သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

KNU တပ္မဟာ ၅ ထိန္းခ်ဳပ္နယ္ေျမ စစ္ေကာင္စီ ေလေၾကာင္းတိုက္ခိုက္ 


ဇန္နဝါရီလ ၁၃ ရက္ေန့က KNU တပ္မဟာ (၅) နယ္ျေမထဲကို စစ္ေကာင္စီက ေလေၾကာင္းကေန ဗံုးႀကဲတိုက္ခိုက္ခဲ့ပံု။ (Photo- KNU)

[[Zawgyi/Unicode]]

KNU ကရင္အမ်ိဳးသားအစည္းအ႐ုံး၊ တပ္မဟာ ၅ ထိန္းခ်ဳပ္ရာ ဖာပြန္ခ႐ိုင္ (မူေၾတာ္) ခ႐ိုင္ ထဲက ေ႐ႊေညာင္ပင္ေက်း႐ြာေပၚကို စစ္ေကာင္စီတပ္ေတြက ေလေၾကာင္းကေန ဗုံးႀကဲတိုက္ ခိုက္တာေၾကာင့္ ႐ြာသား ၁ ေယာက္ေသဆုံးၿပီး ၃ ေယာက္ ဒဏ္ရာရခဲ့ပါတယ္။ ဖာပြန္ခ႐ိုင္ ဘက္ကို စစ္တပ္က ေလေၾကာင္းကေန တိုက္ခိုက္ေနတာ ႏွစ္ရက္ဆက္တိုက္ရွိေနၿပီျဖစ္တဲ့ အေၾကာင္း ထိုင္းအေျခစိုက္ ဗီြအိုေအသတင္းေထာက္ မေအးေအးမာက တင္ျပေပးထားပါတယ္။

KNU ရဲ႕ တပ္မဟာ ၅ ထိန္းခ်ဳပ္ရာ ဖာပြန္ခ႐ိုင္ (မူေၾတာ္) ဒြယ္လိုးၿမိဳ႕နယ္ ေဝၚမူေက်း႐ြာအုပ္စုထဲက ေ႐ႊေညာင္ပင္ေက်း႐ြာေပၚကို ဒီေန႔ ဇန္နဝါရီလ ၁၃ ရက္ မနက္အေစာ ၁ နာရီေက်ာ္မွာ စစ္ေကာင္စီတပ္က ေလေၾကာင္းကေန တိုက္ခိုက္ခဲ့ပါတယ္။ တပ္မဟာ ၃ နဲ႔ ကပ္ေနတဲ့ေနရာေပၚ တိုက္ခိုက္မႈအတြင္း ေဒသခံ ၁ ဦး ေသဆုံးကာ ၃ ဦးဒဏ္ရာ ရရွိခဲ့တယ္လို႔ KNU ႏိုင္ငံျခားေရးဌာန ေျပာေရးဆိုခြင့္ရွိသူ ဖဒိုေစာေတာနီးကေျပာပါတယ္။ စစ္တပ္ဘက္ က တိုက္ေလယာဥ္ေတြနဲ႔ တိုက္ခိုက္ေနတာ ႏွစ္ရက္ရွိၿပီလို႔ လည္း သူကေျပာပါတယ္။

“သတင္းအရကေတာ့ ႏွစ္ရက္ဆက္တိုက္လို႔ ေျပာလို႔ ရတယ္။ ဒီမနက္ ဒြယ္လိုးၿမိဳနယ္ ေ႐ႊေညာင္ပင္ဆိုတဲ့ေနရာ တပ္မဟာ ၃ နယ္စပ္ အစပ္မွာျဖစ္တယ္။ တပ္မဟာ ၅ ထဲမွာပဲ တပ္မဟာ ၃ နဲ႔ေတာ့ အေတာ္ကပ္ေနၿပီ။ ႐ြာသားတဦးေသတယ္၊ ၃ ဦး ဒဏ္ရာရတယ္။အေတာ္မ်ားမ်ားေျပာတာေတာ့ ဖိုက္တာေလယာဥ္လို႔ ေျပာတယ္။”

စစ္ေကာင္စီဘက္က ဗုံးႀကဲတိုက္ခိုက္ခဲ့တဲ့ေနရာဟာ အရပ္သား ျပည္သူေတြေနထိုင္တဲ့ ေက်း႐ြာေတြ ရွိတဲ့ေနရာျဖစ္တာမို႔ စစ္ေကာင္စီဘက္က အရပ္သားျပည္သူေတြကို ပစ္မွတ္ ထား တိုက္ခိုက္ေနတာလို႔ KNU ကေျပာပါတယ္။ စစ္ေလယာဥ္ ၂ စင္းနဲ႔ ဗုံး ၄ လုံးႀကဲခ်ခဲ့တဲ့အတြက္ ေဒသခံေတြ ေသဆုံးထိခိုက္ခဲ့တဲ့အျပင္ အေဆာက္အဦး ၅ လုံးလည္း ထိခိုက္ ပ်က္စီးသြားတယ္လို႔ KNU သတင္းနဲ႔ ျပန္ၾကားေရးဌာနကလည္း သတင္းထုတ္ျပန္ထားပါတယ္။ အခုလို KNU တပ္မဟာ (၅) ထိမ္းခ်ဳပ္ရာနယ္ေျမထဲကို စစ္ေကာင္စီဘက္က ေလယာဥ္နဲ႔ ဗုံးႀကဲတိုက္ခိုက္တာ အခုဇန္နဝါရီလထဲမွာ ၃ ႀကိမ္ရွိသြားၿပီလို႔လည္း KNU ကေျပာပါတယ္။

ဇန္နဝါရီလ ၁၂ ရက္ဗုံးႀကဲတိုက္ခိုက္မူမွာ ေဆး႐ုံအေဆာက္အဦး ထိခိုက္ပ်က္စီးခဲ့ေပမဲ့ အေသအေပ်ာက္ေတာ့ မရွိခဲ့ပါဘူး။

KNU က ၂၀၂၁ ခုႏွစ္အတြက္တိုက္ပြဲ ႏွစ္ခ်ဳပ္ထုတ္ျပန္ထားတာမွာေတာ့ စစ္ေကာင္စီတပ္ေတြနဲ႔ KNU တပ္ေတြၾကား ၿပီးခဲ့တဲ့ တႏွစ္လုံး တိုက္ပြဲေပါင္း ၃,၀၀၀ ေက်ာ္ ျဖစ္ပြားခဲ့ၿပီး ဒီထဲမွာ တပ္မဟာ (၅) နယ္ေျမမွာ အမ်ားဆုံးျဖစ္ခဲ့တာလို႔ ေျပာထားပါတယ္။

ျမန္မာအစိုးရနဲ႔ ေကအန္ယူၾကား ၂၀၁၂ ခုႏွစ္မွာ အပစ္ခတ္ရပ္စဲေရး လက္မွတ္ေရးထိုးခဲ့ၿပီး ၂၀၁၅ ခုႏွစ္မွာ တႏိုင္ငံလုံးပစ္ခတ္တိုက္ခတ္မူ ရပ္စဲေရးသေဘာတူစာခ်ဳပ္ NCA ကို KNU က လက္မွတ္ေရးထိုးခဲ့ပါတယ္။ ဒါေပမဲ့လည္း အစိုးရတပ္နဲ႔ KNU ၾကား တိုက္ပြဲေတြ မၾကာခဏျဖစ္ပြားခဲ့ပါတယ္။

စစ္ေကာင္စီက အာဏာသိမ္းလိုက္တဲ့ ေဖေဖၚဝါရီ ၁ ရက္ေန႔ေနာက္ပိုင္းမွာေတာ့ ေကအန္ယူတပ္မဟာ ၇ ခုရွိတဲ့အနက္ တပ္မဟာ ၆ ခုမွာ တိုက္ပြဲေတြျဖစ္ခဲ့တယ္လို ေကအန္ယူရဲ႕ ႏွစ္ခ်ဳပ္အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

KNU ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၅ ထိန်းချုပ်ရာ ဖာပွန်ခရိုင် (မူတြော်) ခရိုင် ထဲက ရွှေညောင်ပင်ကျေးရွာပေါ်ကို စစ်ကောင်စီတပ်တွေက လေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်တာကြောင့် ရွာသား ၁ ယောက်သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဖာပွန်ခရိုင် ဘက်ကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်နေတာ နှစ်ရက်ဆက်တိုက်ရှိနေပြီဖြစ်တဲ့ အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

KNU ရဲ့ တပ်မဟာ ၅ ထိန်းချုပ်ရာ ဖာပွန်ခရိုင် (မူတြော်) ဒွယ်လိုးမြို့နယ် ဝေါ်မူကျေးရွာအုပ်စုထဲက ရွှေညောင်ပင်ကျေးရွာပေါ်ကို ဒီနေ့ ဇန်နဝါရီလ ၁၃ ရက် မနက်အစော ၁ နာရီကျော်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ တပ်မဟာ ၃ နဲ့ ကပ်နေတဲ့နေရာပေါ် တိုက်ခိုက်မှုအတွင်း ဒေသခံ ၁ ဦး သေဆုံးကာ ၃ ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ KNU နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီးကပြောပါတယ်။ စစ်တပ်ဘက် က တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်နေတာ နှစ်ရက်ရှိပြီလို့ လည်း သူကပြောပါတယ်။

“သတင်းအရကတော့ နှစ်ရက်ဆက်တိုက်လို့ ပြောလို့ ရတယ်။ ဒီမနက် ဒွယ်လိုးမြိုနယ် ရွှေညောင်ပင်ဆိုတဲ့နေရာ တပ်မဟာ ၃ နယ်စပ် အစပ်မှာဖြစ်တယ်။ တပ်မဟာ ၅ ထဲမှာပဲ တပ်မဟာ ၃ နဲ့တော့ အတော်ကပ်နေပြီ။ ရွာသားတဦးသေတယ်၊ ၃ ဦး ဒဏ်ရာရတယ်။အတော်များများပြောတာတော့ ဖိုက်တာလေယာဉ်လို့ ပြောတယ်။”

စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နေရာဟာ အရပ်သား ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေ ရှိတဲ့နေရာဖြစ်တာမို့ စစ်ကောင်စီဘက်က အရပ်သားပြည်သူတွေကို ပစ်မှတ် ထား တိုက်ခိုက်နေတာလို့ KNU ကပြောပါတယ်။ စစ်လေယာဉ် ၂ စင်းနဲ့ ဗုံး ၄ လုံးကြဲချခဲ့တဲ့အတွက် ဒေသခံတွေ သေဆုံးထိခိုက်ခဲ့တဲ့အပြင် အဆောက်အဦး ၅ လုံးလည်း ထိခိုက် ပျက်စီးသွားတယ်လို့ KNU သတင်းနဲ့ ပြန်ကြားရေးဌာနကလည်း သတင်းထုတ်ပြန်ထားပါတယ်။ အခုလို KNU တပ်မဟာ (၅) ထိမ်းချုပ်ရာနယ်မြေထဲကို စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ အခုဇန်နဝါရီလထဲမှာ ၃ ကြိမ်ရှိသွားပြီလို့လည်း KNU ကပြောပါတယ်။

ဇန်နဝါရီလ ၁၂ ရက်ဗုံးကြဲတိုက်ခိုက်မူမှာ ဆေးရုံအဆောက်အဦး ထိခိုက်ပျက်စီးခဲ့ပေမဲ့ အသေအပျောက်တော့ မရှိခဲ့ပါဘူး။

KNU က ၂၀၂၁ ခုနှစ်အတွက်တိုက်ပွဲ နှစ်ချုပ်ထုတ်ပြန်ထားတာမှာတော့ စစ်ကောင်စီတပ်တွေနဲ့ KNU တပ်တွေကြား ပြီးခဲ့တဲ့ တနှစ်လုံး တိုက်ပွဲပေါင်း ၃,၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ဒီထဲမှာ တပ်မဟာ (၅) နယ်မြေမှာ အများဆုံးဖြစ်ခဲ့တာလို့ ပြောထားပါတယ်။

မြန်မာအစိုးရနဲ့ ကေအန်ယူကြား ၂၀၁၂ ခုနှစ်မှာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မူ ရပ်စဲရေးသဘောတူစာချုပ် NCA ကို KNU က လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါပေမဲ့လည်း အစိုးရတပ်နဲ့ KNU ကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီက အာဏာသိမ်းလိုက်တဲ့ ဖေဖေါ်ဝါရီ ၁ ရက်နေ့နောက်ပိုင်းမှာတော့ ကေအန်ယူတပ်မဟာ ၇ ခုရှိတဲ့အနက် တပ်မဟာ ၆ ခုမှာ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို ကေအန်ယူရဲ့ နှစ်ချုပ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #KNU #voaburmese #စစ်အာဏာသိမ်းမှု #ကေအန်ယူ #ဗွီအိုအေမြန်မာပိုင်း

===============

XS
SM
MD
LG