[[Zawgyi/Unicode]]
ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU တပ္မဟာ (၆) နယ္ေျမမွာရွိတဲ့ ခဲသတၱဳမိုင္းကို ဒီဇင္ဘာ ၁ ရက္ေန႔မွာ ျမန္မာစစ္ေကာင္စီက ေလေၾကာင္းကေန ဗုံးႀကဲတိုက္ခိုက္ခဲ့သလို KNU ပူးေပါင္းတပ္ေတြဘက္ကလည္း ဒီေန႔မွာ ဘုရားသုံးဆူေဒသ စစ္ေကာင္စီအုပ္ခ်ဳပ္ေရးရွိရာ စုေပါင္း႐ုံးကို ဗုံးခြဲတိုက္ခိုက္ခဲ့ပါတယ္။ ကရင္ျပည္နယ္အတြင္းက စစ္ေရးသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။
ကရင္အမ်ိဳးသားအစည္းအ႐ုံး၊ ဒူးပလာယာခ႐ိုင္၊ ဘုရားသုံးဆူၿမိဳ႕နယ္ မကၠသာေက်း႐ြာ အနီးက အမွတ္ (၆) ခဲသတၱဳမိုင္းတြင္းကို စစ္ေကာင္စီက ဒီဇင္ဘာလ ၁ ရက္ေန႔ မနက္အေစာမွာ စတုတၳအႀကိမ္ ေလေၾကာင္းကေနဗုံးႀကဲတိုက္ခိုက္ခဲ့ရာမွာ မိုင္းတြင္းမွာအလုပ္လုပ္ကိုင္ေနတဲ့ အလုပ္သမားေတြ ထိခိုက္ဒဏ္ရာရရွိၿပီး အေဆာက္အဦးမ်ားလည္း ပ်က္စီးသြားတယ္လို႔ ေဒသခံတဦးကေျပာပါတယ္။ ဒါဟာ ႏိုဝင္ဘာလနဲ႔ ဒီဇင္ဘာလဆန္းထိ တလအတြင္း ၄ ႀကိမ္ေျမာက္ ဗုံးႀကဲတိုက္ခိုက္တာ ျဖစ္တယ္လို႔လည္း ေျပာပါတယ္။
အသံ(၁)
“အမွတ္ (၆) မကၠသာမိုင္းေပါ့။ က်ေနာ္တို႔နားေပါ့။ မကၠသာ အမွတ္ (၆) မိုင္းပါ။ အလုပ္သမားေတြထိတာပါ။ စစ္သားေတြမထိပါဘူး။ အလုပ္သမားေတြပဲေနေတာ့ အလုပ္သမားပဲထိတယ္။ အေဆာက္အဦးေတြအကုန္လည္းထိတယ္။ ဒါက စတုတၳအႀကိမ္ေလ။ တတိယအႀကိမ္က အမွတ္ (၂) မိုင္းကြင္းေလ။ အဲဒီမွာက အရပ္သားပဲထိခိုက္တယ္။ ေသတာေတာ့မရွိဘူး။ အေဆာက္အဦးေတြပဲ ထိခိုက္တယ္။ အမွတ္ (၆) က နည္းနည္းေဝးတယ္။ ၂ ရက္ ၃ ရက္အတြင္းမွာပဲ အမွတ္ (၂) နဲ႔အမွတ္ (၆) ကို ထိတယ္။”
ႏိုဝင္ဘာလ ၁၆ ရက္ေန႔ ပထမအႀကိမ္တိုက္ခိုက္ခဲ့တုန္းကေတာ့ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဒါဟာတရားမဝင္ မိုင္းေတြျဖစ္ၿပီး ဒီသတၱဳမိုင္းကို လုံၿခဳံေရးအရ တိုက္ခိုက္ခဲ့တာဆိုၿပီး ေျပာခဲ့ပါတယ္။ အဲဒီတုန္းက အဲဒီမွာအလုပ္လုပ္ကိုင္ေနတဲ့ တ႐ုတ္ႏိုင္ငံသားသုံးဦး ထိမွန္ ေသဆုံးခဲ့ပါတယ္။ အခုလို ၄ ႀကိမ္ေျမာက္ တိုက္ခိုက္ခဲ့အၿပီးမွာေတာ့ ေကအန္ယူနဲ႔ ပူးေပါင္းတပ္ဖြဲ႔ေတြဘက္ကလည္း ဒီေန႔မွာ စစ္တပ္၊ ရဲ နဲ႔ ျပည္သူ႔စစ္ေတြထိုင္တဲ့ စုေပါင္း႐ုံးကိုတိုက္ခိုက္ခဲ့တယ္လို႔လည္းေဒသခံကေျပာပါတယ္။
“ဘုရားသုံးဆူၿမိဳ႕ထဲမွာပဲ စစ္တပ္ရဲ႕စုေပါင္း႐ုံးကိုမိုင္းသြားခြဲတယ္။ စုေပါင္း႐ုံးဆိုတာ ရဲတို႔၊ ျပည္သူ႔စစ္တို႔၊ စစ္တပ္တို႔ထိုင္တဲ့စုေပါင္း႐ုံးကို အဲဒီ႐ုံးကို မိုင္းသြားခြဲတာ။ ထိခိုက္မႈ ပမာဏေတာ့မသိရေသးဘူး။ ဗုံးခြဲထားတာ။”
ဘုရားသုံးဆူေဒသက ေကအန္ယူ ထိန္းခ်ဳပ္ထားတဲ့မိုင္းကြင္းေတြကို စစ္ေကာင္စီက ႏိုဝင္ဘာလ ၁၆ ေနက တႀကိမ္ ေလေၾကာင္းကေန တိုက္ခိုက္ရာမွာ တ႐ုတ္ႏိုင္ငံသားေတြအျပင္ ျမန္မာအလုပ္သမားေတြလည္း ထိခိုက္ေသဆုံးခဲ့ပါတယ္။ ႏိုဝင္ဘာလ ၂၁ ရက္ေန႔မွာလည္း ထပ္မံတိုက္ခိုက္ခဲ့သလို ဒီရက္ပိုင္းမွာလည္း ဆက္တိုက္ တိုက္ခိုက္လာခဲ့တာေၾကာင့္ ေဒသခံေတြ ထိခိုက္ဒဏ္ရာရတာေတြရွိခဲ့ၿပီး အေဆာက္အဦးေတြလည္း ပ်က္စီးခဲ့ပါတယ္။
အခု ေလေၾကာင္းကေန ဗံုးႀကဲတိုက္ခုိက္ခံရတဲ့ေနရာေတြမွာ ခေနာက္စိမ္းနဲ႔ခဲသတၱဳေတြတူးေဖာ္ေနတာျဖစ္ၿပီး ယခင္စစ္အစိုးရလက္ထက္ကတည္းက တ႐ုတ္လုပ္ငန္းရွင္ေတြနဲ႔ ပူးေပါင္းလုပ္ေဆာင္ေနတာပါ။ ဒီေနာက္မွာေတာ့ စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီး ၂၀၁၆ ခုႏွစ္ေနာက္ပိုင္းကစၿပီး သူတို႔နဲ႔ပူးေပါင္းလုပ္ေဆာင္တာမရွိေတာ့ေၾကာင္း စစ္ေကာင္စီဘက္က ေျပာပါတယ္။
စစ္ေကာင္စီရဲ႕စုေပါင္း႐ုံး ဒီကေန႔ တိုက္ခိုက္ခံရတာနဲ႔ပတ္သက္လို႔ကေတာ့ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္တာမရွိေသးပါဘူး။
========================
[[Unicode]]
KNU နယ်မြေသတ္တုတွင်းတွေအပေါ် စစ်တပ်လေကြောင်းနဲ့တိုက်ခိုက်
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၆) နယ်မြေမှာရှိတဲ့ ခဲသတ္တုမိုင်းကို ဒီဇင်ဘာ ၁ ရက်နေ့မှာ မြန်မာစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သလို KNU ပူးပေါင်းတပ်တွေဘက်ကလည်း ဒီနေ့မှာ ဘုရားသုံးဆူဒေသ စစ်ကောင်စီအုပ်ချုပ်ရေးရှိရာ စုပေါင်းရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။ ကရင်ပြည်နယ်အတွင်းက စစ်ရေးသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ဘုရားသုံးဆူမြို့နယ် မက္ကသာကျေးရွာ အနီးက အမှတ် (၆) ခဲသတ္တုမိုင်းတွင်းကို စစ်ကောင်စီက ဒီဇင်ဘာလ ၁ ရက်နေ့ မနက်အစောမှာ စတုတ္ထအကြိမ် လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ မိုင်းတွင်းမှာအလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ ထိခိုက်ဒဏ်ရာရရှိပြီး အဆောက်အဦးများလည်း ပျက်စီးသွားတယ်လို့ ဒေသခံတဦးကပြောပါတယ်။ ဒါဟာ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလဆန်းထိ တလအတွင်း ၄ ကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
အသံ(၁)
“အမှတ် (၆) မက္ကသာမိုင်းပေါ့။ ကျနော်တို့နားပေါ့။ မက္ကသာ အမှတ် (၆) မိုင်းပါ။ အလုပ်သမားတွေထိတာပါ။ စစ်သားတွေမထိပါဘူး။ အလုပ်သမားတွေပဲနေတော့ အလုပ်သမားပဲထိတယ်။ အဆောက်အဦးတွေအကုန်လည်းထိတယ်။ ဒါက စတုတ္ထအကြိမ်လေ။ တတိယအကြိမ်က အမှတ် (၂) မိုင်းကွင်းလေ။ အဲဒီမှာက အရပ်သားပဲထိခိုက်တယ်။ သေတာတော့မရှိဘူး။ အဆောက်အဦးတွေပဲ ထိခိုက်တယ်။ အမှတ် (၆) က နည်းနည်းဝေးတယ်။ ၂ ရက် ၃ ရက်အတွင်းမှာပဲ အမှတ် (၂) နဲ့အမှတ် (၆) ကို ထိတယ်။”
နိုဝင်ဘာလ ၁၆ ရက်နေ့ ပထမအကြိမ်တိုက်ခိုက်ခဲ့တုန်းကတော့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒါဟာတရားမဝင် မိုင်းတွေဖြစ်ပြီး ဒီသတ္တုမိုင်းကို လုံခြုံရေးအရ တိုက်ခိုက်ခဲ့တာဆိုပြီး ပြောခဲ့ပါတယ်။ အဲဒီတုန်းက အဲဒီမှာအလုပ်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားသုံးဦး ထိမှန် သေဆုံးခဲ့ပါတယ်။ အခုလို ၄ ကြိမ်မြောက် တိုက်ခိုက်ခဲ့အပြီးမှာတော့ ကေအန်ယူနဲ့ ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ဒီနေ့မှာ စစ်တပ်၊ ရဲ နဲ့ ပြည်သူ့စစ်တွေထိုင်တဲ့ စုပေါင်းရုံးကိုတိုက်ခိုက်ခဲ့တယ်လို့လည်းဒေသခံကပြောပါတယ်။
“ဘုရားသုံးဆူမြို့ထဲမှာပဲ စစ်တပ်ရဲ့စုပေါင်းရုံးကိုမိုင်းသွားခွဲတယ်။ စုပေါင်းရုံးဆိုတာ ရဲတို့၊ ပြည်သူ့စစ်တို့၊ စစ်တပ်တို့ထိုင်တဲ့စုပေါင်းရုံးကို အဲဒီရုံးကို မိုင်းသွားခွဲတာ။ ထိခိုက်မှု ပမာဏတော့မသိရသေးဘူး။ ဗုံးခွဲထားတာ။”
ဘုရားသုံးဆူဒေသက ကေအန်ယူ ထိန်းချုပ်ထားတဲ့မိုင်းကွင်းတွေကို စစ်ကောင်စီက နိုဝင်ဘာလ ၁၆ နေက တကြိမ် လေကြောင်းကနေ တိုက်ခိုက်ရာမှာ တရုတ်နိုင်ငံသားတွေအပြင် မြန်မာအလုပ်သမားတွေလည်း ထိခိုက်သေဆုံးခဲ့ပါတယ်။ နိုဝင်ဘာလ ၂၁ ရက်နေ့မှာလည်း ထပ်မံတိုက်ခိုက်ခဲ့သလို ဒီရက်ပိုင်းမှာလည်း ဆက်တိုက် တိုက်ခိုက်လာခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့ပြီး အဆောက်အဦးတွေလည်း ပျက်စီးခဲ့ပါတယ်။
အခု လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတဲ့နေရာတွေမှာ ခနောက်စိမ်းနဲ့ခဲသတ္တုတွေတူးဖော်နေတာဖြစ်ပြီး ယခင်စစ်အစိုးရလက်ထက်ကတည်းက တရုတ်လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတာပါ။ ဒီနောက်မှာတော့ စာချုပ်သက်တမ်းကုန်ဆုံးပြီး ၂၀၁၆ ခုနှစ်နောက်ပိုင်းကစပြီး သူတို့နဲ့ပူးပေါင်းလုပ်ဆောင်တာမရှိတော့ကြောင်း စစ်ကောင်စီဘက်က ပြောပါတယ်။
စစ်ကောင်စီရဲ့စုပေါင်းရုံး ဒီကနေ့ တိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ကတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။