ေတြက ဒီဇင္ဘာလ ၁၄ ရက္ေန႔မနက္ကစတင္ၿပိး ဝင္ေရာက္ရွာေဖြဖမ္းဆီးရာမွာ လႊတ္ေတာ္အမတ္တခ်ိဳ႕အပါအဝင္ တက္ႂကြလႈပ္ရွားသူလူငယ္ေတြပါ ဖမ္းဆီးခံခဲ့ရပါတယ္။ ဗြီအိုေအသတင္းေထာက္မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ေတာင္ဖက္ (၁၀) မိုင္ခန႔္အကြာမွာရွိတဲ့ေကအန္ယူ တပ္မဟာ (၆) ထိန္းခ်ဳပ္ရာနယ္ေျမေလးေကေကာ္ၿမိဳ႕သစ္ကို စစ္ေကာင္စီတပ္ေတြက ဒီဇင္ဘာလ ၁၄ ရက္ေန႔မနက္က စစ္ေၾကာင္း ၄ ေၾကာင္းခြဲၿပီး ဝင္ေရာက္ ရွာေဖြရာမွာ အဲဒီေနရာမွာေနထိုင္ေနတဲ့ လႊတ္ေတာ္အမတ္တဦးအပါအဝင္ တက္ႂကြလႈပ္ရွားသူ ၂၀ နီးပါးအထိ အဖမ္းခံထားရတယ္လို႔ ေလးေကေကာ္ၿမိဳ႕က ကိုေစာမြန္က VOA ကို ေျပာပါတယ္။

“ဒီေန႔မနက္က စစ္အင္အား၂၀၀ ေလာက္နဲ႔ စစ္ေၾကာင္း ၄ ေၾကာင္းခြဲၿပီးေလးေကေကာ္ ထဲဝင္လာတယ္။ ခလရ ၅၆၀ ကုန္းကေနဆင္းလာၿပီး ဒီအတိုင္းဝင္လာတာျဖစ္တယ္။ စစ္ေၾကာင္းေလးေၾကာင္းခြဲၿပီးဝင္လာတာေပါ့ေနာ္။ ေလးေကေကာ္ကို အရင္ကဝင္ရင္ KNU ကိုခြင့္ျပဳခ်က္ေတာင္းတယ္။ ဒီတႀကိမ္ဝင္တာက ၇ ႀကိမ္ေျမာက္ေပါ့ေနာ္။ ပထမ ၂ ႀကိမ္ေလာက္ကေတာ့ ခြင့္ျပဳခ်က္ေတာင္းတယ္။ ေနာက္ပိုင္းက်ေတာ့ ခြင္ျပဳခ်က္မေတာင္းဘဲ သူလိုခ်င္တဲ့ရပ္ကြက္ကို သူ႔ဖာသူ ဝင္စစ္တဲ့ပုံစံျဖစ္သြားၿပီ။ ေကအန္ယူကလည္း ဘယ္လိုအေၾကာင္းေၾကာင့္ လိုက္ေလ်ာေနလဲေတာ့မသိဘူး။ ေလးေကေကာ္မွာက က်ေနာ္တို႔ GZ ေတြ CDM ဝန္ထမ္းေတြ ေနာက္လႊတ္ေတာ္ကိုယ္စားလွယ္ေတြ အမ်ားႀကီးခိုေအာင္းတဲ့ေနရာေပါ့ေနာ္။ ဒီေန႔ ျဖစ္စဥ္ကေတာ့ ရပ္ကြက္ ၆ က အိမ္တအိမ္ကို အရင္ဝင္ရွာတယ္။ သတင္း အတိက်ရထားတယ္ေပါ့ေနာ္။ အဲဒီအိမ္က ေျမာင္းျမ လႊတ္ေတာ္ကိုယ္ စားလွယ္ေဒါက္တာေဝလင္းေအာင္ကို ဖမ္းေခၚသြားတယ္။ က်န္တဲ့ GZ ေလးေတြ ၁၃ ေယာက္ပါသြားတယ္။ အခုခ်ိန္ထိ အဲဒီေနရာကို သူတို႔ ၇ ရက္ေလာက္ထိတပ္စြဲထားမယ္လို႔ေျပာတယ္။”

စစ္ေကာင္စီတပ္ေတြက ဒီဇင္ဘာလ ၁၄ ရက္ေန႔မနက္အေစာပိုင္းမွာဝင္လာၿပီး ဧရာဝတီတိုင္းအုပ္စုကလူငယ္၂ ေယာက္ကို စတင္ဖမ္းမိခဲ့ၿပီးေနာက္ သူတို႔ေနထိုင္ ရာေနရာကို သြားဝင္ဖမ္းခဲ့တာလို႔လည္းဆိုပါတယ္။

“သူတို႔က မနက္ခပ္ေစာေစာေလးဝင္လာတယ္။ သူတို႔ ၂ ေယာက္အရင္မိတယ္။ ေနရာကိုသြားျပခိုင္းတယ္၊ သြားျပခိုင္းေတာ့ ၁၁ ေယာက္လုံးပါသြားတယ္။ အဓိက ကေတာ့ မအူပင္က အဖြဲ႔ေတြ၊ ျမစ္ဝကြၽန္းေပၚအဖြဲ႔ေတြ အခု ဖမ္းေခၚသြားၿပီ။ က်န္တဲ့အိမ္ေတြကိုလည္းေမႊအုံးမွာ။”

ေလးေကေကာ္ေနရာကို အရင္တုန္းက စစ္တပ္ေတြဝင္လာခ်ိန္မွာ ေကအန္ယူတပ္ဖြဲ႔ ေတြလည္းရွိေနတဲ့အတြက္ အဲဒီမွာေနထိုင္သူေတြက လုံၿခဳံတယ္လို႔ယူဆထားၾကတာပါ။ အခု စစ္တပ္ေတြဝင္လာခ်ိန္မွာေတာ့ ေလးေကေကာၿမိဳ႕သစ္ထဲမွာ ေကအန္ယူ တပ္ဖြဲ႔ေတြ မေတြ႔ရဘူးလို႔လည္း ဆိုပါတယ္။ ေကအန္ယူ တပ္မဟာ (၆) ထိန္းခ်ဳပ္ထားတဲ့နယ္ေျမျဖစ္တဲ့အတြက္ ေကအန္ယူတပ္ေတြကေတာ့ ေလးေကေကာ္အနီး ေတာင္ကုန္းေပၚမွာ ေနရာယူထားတာရွိတယ္လို႔လည္း ေလးေကေကာ္မွာ ေနထိုင္သူေတြကဆိုပါတယ္။အခုဆိုရင္ ေလးေကးေကာ္ၿမိဳ႕သစ္ထဲမွာစစ္ေကာင္စီက တပ္စြဲထားမယ္လို႔လည္း သိရေၾကာင္းေျပာျပပါတယ္။

“ပထမက စစ္တပ္က ေလးေကေကာ္မလွမ္းမကမ္းမွာ ဗ်ဳဟာကုန္းလို႔ေခၚတဲ့ ခလရ ၅၆၀ တပ္ရွိတယ္။ အဲဒီမွာေလးေကေကာ္ပန္းၿခံတို႔၊ ေလးေကေကာ္ၿမိဳ႕ထဲကို ခပ္လွမ္းလွမ္းကေန လာမွ ရတာ။ အခုေတာ့ ေလးေကေကာ္ၿမိဳ႕ထဲကို တပ္စြဲထားမယ္လို႔ေျပာတယ္။”

ေလးေကေကာ္ၿမိဳ႕သစ္ထဲမွာ ရပ္ကြက္ ၆ ခုရွိၿပီး အိမ္ေျခ ၈၀၀ ေလာက္ရွိပါတယ္။ အဲဒီထဲမွာ လႊတ္ေတာ္အမတ္ေတြနဲ႔ CDM ဝန္ထမ္းေတြ၊ တက္ႂကြလႈပ္ရွားသူေတြ ေနထိုင္ေနတယ္ဆိုၿပီး ၿပီးခဲ့တဲ့တပတ္ခန႔္ကစၿပီး စစ္ေကာင္စီတပ္ေတြက သူတို႔ လိုခ်င္တဲ့ သူ ၁၁ ဦးကို ထုတ္ေပးဖို႔ ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။ ဒါေပမယ့္ ဒီအေၾကာင္းနဲ႔ပတ္သက္လို႔ ေကအန္ယူ တာဝန္ရွိသူေတြကိုေတာ့ ဆက္သြယ္ေမးျမန္းလို႔မရခဲ့ပါဘူး။

ဒီရက္ပိုင္းမွာပဲ စစ္ေကာင္စီတပ္ေတြဟာ ေလးေကေကာ္ထဲကိုဝင္ေရာက္ရွာေဖြတာ၊ အနီးနားမွာ တပ္စြဲထားတာေတြကိုလည္းလုပ္လာပါတယ္။ အခုေနာက္ဆုံးသတင္းအရ ရပ္ကြက္ ၆ ကိုစတင္ဝင္ေရာက္ရွာေဖြဖမ္းဆီးၿပီး ရပ္ကြက္ ၁ ကို ထပ္ၿပီးရွာေဖြဖမ္းဆီးတာေတြ လုပ္ေနတယ္လို႔လည္းေျပာပါတယ္ ။ ေလးေကေကာ္ထဲမွာ ေနထိုင္ေနသူေတြကေတာ့ လက္နက္ကိုင္စစ္တပ္ေတြ ဝင္လာတဲ့အတြက္ အျပင္ မထြက္ရဲၾကေတာ့ဘူးလို႔ဆိုပါတယ္။ ေကအန္ယူလက္နက္ကိုင္တပ္ေတြလည္းမေတြ႔ရတဲ့အတြက္ လုံၿခဳံမႈ မရွိသလိုခံစားေနၾကရၿပီး ေနာက္ထပ္ဘယ္သူေတြကို ဝင္ေရာက္ဖမ္းဆီးမလဲဆိုတာကိုပဲ စိုးရိမ္ပူပန္ေနၾကတယ္လို႔ဆိုပါတယ္။

ေကအန္ယူနဲ႔ျမန္မာအစိုးရ အပစ္အခပ္ရပ္စဲၿပီး ၿငိမ္းခ်မ္းေရးယူထားခ်ိန္ ကရင္ဒုကၡသည္ေတြေနရပ္ျပန္တဲ့အခါမွာ ထားဖို႔ ေလးေကေကာ္ၿမိဳ႕သစ္ကို ဂ်ပန္ႏိုင္ငံ နီပြန္ေဖာင္ေဒးရွင္းရဲ႕အကူအညီနဲ႔ တည္ေဆာက္ထားတာျဖစ္ပါတယ္။ ေလးေကေကာ္ၿမိဳ႕သစ္ကို KNU နဲ႔ ကရင္ျပည္နယ္အစိုးရတို႔က ၿငိမ္းခ်မ္းေရးတည္ေဆာက္ဖို႔ အထိမ္းအမွတ္အျဖစ္ (KNU) ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးေစာမူတူးေစးဖိုးနဲ႔ ကရင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ဦးေဇာ္မင္းတို႔က ၂၀၁၅ ခုႏွစ္ ေဖေဖာ္ဝါရီလ (၁) ရက္ေန႔မွာ စတင္တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။ ေလးေကေကာ္ၿမိဳ႕သစ္လုံၿခဳံေရးကို ေကအန္ယူက တာဝန္ယူထားတာ ၆ ႏွစ္ေက်ာ္ၿပီျဖစ္ပါတယ္။ အခုအခါ ျမန္မာစစ္ေကာင္စီက အာဏာသိမ္းလိုက္ၿပီးေနာက္ပိုင္း အဖမ္းအဆီးေတြေၾကာင့္ တိမ္းေရွာင္လာသူေတြဟာ ေလးေကေကာ္အပါအဝင္ ေကအန္ယူထိမ္းခ်ဳပ္တဲ့ေဒသ​ေတြမွာ ခိုလႈံေနထိုင္ေနၾကပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ကရင် လေးကေကော်မြို့သစ်ကို စစ်ကောင်စီတပ်ဝင်ပြီး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီး

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် (၁၀) မိုင်ခန့်အကွာမှာရှိတဲ့ ကေအန်ယူ တပ်မဟာ (၆) ထိန်းချုပ်ရာနယ်မြေလေးကေကော်မြို့သစ်ကို စစ်ကောင်စီတပ်တွေက ဒီဇင်ဘာလ ၁၄ ရက်နေ့မနက်ကစတင်ပြိး ဝင်ရောက်ရှာဖွေဖမ်းဆီးရာမှာ လွှတ်တော်အမတ်တချို့အပါအဝင် တက်ကြွလှုပ်ရှားသူလူငယ်တွေပါ ဖမ်းဆီးခံခဲ့ရပါတယ်။ ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့တောင်ဖက် (၁၀) မိုင်ခန့်အကွာမှာရှိတဲ့ကေအန်ယူ တပ်မဟာ (၆) ထိန်းချုပ်ရာနယ်မြေလေးကေကော်မြို့သစ်ကို စစ်ကောင်စီတပ်တွေက ဒီဇင်ဘာလ ၁၄ ရက်နေ့မနက်က စစ်ကြောင်း ၄ ကြောင်းခွဲပြီး ဝင်ရောက် ရှာဖွေရာမှာ အဲဒီနေရာမှာနေထိုင်နေတဲ့ လွှတ်တော်အမတ်တဦးအပါအဝင် တက်ကြွလှုပ်ရှားသူ ၂၀ နီးပါးအထိ အဖမ်းခံထားရတယ်လို့ လေးကေကော်မြို့က ကိုစောမွန်က VOA ကို ပြောပါတယ်။

“ဒီနေ့မနက်က စစ်အင်အား၂၀၀ လောက်နဲ့ စစ်ကြောင်း ၄ ကြောင်းခွဲပြီးလေးကေကော် ထဲဝင်လာတယ်။ ခလရ ၅၆၀ ကုန်းကနေဆင်းလာပြီး ဒီအတိုင်းဝင်လာတာဖြစ်တယ်။ စစ်ကြောင်းလေးကြောင်းခွဲပြီးဝင်လာတာပေါ့နော်။ လေးကေကော်ကို အရင်ကဝင်ရင် KNU ကိုခွင့်ပြုချက်တောင်းတယ်။ ဒီတကြိမ်ဝင်တာက ၇ ကြိမ်မြောက်ပေါ့နော်။ ပထမ ၂ ကြိမ်လောက်ကတော့ ခွင့်ပြုချက်တောင်းတယ်။ နောက်ပိုင်းကျတော့ ခွင်ပြုချက်မတောင်းဘဲ သူလိုချင်တဲ့ရပ်ကွက်ကို သူ့ဖာသူ ဝင်စစ်တဲ့ပုံစံဖြစ်သွားပြီ။ ကေအန်ယူကလည်း ဘယ်လိုအကြောင်းကြောင့် လိုက်လျောနေလဲတော့မသိဘူး။ လေးကေကော်မှာက ကျနော်တို့ GZ တွေ CDM ဝန်ထမ်းတွေ နောက်လွှတ်တော်ကိုယ်စားလှယ်တွေ အများကြီးခိုအောင်းတဲ့နေရာပေါ့နော်။ ဒီနေ့ ဖြစ်စဉ်ကတော့ ရပ်ကွက် ၆ က အိမ်တအိမ်ကို အရင်ဝင်ရှာတယ်။ သတင်း အတိကျရထားတယ်ပေါ့နော်။ အဲဒီအိမ်က မြောင်းမြ လွှတ်တော်ကိုယ် စားလှယ်ဒေါက်တာဝေလင်းအောင်ကို ဖမ်းခေါ်သွားတယ်။ ကျန်တဲ့ GZ လေးတွေ ၁၃ ယောက်ပါသွားတယ်။ အခုချိန်ထိ အဲဒီနေရာကို သူတို့ ၇ ရက်လောက်ထိတပ်စွဲထားမယ်လို့ပြောတယ်။”

စစ်ကောင်စီတပ်တွေက ဒီဇင်ဘာလ ၁၄ ရက်နေ့မနက်အစောပိုင်းမှာဝင်လာပြီး ဧရာဝတီတိုင်းအုပ်စုကလူငယ်၂ ယောက်ကို စတင်ဖမ်းမိခဲ့ပြီးနောက် သူတို့နေထိုင် ရာနေရာကို သွားဝင်ဖမ်းခဲ့တာလို့လည်းဆိုပါတယ်။

“သူတို့က မနက်ခပ်စောစောလေးဝင်လာတယ်။ သူတို့ ၂ ယောက်အရင်မိတယ်။ နေရာကိုသွားပြခိုင်းတယ်၊ သွားပြခိုင်းတော့ ၁၁ ယောက်လုံးပါသွားတယ်။ အဓိက ကတော့ မအူပင်က အဖွဲ့တွေ၊ မြစ်ဝကျွန်းပေါ်အဖွဲ့တွေ အခု ဖမ်းခေါ်သွားပြီ။ ကျန်တဲ့အိမ်တွေကိုလည်းမွှေအုံးမှာ။”

လေးကေကော်နေရာကို အရင်တုန်းက စစ်တပ်တွေဝင်လာချိန်မှာ ကေအန်ယူတပ်ဖွဲ့ တွေလည်းရှိနေတဲ့အတွက် အဲဒီမှာနေထိုင်သူတွေက လုံခြုံတယ်လို့ယူဆထားကြတာပါ။ အခု စစ်တပ်တွေဝင်လာချိန်မှာတော့ လေးကေကောမြို့သစ်ထဲမှာ ကေအန်ယူ တပ်ဖွဲ့တွေ မတွေ့ရဘူးလို့လည်း ဆိုပါတယ်။ ကေအန်ယူ တပ်မဟာ (၆) ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်တဲ့အတွက် ကေအန်ယူတပ်တွေကတော့ လေးကေကော်အနီး တောင်ကုန်းပေါ်မှာ နေရာယူထားတာရှိတယ်လို့လည်း လေးကေကော်မှာ နေထိုင်သူတွေကဆိုပါတယ်။အခုဆိုရင် လေးကေးကော်မြို့သစ်ထဲမှာစစ်ကောင်စီက တပ်စွဲထားမယ်လို့လည်း သိရကြောင်းပြောပြပါတယ်။

“ပထမက စစ်တပ်က လေးကေကော်မလှမ်းမကမ်းမှာ ဗျုဟာကုန်းလို့ခေါ်တဲ့ ခလရ ၅၆၀ တပ်ရှိတယ်။ အဲဒီမှာလေးကေကော်ပန်းခြံတို့၊ လေးကေကော်မြို့ထဲကို ခပ်လှမ်းလှမ်းကနေ လာမှ ရတာ။ အခုတော့ လေးကေကော်မြို့ထဲကို တပ်စွဲထားမယ်လို့ပြောတယ်။”

လေးကေကော်မြို့သစ်ထဲမှာ ရပ်ကွက် ၆ ခုရှိပြီး အိမ်ခြေ ၈၀၀ လောက်ရှိပါတယ်။ အဲဒီထဲမှာ လွှတ်တော်အမတ်တွေနဲ့ CDM ဝန်ထမ်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ နေထိုင်နေတယ်ဆိုပြီး ပြီးခဲ့တဲ့တပတ်ခန့်ကစပြီး စစ်ကောင်စီတပ်တွေက သူတို့ လိုချင်တဲ့ သူ ၁၁ ဦးကို ထုတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီအကြောင်းနဲ့ပတ်သက်လို့ ကေအန်ယူ တာဝန်ရှိသူတွေကိုတော့ ဆက်သွယ်မေးမြန်းလို့မရခဲ့ပါဘူး။

ဒီရက်ပိုင်းမှာပဲ စစ်ကောင်စီတပ်တွေဟာ လေးကေကော်ထဲကိုဝင်ရောက်ရှာဖွေတာ၊ အနီးနားမှာ တပ်စွဲထားတာတွေကိုလည်းလုပ်လာပါတယ်။ အခုနောက်ဆုံးသတင်းအရ ရပ်ကွက် ၆ ကိုစတင်ဝင်ရောက်ရှာဖွေဖမ်းဆီးပြီး ရပ်ကွက် ၁ ကို ထပ်ပြီးရှာဖွေဖမ်းဆီးတာတွေ လုပ်နေတယ်လို့လည်းပြောပါတယ် ။ လေးကေကော်ထဲမှာ နေထိုင်နေသူတွေကတော့ လက်နက်ကိုင်စစ်တပ်တွေ ဝင်လာတဲ့အတွက် အပြင် မထွက်ရဲကြတော့ဘူးလို့ဆိုပါတယ်။ ကေအန်ယူလက်နက်ကိုင်တပ်တွေလည်းမတွေ့ရတဲ့အတွက် လုံခြုံမှု မရှိသလိုခံစားနေကြရပြီး နောက်ထပ်ဘယ်သူတွေကို ဝင်ရောက်ဖမ်းဆီးမလဲဆိုတာကိုပဲ စိုးရိမ်ပူပန်နေကြတယ်လို့ဆိုပါတယ်။

ကေအန်ယူနဲ့မြန်မာအစိုးရ အပစ်အခပ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူထားချိန် ကရင်ဒုက္ခသည်တွေနေရပ်ပြန်တဲ့အခါမှာ ထားဖို့ လေးကေကော်မြို့သစ်ကို ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းရဲ့အကူအညီနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ လေးကေကော်မြို့သစ်ကို KNU နဲ့ ကရင်ပြည်နယ်အစိုးရတို့က ငြိမ်းချမ်းရေးတည်ဆောက်ဖို့ အထိမ်းအမှတ်အဖြစ် (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးဇော်မင်းတို့က ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ လေးကေကော်မြို့သစ်လုံခြုံရေးကို ကေအန်ယူက တာဝန်ယူထားတာ ၆ နှစ်ကျော်ပြီဖြစ်ပါတယ်။ အခုအခါ မြန်မာစစ်ကောင်စီက အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း အဖမ်းအဆီးတွေကြောင့် တိမ်းရှောင်လာသူတွေဟာ လေးကေကော်အပါအဝင် ကေအန်ယူထိမ်းချုပ်တဲ့ဒေသတွေမှာ ခိုလှုံနေထိုင်နေကြပါတယ်ရှင်။

#MyanmarArrest #MyanmarMilitaryCoup #Karen #VOABurmese

#KNUကေအဲန်ယူ #လေးကေကော် #မြန်မာစစ်တပ် #ဒေါက်တာဝေလင်းအောင် #ဗွီအိုအေ

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG