သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖဒိုမန်းရှာ လုပ်ကြံခံရမှု နှစ်ပတ်လည်ကျင်းပ


KNU ကရင်အမျိုးသားအစည်းအရုံး အထွေထွေ အတွင်းရေးမှူးဟောင်း ဖြစ်တဲ့ ဖဒိုမန်းရှာလားဖန်း (Phan Foundation)
KNU ကရင်အမျိုးသားအစည်းအရုံး အထွေထွေ အတွင်းရေးမှူးဟောင်း ဖြစ်တဲ့ ဖဒိုမန်းရှာလားဖန်း (Phan Foundation)

KNU ကရင်အမျိုးသားအစည်းအရုံး အထွေထွေ အတွင်းရေးမှူးဟောင်း ဖြစ်တဲ့ ဖဒိုမန်းရှာလားဖန်း ကျဆုံးခြင်း ၁၁ နှစ် ပြည့် အောက်မေ့ဖွယ်နေ့ကို သူ့မွေးရပ်ဇာတိ ဖြစ်တဲ့ ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်၊ တောကျောင်းကျေးရွာမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ အာဏာပိုင်တွေဘက်က လာရောက်ေ စာင့်ကြည့်တာမျိုးရှိပေမဲ့ တားဆီးဟန့်တားတာမျိုးအထိတော့ မရှိခဲ့ပါဘူး။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့၊ ညနေ ၄ နာရီခွဲ အချိန်လောက်မှာ အမည်မသိ သေနတ်သမားနှစ်ဦးရဲ့ လုပ်ကြံပစ်ခတ်မှုကြောင့် သူနေထိုင်ရာ ထိုင်းနိုင်ငံ မဲဆောက်မြို့၊ နေအိမ်မှာ ကေအန်ယူ အထွေထွေအတွင်းရေးမှူးဟောင်း ဖဒိုမန်းရှာ လာဖန်း ကွယ်လွန်ခဲ့တာ အခုဆိုရင် ၁၁ နှစ် ပြည်သွားခဲ့ပြီ။ သူကွယ်လွန်ခြင်း နှစ်ပတ်လည်နေ့ ကို သူရဲ့ဇာတိ ပန်းတနော်မြို့နယ်၊ တောကျောင်းကျေးရွာမှာ ဒီကနေ့ ကျင်းပတာမှာ အာဏာပိုင်တွေဘက်က စောင့်ကြည့်တာတွေ ရှိခဲ့တယ်လို့ ဖဒိုမန်းရှာရဲ့ အစ်ကိုဖြစ်သူ မန်းတင်ရွှေက ပြောပါတယ်။

“ပန်းခွေလာချတယ် အလေးပြုတယ် သူ့ အထုပတ္တိ ကို ပန်းခွေချတဲ့နေရာမှာ ဖတ်ကြတယ်။ သက်ဆက်ရာ ပန်းတနော်က SB တယောက် ၂ယောက်ကတော့ ဆိုင်တခုရှေ့ ကနေ လာကြည့်နေတယ် ပတ်ဝန်းကျင်ကို မေးလိုက်တော့ ဘယ်သူကိုမှ တားဆီးတာတော့မရှိဘူး။”

ဖဒိုမန်းရှာလာဖန်းဟာ ကေအန်ယူအတွင်း သြဇာကြီးတဲ့ ခေါင်းဆောင်တဦးဖြစ်သလို တက္ကသိုလ် ကျောင်းသား နိုင်ငံရေးသမားလည်းဖြစ်ခဲ့ပါတယ်။ သူ့ကို ကရင်လူထုကြားမှာ လေးစားချစ်ခင်မူ ရှိကြသလို သူကျဆုံးမူအတွက် ကြီးမားတဲ့ဆုံးရှုံးမူအဖြစ်ကရင် လူထုေတွေက ယူဆကြပါတယ်။ သူ့ကိုလုပ်ကြံသူ ရဲကားကို မဲဆောက်ရဲစခန်းမှာ ဖမ်းဆီးနိုင်ခဲ့ပေမဲ့ အခုထိ သူကို လုပ်ကြံသတ်ဖြတ်သူ ဘယ်သူဆိုတာကို အခုထိ တိတိကျကျ ဖော်ထုတ်နိုင်တာတော့ မရှိသေးပါဘူး။ အစ်ကိုဖြစ်သူ ဦးမန်းတင်ရွှေကတော့ ဖဒိုမန်းရှာ လုပ်ကြံသတ်ဖြတ်မူနဲ့ ပတ်သက်လို့ အခုလိုပြောပါတယ်။

“သူလုပ်ကြံခံရတဲ့ အဓိကအချက်က တော့ စစ်အစိုးရညွန်ကြားချက်နဲ့ အမျိုးသားသစ္စာဖောက်တွေက လုပ်ကြံကြတယ်လို့ကျနော်ထင်တယ်”

ဖဒိုမန်းရှာဟာ ကွယ်လွန်ချိန်မှာ KNU အထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင်နေပြီး အသက် ၆၃ နှစ်ရှိပါပြီ။ သူလုပ်ကြံခံရတဲ့ နှစ်ပတ်လည်နေ့ ရောက်တိုင်းမှာ အထိမ်းအမှတ် အခမ်းအနားတွေကို ထိုင်း- မြန်မာနယ်စပ်က ကရင်လက်နက်ကိုင်တွေ ထိန်းချုပ်ရာနေရာမှာ ကျင်းပကြသလို၊ မိသားစုဆွေမျိုးတွေ၊ သူ့ကိုချစ်ခင်သူတွေကလည်း သူဇာတိမြို့မှာ ကျင်းပခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG