သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

၂ဝ၂၁ ခုႏွစ္အတြင္း ေထာင္ခ်ီတဲ့ တိုက္ပဲြေတြေၾကာင့္ စစ္ေရွာင္ ၅ ေသာင္းခန္႔ တိမ္းေရွာင္ရ (KNU)


{{Zawgyi/Unicode}}

အာဏာသိမ္း စစ္ေကာင္စီနဲ့ ကရင္အမ်ိဳးသားအစည္းအ႐ုံး-KNU အၾကားမွာ ၂၀၂၁ခုႏွစ္အတြင္း ေကအန္ယူတပ္မဟာ ၇ခုအနက္ ၆ခုမွာ ႏွစ္ဖက္ထိေတြ႕ တိုက္ပြဲေပါင္း၃၀၀၀ေက်ာ္ျဖစ္ခဲ့ျပီး လက္ရွိမွာ စစ္ေရွာင္ဒုကၡသည္ ၅ေသာင္းေလာက္ ထြက္ေျပးေနရတယ္လို့ ေကအန္ယူကႏွစ္ခ်ဳပ္အစီရင္ခံစာကိုဇန္န၀ါရီလ ၇ ရက္ေန့မွာထုတ္ျပန္ပါတယ္။လက္ရွိမွာေတာ့ကရင္ျပည္နယ္ျမ၀တီခရိုင္ေလးေက့ေကာ္တ၀ိုက္ကို စစ္ေကာင္စီဘက္က လက္နက္ႀကီးေတြနဲ့ပစ္ခတ္မူေတြရွိေနတဲ့အတြက္ တိုက္ပဲြေတြကေတာ့ဆက္ျဖစ္ေနအုန္းမွာျဖစ္တယ္္လို့ ေကအန္ယူ ဘက္ကဆုိပါတယ္။ ဒီသတင္းကို ဗီြအိုေအသတင္းေထာက္မေအးေအးမာကေျပာျပေပးပါမယ္။

စစ္ေကာင္စီက အာဏာသိမ္းျပိီးကတည္းက ကရင္အမ်ိဳးအစည္းအရံုးတပ္မဟာ ၇ခုရွိတဲ့အထဲမွာ တပ္မဟာ(၆)ခုမွာ တုိက္ပဲြေပါင္း ၃၀၀၀ေက်ာ္ျဖစ္ခဲ့ျပီး စစ္ေဘးေရွာင္ဒုကၡသည္ေတြ ေသာင္းနဲ့ခ်ီျပီး ထြက္ေျပးေနရတယ္လို့ ကရင္အမ်ိဳးသားအစည္းအရံုးက KNU က ဇန္န၀ါရီလ ရ ရက္ေန့မွာ ႏွစ္ခ်ဳပ္အစီရင္ခံစာထုတ္ျပန္ခဲ့ပါတယ္ ျပီးခဲ့တဲ့ ဒီဇင္ဘာလ၁၅ရက္ေန့ကေနစတင္ခဲ့တဲ့ကရင္ျပည္နယ္ျမ၀တီခရိုင္ ေလးေက့ေကာ္နဲ့ အနီးတ၀ိုက္က တိုက္ပဲြေတြကလည္း ဆက္ရွိေနျပီး ဒီကေန့မွာပဲ စစ္ေကာင္စီဘက္က လက္နက္ႀကီးေတြနဲ့ပစ္ခတ္မူေတြရွိေနေႀကာင္း ကရင္အမ်ိဳးသားအစည္းအရံုးရဲ ့ႏိုင္ငံျခားေရးဌာနေျပာေရးဆိုခြင့္ရွိသူ ဖဒိုေစာေတာနီး ကအခုလိုေျပာပါတယ္။

" ေနတုိင္းလိုတိုက္ပဲြကျဖစ္ေနတာပဲ။ လက္နက္ႀကီးနဲ့ကလည္းပစ္ေနတာပဲ။ ေနာက္ျပိီးေတာ့တုိက္ပဲြကျငိမ္သြားဖို့ေတာ့ အလားအလာသိတ္မရိွဘူး။ တပ္ေတြကလည္းတိုးေနတာပဲ။ က်ေနာ္တုိ့ေျပာတဲ့တပ္ေတြ ျပန္ရုပ္သိမ္းပါဆုိတာသူတို့လံုး၀ ဂရုမစုိက္ဘူး။ သူတို့ တပ္ေတြကနည္းနည္းျပန္ခြါတာေတာ့ရွိတယ္။ ေျပာစရာဆိုရင္ေတာ့ သံုးေပတကို္က္ေလာက္ခြါတာပဲရွိတယ္။ တကယ္တမ္းက စစ္တပ္ကို ရုပ္သိမ္းတာမရိွေတာ့တိုက္ပဲြေတြကေတာ့ဆက္ျဖစ္ေနမွာပဲ"

တႏွစ္အတြင္းမွာ ႏွစ္ဖက္ထိေတြ႕ တိုက္ပြဲ ေပါင္း ၃၀၀၀ေက်ာ္မွာ စစ္ေကာင္စီဘက္က တပ္ဖဲြ၀င္၂၀၀၀ေက်ာ္ေသဆံုးျပီး ေကအန္ယူဘက္ကလည္း ၄၂ဦး ေသဆံုးခဲ့တယ္လို့အေသးစိတ္ထုတ္ျပန္ခဲ့ပါတယ္ ။ ေကအန္ယူေျပာခြင့္ရ ဖဒိုေစာေတာနီး ကေတာ့ ဒါဟာ တပ္မဟာအသီးသီးကေပးပုိ့တဲ့ ေႀကးနန္းေတြအရ အတည္ျပဳထုတ္ျပန္တာျဖစ္တယ္လို့ဆုိပါတယ္။

"အဲဒါကေတာ့ က်ေနာ္တို့အတည္ျပဳလို့ရတယ္ေလ။ က်ေနာ္တို့ ေျမျပင္သတင္းက တပ္မဟာ ေတြခရိုင္ေတြကေန တက္လာတဲ့ ေႀကးနန္းသတင္းေတြကို အတည္ျပဳေဖာ္ျပတာျဖစ္တယ္ အဲဒါေႀကာင့္ တရား၀င္ျဖစ္တယ္"

စစ္ေကာင္စီဘက္ကေတာ့ ကရင္ျပည္နယ္အတြင္းတိုက္ပဲြေတြနဲ့ပတ္သက္လို့ တႏိုင္ငံလံုးပစ္ခတ္တိုက္ခတ္မူ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCAကုိခ်ိဳးေဖာက္ဖို့တိုက္ပဲြျဖစ္တာလို့ေျပာဆုိခဲ့ျပီး ႀကီးမာတဲ့တိုက္ပဲြမျဖစ္ခဲ့ဘူးလို့လည္း ေျပာဆုိေလ့ရွိပါတယ္။ ျပီးခဲ့တဲ့ႏွစ္ မတ္လနဲ့ ဒီဇင္ဘာလထဲမွာ တပ္မဟာ(၅)နဲ့တပ္မဟာ(၆)နယ္ေျမေတြမွာျဖစ္ခဲ့တဲ့ ႏွစ္ဖက္တုိက္ပဲြေတြအတြင္း စစ္ေကာင္စီဘက္က ေလယာဥ္နဲ့ဗံုးႀကဲတို္က္ခိုက္မူေတြလုပ္ခဲ့တဲ့အတြက္ စစ္ေဘးေရွာင္ေတြ ေသာင္းနဲ့ခ်ီျပီးထြက္ေျပးခဲ့ရပါတယ္ ။

ျပီးခဲ့တဲ့ႏွစ္အတြင္းမွာ ေကအန္ယူ တပ္မဟာ(၅) မူေႀတာ္ခရိုင္( ဖာပြန္ခရိုင္)မွာ ႏွစ္ဖက္တိုက္ပဲြေတြအမ်ားဆံုးျဖစ္ခဲ့ျပီး လက္ရိွမွာ မူေႀတာ္(ဖာပြန္)ခရိုင္နဲ့ ျမ၀တီခရိုင္ ေလးေက့ေကာ္ဘက္က တိုက္ပဲြေတြေႀကာင့္ စုစုေပါင္းစစ္ေဘးေရွာင္ဒုကၡသည္ ၅ေသာင္းေလာက္ဟာေနရပ္ကိုမျပန္ႏိုင္ႀကေသးဘူးလို့ ဖဒိုေစာေတာနီးကဆုိပါတယ္ ။

" ျပီးခဲ့တဲ့ေႏြပိုင္းမွာဆုိ မူေႀတာ္ခရုိင္(ဖာပြန္)ဘက္မွာ ေလႀကာင္းတိုက္ခိုက္မူ့ေတြျဖစ္လာေတာ့ပိုျပီးျဖစ္လာေတာ့ စစ္ေရွာင္ဦးေရ ၅ေသာင္းကေန ရ ေသာင္းေလာက္ထိ ရွိတယ္ ။ ဒါေပမယ့္အခုေနာက္ထပ္ျပန္ျဖစ္လာတာက ဒီဘက္ေတာင္ပို္င္းဘက္ တပ္မဟာ (၆) ေလးေက့ေကာ္ ဘက္မွာထပ္ျဖစ္လာေတာ့ စုစုေပါင္းစစ္ေရွာင္ ၅ေသာင္းေလာက္ရွိတယ္။ ေျပးကိုမလြတ္ေတ့ာဘူး "

ျမန္မာအစိုးရနဲ့ ေကအန္ယူတို ့ဟာ၂၀၁၂ ခုႏွစ္မွာ အပစ္ခတ္ရပ္စဲေရး လက္မွတ္ေရးထုိးခဲ့တာ ျဖစ္ၿပီး၊ ၂၀၁၅ ခုႏွစ္မွာေတာ့ တႏိုင္ငံလံုးပစ္ခတ္တိုက္ခတ္မူ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA ကို KNU က လက္မွတ္ေရးထုိးခဲ့ပါတယ္။ ဒါေပမဲ့ ေကအန္ယူတပ္မဟာ ၅နယ္ေျမမွာေတာ့ ျမန္မာစစ္တပ္နဲ့ ေကအန္ယူတို့ဟာ NCA ထိုးခဲ့ျပီးေနာက္ပုိင္းမွာ ထိေတြ ပစ္ခတ္မူေတြ မႀကာခနဆိုသလို ျဖစ္ပြားခဲ့ပါတယ္။ စစ္ေကာင္စီက အာဏာသိမ္းလိုက္တဲ့ ေဖေဖၚ၀ါရီ၁ ရက္ေန့ေနာက္ပိုင္းမွာေတာ့ ေကအန္ယူတပ္မဟာ ရခုရွိတဲ့အနက္ တပ္မဟာ ၆ခုမွာတိုက္ပဲြေတြျဖစ္ခဲ့တယ္္လို ေကအန္ယူက ႏွစ္ခ်ဳပ္အစီရင္ခံစာထုတ္ျပန္ခဲ့ပါတယ္။

..............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

အာဏာသိမ်း စစ်ကောင်စီနဲ့ ကရင်အမျိုးသားအစည်းအရုံး-KNU အကြားမှာ ၂၀၂၁ခုနှစ်အတွင်း ကေအန်ယူတပ်မဟာ ၇ခုအနက် ၆ခုမှာ နှစ်ဖက်ထိတွေ့ တိုက်ပွဲပေါင်း၃၀၀၀ကျော်ဖြစ်ခဲ့ပြီး လက်ရှိမှာ စစ်ရှောင်ဒုက္ခသည် ၅သောင်းလောက် ထွက်ပြေးနေရတယ်လို့ ကေအန်ယူကနှစ်ချုပ်အစီရင်ခံစာကိုဇန်နဝါရီလ ၇ ရက်နေ့မှာထုတ်ပြန်ပါတယ်။လက်ရှိမှာတော့ကရင်ပြည်နယ်မြဝတီခရိုင်လေးကေ့ကော်တဝိုက်ကို စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်မူတွေရှိနေတဲ့အတွက် တိုက်ပွဲတွေကတော့ဆက်ဖြစ်နေအုန်းမှာဖြစ်တယ်လို့ ကေအန်ယူ ဘက်ကဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာကပြောပြပေးပါမယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးကတည်းက ကရင်အမျိုးအစည်းအရုံးတပ်မဟာ ၇ခုရှိတဲ့အထဲမှာ တပ်မဟာ(၆)ခုမှာ တိုက်ပွဲပေါင်း ၃၀၀၀ကျော်ဖြစ်ခဲ့ပြီး စစ်ဘေးရှောင်ဒုက္ခသည်တွေ သောင်းနဲ့ချီပြီး ထွက်ပြေးနေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံးက KNU က ဇန်နဝါရီလ ရ ရက်နေ့မှာ နှစ်ချုပ်အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ် ပြီးခဲ့တဲ့ ဒီဇင်ဘာလ၁၅ရက်နေ့ကနေစတင်ခဲ့တဲ့ကရင်ပြည်နယ်မြဝတီခရိုင် လေးကေ့ကော်နဲ့ အနီးတဝိုက်က တိုက်ပွဲတွေကလည်း ဆက်ရှိနေပြီး ဒီကနေ့မှာပဲ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်မူတွေရှိနေကြောင်း ကရင်အမျိုးသားအစည်းအရုံးရဲ့နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီး ကအခုလိုပြောပါတယ်။

" နေတိုင်းလိုတိုက်ပွဲကဖြစ်နေတာပဲ။ လက်နက်ကြီးနဲ့ကလည်းပစ်နေတာပဲ။ နောက်ပြီးတော့တိုက်ပွဲကငြိမ်သွားဖို့တော့ အလားအလာသိတ်မရှိဘူး။ တပ်တွေကလည်းတိုးနေတာပဲ။ ကျနော်တို့ပြောတဲ့တပ်တွေ ပြန်ရုပ်သိမ်းပါဆိုတာသူတို့လုံး၀ ဂရုမစိုက်ဘူး။ သူတို့ တပ်တွေကနည်းနည်းပြန်ခွါတာတော့ရှိတယ်။ ပြောစရာဆိုရင်တော့ သုံးပေတကိုက်လောက်ခွါတာပဲရှိတယ်။ တကယ်တမ်းက စစ်တပ်ကို ရုပ်သိမ်းတာမရှိတော့တိုက်ပွဲတွေကတော့ဆက်ဖြစ်နေမှာပဲ"

တနှစ်အတွင်းမှာ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ပေါင်း ၃၀၀၀ကျော်မှာ စစ်ကောင်စီဘက်က တပ်ဖွဲဝင်၂၀၀၀ကျော်သေဆုံးပြီး ကေအန်ယူဘက်ကလည်း ၄၂ဦး သေဆုံးခဲ့တယ်လို့အသေးစိတ်ထုတ်ပြန်ခဲ့ပါတယ် ။ ကေအန်ယူပြောခွင့်ရ ဖဒိုစောတောနီး ကတော့ ဒါဟာ တပ်မဟာအသီးသီးကပေးပို့တဲ့ ကြေးနန်းတွေအရ အတည်ပြုထုတ်ပြန်တာဖြစ်တယ်လို့ဆိုပါတယ်။

"အဲဒါကတော့ ကျနော်တို့အတည်ပြုလို့ရတယ်လေ။ ကျနော်တို့ မြေပြင်သတင်းက တပ်မဟာ တွေခရိုင်တွေကနေ တက်လာတဲ့ ကြေးနန်းသတင်းတွေကို အတည်ပြုဖော်ပြတာဖြစ်တယ် အဲဒါကြောင့် တရားဝင်ဖြစ်တယ်"

စစ်ကောင်စီဘက်ကတော့ ကရင်ပြည်နယ်အတွင်းတိုက်ပွဲတွေနဲ့ပတ်သက်လို့ တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မူ ရပ်စဲရေး သဘောတူစာချုပ် NCAကိုချိုးဖောက်ဖို့တိုက်ပွဲဖြစ်တာလို့ပြောဆိုခဲ့ပြီး ကြီးမာတဲ့တိုက်ပွဲမဖြစ်ခဲ့ဘူးလို့လည်း ပြောဆိုလေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် မတ်လနဲ့ ဒီဇင်ဘာလထဲမှာ တပ်မဟာ(၅)နဲ့တပ်မဟာ(၆)နယ်မြေတွေမှာဖြစ်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မူတွေလုပ်ခဲ့တဲ့အတွက် စစ်ဘေးရှောင်တွေ သောင်းနဲ့ချီပြီးထွက်ပြေးခဲ့ရပါတယ် ။

ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကေအန်ယူ တပ်မဟာ(၅) မူတြော်ခရိုင်( ဖာပွန်ခရိုင်)မှာ နှစ်ဖက်တိုက်ပွဲတွေအများဆုံးဖြစ်ခဲ့ပြီး လက်ရှိမှာ မူတြော်(ဖာပွန်)ခရိုင်နဲ့ မြဝတီခရိုင် လေးကေ့ကော်ဘက်က တိုက်ပွဲတွေကြောင့် စုစုပေါင်းစစ်ဘေးရှောင်ဒုက္ခသည် ၅သောင်းလောက်ဟာနေရပ်ကိုမပြန်နိုင်ကြသေးဘူးလို့ ဖဒိုစောတောနီးကဆိုပါတယ် ။

" ပြီးခဲ့တဲ့နွေပိုင်းမှာဆို မူတြော်ခရိုင်(ဖာပွန်)ဘက်မှာ လေကြာင်းတိုက်ခိုက်မူ့တွေဖြစ်လာတော့ပိုပြီးဖြစ်လာတော့ စစ်ရှောင်ဦးရေ ၅သောင်းကနေ ရ သောင်းလောက်ထိ ရှိတယ် ။ ဒါပေမယ့်အခုနောက်ထပ်ပြန်ဖြစ်လာတာက ဒီဘက်တောင်ပိုင်းဘက် တပ်မဟာ (၆) လေးကေ့ကော် ဘက်မှာထပ်ဖြစ်လာတော့ စုစုပေါင်းစစ်ရှောင် ၅သောင်းလောက်ရှိတယ်။ ပြေးကိုမလွတ်တေ့ာဘူး "

မြန်မာအစိုးရနဲ့ ကေအန်ယူတို့ဟာ၂၀၁၂ ခုနှစ်မှာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပြီး၊ ၂၀၁၅ ခုနှစ်မှာတော့ တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မူ ရပ်စဲရေး သဘောတူစာချုပ် NCA ကို KNU က လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါပေမဲ့ ကေအန်ယူတပ်မဟာ ၅နယ်မြေမှာတော့ မြန်မာစစ်တပ်နဲ့ ကေအန်ယူတို့ဟာ NCA ထိုးခဲ့ပြီးနောက်ပိုင်းမှာ ထိတွေ ပစ်ခတ်မူတွေ မကြာခနဆိုသလို ဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီက အာဏာသိမ်းလိုက်တဲ့ ဖေဖေါ်ဝါရီ၁ ရက်နေ့နောက်ပိုင်းမှာတော့ ကေအန်ယူတပ်မဟာ ရခုရှိတဲ့အနက် တပ်မဟာ ၆ခုမှာတိုက်ပွဲတွေဖြစ်ခဲ့တယ်လို ကေအန်ယူက နှစ်ချုပ်အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG