ကရင်အမျိုးသား အစည်းအရုံး KNU ခေါင်းဆောင်တွေဟာ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ ဒီကနေ့ တွေ့ဆုံပါတယ်။ အပစ်အခတ် ရပ်စဲရေးက တဆင့် ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းသွားမယ်လို့ နှစ်ဘက်စလုံးက ကတိပြုခဲ့ကြတဲ့အကြောင်း သိရပါတယ်။ တချိန်တည်းမှာပဲ ကရင်အမျိုးသား အားလုံး ပါဝင်တဲ့ ညီလာခံတရပ်ကို ရန်ကုန်မှာ ခေါ်ယူကျင်းပနိုင်ဖို့ KNU ဘက်က စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။ ဒီအကြောင်းကိုတော့ KNU ကိုယ်စားလှယ် အဖွဲ့ရဲ့ ခရီးစဉ်မှာ လိုက်ပါ သတင်းယူနေတဲ့ ရန်ကုန်အခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုသူရစိုးက တင်ပြထားပါတယ်။
ဒီနေ့မနက်မှာ ကာကွယ်ရေး ဦးစီးချုပ်နဲ့ KNU ခေါင်းဆောင်တွေဟာ နေပြည်တော် စစ်ရုံးချုပ်မှာရှိတဲ့ ရိပ်သာမှာ သူတို့ တွေ့ကြတယ်ခင်ဗျ။ တွေ့တဲ့အခါမှာ KNU ဥက္ကဋ္ဌ မူတူးဆေးဖိုး ပြောတာက သူတို့ နောက် မကြာမကြာ တွေ့မယ်။ အပစ်အခတ် ရပ်စဲရေးကနေ စလို့ ထာဝရ ငြိမ်းချမ်းရေး ရသွားအောင် လုပ်သွားပါ့မယ်လို့ ကာကွယ်ရေး ဦးစီးချုပ်က ပြောတယ် ဆိုပြီးတော့ မူတူးဆေးဖိုးက ပြန် ပြောပြပါတယ်။
“ကျနော်တို့ တည်ဆောက်သွားမယ့် ပြည်တွင်း ငြိမ်းချမ်းရေးကို အပစ်အခတ် ရပ်စဲရေးကနေ ကျနော်တို့ စပြီး ဆောင်ရွက်သွားပါမယ်။”
ကရင် အမျိုးသား အစည်းအရုံး KNU က ပြောရေးဆိုခွင့်ရှိသူ ဦးမန်းငြိမ်းမောင် ကတော့ ကာကွယ်ရေး ဦးစီးချုပ်နဲ့ သူတို့ တွေ့တဲ့အခါမှာ အပစ်အခတ် ရပ်စဲရေး ခိုင်မာဖို့ ဆက်လက် ဆွေးနွေးဖို့ကိစ္စတွေကို သူတို့ ပြောတယ်။ နောက်ပြီး သူတို့ ဒီ တွေ့ဆုံမှုကနေ နှစ်ဘက် ယုံကြည်မှု တည်ဆောက်နိုင်မယ်လို့ အခုလို ပြောပြပါတယ်။
“တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ အဆင့်မြင့် တပ်မှူးကြီးတွေကို ကျနော်တို့ တွေ့ခဲ့တယ်။ ကျနော်တို့ တွေ့တော့ ကာကွယ်ရေး ဦးစီးချုပ်က ပြောတယ်၊ ကျနော်တို့ ဒီ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ရာခိုင်နှုန်း ၇၀ လောက် အောင်မြင်နေပါပြီတဲ့။ အဲဒီတော့ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကို ကျနော်တို့ကတော့ ကျနော်တို့ ငြိမ်းချမ်းရေး ခရီးစဉ်မှာ အခက်အခဲ ဒီလောက် မကြီးမားတော့ပါဘူးလို့ ယုံယုံကြည်ကြည် တက်တက်ကြွကြွနဲ့ ပြောကြားခဲ့တယ်။ နောက်တခုကတော့ ကျနော်တို့ရဲ့ တိုင်းရင်းသားတွေရဲ့ ဖွံ့ဖြိုးရေးအတွက် သူ လုပ်ဆောင်ချင်တယ်၊ သူ ခံစားချက်အပြည့်နဲ့ ပြောကြား ခဲ့ပါတယ်။ ကျနော်တို့ ဒီ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဗမာ့တပ်မတော်က အဆင့်မြင့် တပ်မှူးကြီးများ၊ ခေါင်းဆောင်ကြီးများကို တွေ့တဲ့အခါကျတော့ တဦးနဲ့တဦး ယုံကြည်မှု ပိုရတယ်လို့ ကျနော်တို့ဘက်က အဲဒီလို ရှုမြင်ပါတယ်။”
ရန်ကုန်ရောက်တုန်း ရန်ကုန်မှာရှိတဲ့ ကရင်အဖွဲ့အစည်းတွေနဲ့ သူတို့ တွေ့တယ်။ ၁ နာရီလောက် သူတို့ တွေ့ဆုံခဲ့တဲ့ဟာတွေ၊ နောက် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံခဲ့တဲ့ဟာတွေကို ရန်ကုန်မှာရှိတဲ့ ကရင် အဖွဲ့အစည်းတွေကို သူတို့ ပြန်ရှင်းပြတယ်ပေါ့နော်။ သမ္မတကြီးက ရန်ကုန်မြို့မှာ ကရင်တိုင်းရင်းသားတွေ အားလုံး ပါဝင်တဲ့ အစည်းအဝေးတခု လုပ်ဖို့ကို အစိုးရ အနေနဲ့ ပံ့ပိုးပေးမယ်၊ သဘောလည်း တူတယ် ဆိုပြီးတော့ အဲဒီအကြောင်းတွေကို ပြန်ပြီးတော့ ကရင်အဖွဲ့အစည်းတွေကို ရှင်းပြတာခင်ဗျ။
ကရင်အမျိုးသမီးများအဖွဲ့က ဒေါ် နော်ဆူဇန်နာလှလှစိုး ကတော့ ဒီ ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကရင် ခေါင်းဆောင်တွေ တွေ့ဆုံမှုကနေ ရှေ့ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် ပိုပြီးတော့ ကောင်းလာမယ်လို့ ထင်တယ်လို့ အခုလို ပြောပါတယ်။
“အခုက initial cease fire ပေါ့နော်။ ပဏာမ ဆိုတော့ ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေးကို ဆက်သွားမယ်။ ပြီးတော့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုတွေ မြန်မြန် ဆက်သွားနိုင်မယ် လို့တော့ ကျမတို့ မျှော်လင့်နေပါတယ်။”
KNU အနေနဲ့ သမ္မတကြီးကိုရော၊ ကာကွယ်ရေး ဦးစီးချုပ်ကိုရော ပြောတာက ကချင်ကိစ္စနဲ့ ပတ်သက်လို့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတာက ငြိမ်းချမ်းရေးကို အနှောက်အယှက် ဖြစ်စေတယ်။ အဲဒါတွေကို ရပ်တန့်ပေးဖို့၊ သူတို့အနေနဲ့ ကြားဝင် ကူညီ ဆောင်ရွက်ပေးလို့ ရမယ်ဆိုရင်လည်း ကူညီ ဆောင်ရွက်ပေးပါ့မယ်လို့ သမ္မတကိုရော၊ ကာကွယ်ရေး ဦးစီးချုပ်ကိုရော သူတို့ ပြောတယ်လို့ ပြောပါတယ်။
“ကျနော်တို့ သမ္မတကြီးနဲ့ တွေ့တဲ့အခါမှာရော၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နဲ့ တွေ့တဲ့အခါမှာရော ကျနော်တို့ ဒီနေ့ မြောက်ပိုင်းမှာ ကချင် အမျိုးသားတွေနဲ့ ဖြစ်တဲ့ကိစ္စမှာ စစ်အရှိန်မြင့်တဲ့ ကိစ္စဟာ ကျနော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ထိခိုက်မှု တစုံတရာ ရှိတယ်။ ရိုက်ခတ်မှုတွေ ရှိတယ်။ နောက်ပြီးတော့ နိုင်ငံတော်ရဲ့ ပြုပြင် ပြောင်းလဲမှု လုပ်တဲ့အခါမှာရော ဒါဟာ သံသယနဲ့ စောင့်ကြည့်နေတဲ့ သူတွေအတွက် သံသယ ပိုမို ကြီးထွားစေတယ်။ ဒါကြောင့်မိုလို့ KIO နဲ့ ဖြစ်နေတဲ့ ပဋိပက္ခမှာ စစ်အရှိန်မြင့်နေမှုကို ကျနော်တို့ နိုင်ငံတော် လုံခြုံရေးကို မထိပါးတဲ့ ကိစ္စတွေ ဆိုရင် စစ်အရှိန်ကို လျှော့ဖို့အတွက် ကျနော်တို့ မေတ္တာရပ်ခံ တိုက်တွန်းခဲ့ပါတယ်။”
ကာကွယ်ရေး ဦးစီးချုပ်ကတော့ သူက ဒီဟာတွေဟာ အချုပ်အချာ အာဏာကို မထိပါးဘူး ဆိုရင်တော့ သူတို့အနေနဲ့ ခွင့်လွှတ်လို့ ရတယ်ပေါ့။ အချုပ်အချာ အာဏာကို ထိပါးလာတဲ့ အခါကျတော့ သူတို့အနေနဲ့ မလွှဲသာ မရှောင်သာနဲ့ လုပ်ရတယ် ဆိုတဲ့အကြောင်းကို ပြန်ပြီး ပြောပြ ပါတယ်။
အခု KNU က လာတဲ့ အဖွဲ့ထဲက နှစ်ယောက်လောက်က သူတို့ ကျန်ခဲ့ပြီးတော့ ကရင် နှစ်သစ်ကူး ပွဲတော်ကို တက်ဖို့ အစီအစဉ် ရှိပါတယ်။ တခြား ရန်ကုန်မှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့လည်း သူတို့ ထပ်ပြီးတော့ အစည်းအဝေး ကိစ္စကို အသေးစိတ် ဆွေးနွေးဖို့ အစီအစဉ်တွေ ရှိတယ်လို့ ဆိုပါတယ်။