သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

က်ဳိက္ထိုၿမိဳ႕နယ္မွာ တိုက္ပဲြေတြေၾကာင့္ ေဒသခံေထာင္ခ်ီတိမ္းေရွာင္


စစ္ေရွာင္ဒုကၡသည္မ်ား KNU

မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႔နယ္ အတြင္းက ေက်းရြာ ၂ရြာကို စစ္ေကာင္စီတပ္ေတြက လက္နက္ႀကီးနဲ႔ ပစ္ခတ္တာေႀကာင့္ ရြာထဲက အိမ္ေျခတခ်ိဳ႔ ပ်က္စီးသြားျပီး လူ ၄၀၀၀ ေက်ာ္ ထြက္ေျပးတိမ္းေရွာင္ေနၾကရတယ္လို႔ KNU က သတင္းထုတ္ျပန္ပါတယ္။  ဒီသတင္းကုိ ဗြီအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ႔ ထားပါတယ္။

က်ဳိက္ထိုၿမိဳ႕နယ္မွာ တိုက္ပဲြေတြေၾကာင့္ ေဒသခံေထာင္ခ်ီတိမ္းေရွာင္

{{Zawgyi/Unicode}}
မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႔နယ္ အတြင္းက ေက်းရြာ ၂ရြာကို စစ္ေကာင္စီတပ္ေတြက လက္နက္ႀကီးနဲ႔ ပစ္ခတ္တာေႀကာင့္ ရြာထဲက အိမ္ေျခတခ်ိဳ႔ ပ်က္စီးသြားျပီး လူ ၄၀၀၀ ေက်ာ္ ထြက္ေျပးတိမ္းေရွာင္ေနၾကရတယ္လို႔ ကရင္အမ်ိဳးသားအစည္းအရံုး KNU က သတင္းထုတ္ျပန္ပါတယ္။ KNU တပ္မဟာ ၁ ထိမ္းခ်ဳပ္ရာေဒသမွာ စစ္တပ္ အာဏာသိမ္းျပီး ကတည္းက ေဒသခံေတြ ေသာင္းနဲ႔ခ်ီျပီး စစ္ေဘးေရွာင္ေနရသလို ဒီရက္ပိုင္းမွာလည္းလူ ၄၀၀၀ ေက်ာ္ ထြက္ေျပး တိမ္းေရွာင္ေနၾကရတယ္လို႔ဆုိပါတယ္ ။ ဒီသတင္းကုိ ဗြီအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ႔ ထားပါတယ္။

စစ္ေကာင္စီတပ္ေတြျဖစ္ၾကတဲ့ မြန္ျပည္နယ္ သိမ္ဇရပ္ အေျခစိုက္ အမတ−၃၁၀ က ဒီဇင္ဘာလ၂ရက္ေန႔ဟာ ေက်ာက္ဖ်ာႀကီးရြာကို လက္နက္ႀကီး ၇ လုံးေလာက္ ပစ္ခတ္ခဲ့ျပီး ဒီဇင္ဘာလ ၃ရက္ေန႔ ကေတာ့ ဇီးေျပာင္းေက်း႐ြာအတြင္း လက္နက္ႀကီး ၉လံုးေလာက္ ပစ္ခတ္ခဲ့တယ္လို႔ ကရင္အမ်ိဳးသားအစည္းအရံုး KNU က သတင္းထုတ္ ျပန္ပါတယ္ ။

ပစ္ခတ္တာေတြေႀကာင့္ က်ိဳက္ထုိဘက္က ေဒသခံ ၄ေထာင္ေက်ာ္ ထြက္ေျပးေနရတယ္လို႔ စစ္ေဘးေရွာင္ေတြကို အကူညီေပးေနသူတဦး က ေျပာပါတယ္။

" အဲဒီထဲမွာ စစ္ေရွာင္အေတာ္မ်ားတယ္၊ က်ိဳက္ထုိဘက္မွာေပါ့ ၊ မ်ားတာေတာ့အေတာ္မ်ားတယ္၊ က်ေနာ္တို႔ဘက္ကေန ဆန္ေတြတင္ပို႔ေနရတာ ရွိတယ္ ၊ ေဒသခံေတြထြက္ေပးရတာ၊ ေထာင္နဲ႔ခ်ီရွိတယ္၊ လတ္တေလာက္ေတာ့ ၄၀၀၀ ေက်ာ္ ၅၀၀၀ နီးပါးထိရွိတယ္"

ေဒသခံေတြကေတာ့ လက္နက္ႀကီးနဲ႔ ပစ္ခတ္တာ နဲ႔ ေလေႀကာင္းကေန မၾကာခဏ ဗံုးႀကဲတိုက္ခို္က္တာေၾကာင့္ပါ စုိးရိမ္ထိ္တ္လန္႔ ေနျပီး ေနအိမ္ေတြမွာ မေနရဲႀကဘူးလို႔လည္းဆိုပါတယ္။

" ေလယာဥ္ေႀကာင့္ပါ၊ ေလယာဥ္ကို အရမ္းေႀကာက္လို႔ပါ။ တေလာတုန္းကလည္း တပ္မဟာ ၁ ဌာနခ်ဳပ္ကို ပစ္သြားလို႔ပါ ။ မေန႔ကလည္း သိမ္ဇရပ္ ကို ဂ်က္ဖိုက္တာ ၂ စီး၀င္ ပစ္ပါတယ္"

ေက်ာက္ဖ်ာရြာနဲ႔ ဇီးေျပာင္းရြာမွာေတာ့ လက္နက္ႀကီးေတြထိမွန္ျပီး အိမ္ေတြ အေတာ္ပ်က္ဆီးသြားသလို လက္နက္ႀကီး က်ေရာက္ျပီးတဲ့ေနာက္ တရြာလံုး ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ ခဲ့ရတယ္လို႔လည္းဆုိပါတယ္။

ဒီဇင္ဘာလ ၃ ရက္ေန႔ကေတာ့ ပ်ဥ္းကတိုးကုန္းေက်း႐ြာ ထဲ စစ္တပ္က အင္အား၂၀၀ေလာက္ နဲ႔ ထိုးစစ္ဆင္လာတဲ့အတြက္ အဲဒီရြာသားေတြလည္းထြက္ေျပးေနရပါတယ္ ။ KNU တပ္မဟာ ၇ ခုထဲက ၆ခုမွာေတာ့ တုိက္ပဲြေတြရွိေနတာပါ ။ တပ္မဟာ ၁ ၊ ၃၊ ၅ ၊ ၆ စတဲ တပ္မဟာ ၄ ခုမွာေတာ့ တိုက္ပဲြေတြ ျပင္းထန္ေနပါတယ္ ။

အခုဆိုရင္ စစ္ေကာင္စီဘက္က လက္နက္ႀကီးနဲ႔ ပစ္ခတ္တာ ေလေႀကာင္းကေန ဗံုးႀကဲတုိက္ခိုက္တာေႀကာင့္ စစ္ေဘးေရွာင္ေတြ ၂သိန္းေက်ာ္ထိရွိလာပါတယ္။ တပ္မဟာ ၆ နယ္ေျမ ၊ ဘုရားသံုးဆူေဒသမွာလည္း တလအတြင္း ၄ႀကိမ္ေလာက္ ဗံုးႀကဲတိုက္ခိုက္ေနသလို ေကာ့ကရိတ္၊ ျမ၀တီ၊ ေ၀ါေလ စတဲ့ ေနရာေတြမွာေတာ့ လက္နက္ႀကီးနဲ႔ ပစ္ခတ္မူေတြ ႏွစ္ဘက္တိုက္ပဲြေတြ ေလေႀကာင္းကေန ဗံုးႀကဲတိုက္ခိုက္တေတြ ရွိေနတဲ့အတြက္ စစ္ေဘးေရွာင္ေတြဟာ တႏွစ္နီးပါးႀကာတဲ့အထိ ေသာင္ရင္းျမစ္အနီးမွာ ေနထုိင္ေနၾကရပါတယ္။

တိုက္႐ိုက္ လင့္ခ္

ကျိုက်ထိုမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ဒေသခံထောင်ချီတိမ်းရှောင်

{{Zawgyi/Unicode}}
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အတွင်းက ကျေးရွာ ၂ရွာကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ရွာထဲက အိမ်ခြေတချို့ ပျက်စီးသွားပြီး လူ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ပြန်ပါတယ်။ KNU တပ်မဟာ ၁ ထိမ်းချုပ်ရာဒေသမှာ စစ်တပ် အာဏာသိမ်းပြီး ကတည်းက ဒေသခံတွေ သောင်းနဲ့ချီပြီး စစ်ဘေးရှောင်နေရသလို ဒီရက်ပိုင်းမှာလည်းလူ ၄၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။

စစ်ကောင်စီတပ်တွေဖြစ်ကြတဲ့ မွန်ပြည်နယ် သိမ်ဇရပ် အခြေစိုက် အမတ−၃၁၀ က ဒီဇင်ဘာလ၂ရက်နေ့ဟာ ကျောက်ဖျာကြီးရွာကို လက်နက်ကြီး ၇ လုံးလောက် ပစ်ခတ်ခဲ့ပြီး ဒီဇင်ဘာလ ၃ရက်နေ့ ကတော့ ဇီးပြောင်းကျေးရွာအတွင်း လက်နက်ကြီး ၉လုံးလောက် ပစ်ခတ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ် ပြန်ပါတယ် ။

ပစ်ခတ်တာတွေကြောင့် ကျိုက်ထိုဘက်က ဒေသခံ ၄ထောင်ကျော် ထွက်ပြေးနေရတယ်လို့ စစ်ဘေးရှောင်တွေကို အကူညီပေးနေသူတဦး က ပြောပါတယ်။

" အဲဒီထဲမှာ စစ်ရှောင်အတော်များတယ်၊ ကျိုက်ထိုဘက်မှာပေါ့ ၊ များတာတော့အတော်များတယ်၊ ကျနော်တို့ဘက်ကနေ ဆန်တွေတင်ပို့နေရတာ ရှိတယ် ၊ ဒေသခံတွေထွက်ပေးရတာ၊ ထောင်နဲ့ချီရှိတယ်၊ လတ်တလောက်တော့ ၄၀၀၀ ကျော် ၅၀၀၀ နီးပါးထိရှိတယ်"

ဒေသခံတွေကတော့ လက်နက်ကြီးနဲ့ ပစ်ခတ်တာ နဲ့ လေကြောင်းကနေ မကြာခဏ ဗုံးကြဲတိုက်ခိုက်တာကြောင့်ပါ စိုးရိမ်ထိတ်လန့် နေပြီး နေအိမ်တွေမှာ မနေရဲကြဘူးလို့လည်းဆိုပါတယ်။

" လေယာဉ်ကြောင့်ပါ၊ လေယာဉ်ကို အရမ်းကြောက်လို့ပါ။ တလောတုန်းကလည်း တပ်မဟာ ၁ ဌာနချုပ်ကို ပစ်သွားလို့ပါ ။ မနေ့ကလည်း သိမ်ဇရပ် ကို ဂျက်ဖိုက်တာ ၂ စီးဝင် ပစ်ပါတယ်"

ကျောက်ဖျာရွာနဲ့ ဇီးပြောင်းရွာမှာတော့ လက်နက်ကြီးတွေထိမှန်ပြီး အိမ်တွေ အတော်ပျက်ဆီးသွားသလို လက်နက်ကြီး ကျရောက်ပြီးတဲ့နောက် တရွာလုံး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် ခဲ့ရတယ်လို့လည်းဆိုပါတယ်။

ဒီဇင်ဘာလ ၃ ရက်နေ့ကတော့ ပျဉ်းကတိုးကုန်းကျေးရွာ ထဲ စစ်တပ်က အင်အား၂၀၀လောက် နဲ့ ထိုးစစ်ဆင်လာတဲ့အတွက် အဲဒီရွာသားတွေလည်းထွက်ပြေးနေရပါတယ် ။ KNU တပ်မဟာ ၇ ခုထဲက ၆ခုမှာတော့ တိုက်ပွဲတွေရှိနေတာပါ ။ တပ်မဟာ ၁ ၊ ၃၊ ၅ ၊ ၆ စတဲ တပ်မဟာ ၄ ခုမှာတော့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ် ။

အခုဆိုရင် စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ဘေးရှောင်တွေ ၂သိန်းကျော်ထိရှိလာပါတယ်။ တပ်မဟာ ၆ နယ်မြေ ၊ ဘုရားသုံးဆူဒေသမှာလည်း တလအတွင်း ၄ကြိမ်လောက် ဗုံးကြဲတိုက်ခိုက်နေသလို ကော့ကရိတ်၊ မြဝတီ၊ ဝေါလေ စတဲ့ နေရာတွေမှာတော့ လက်နက်ကြီးနဲ့ ပစ်ခတ်မူတွေ နှစ်ဘက်တိုက်ပွဲတွေ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တတွေ ရှိနေတဲ့အတွက် စစ်ဘေးရှောင်တွေဟာ တနှစ်နီးပါးကြာတဲ့အထိ သောင်ရင်းမြစ်အနီးမှာ နေထိုင်နေကြရပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG